နဝရတ် (ရုပ်ရှင်သရုပ်ဆောင်)

နဝရတ် (၆ စက်တင်ဘာ ၁၉၇၇ မွေးဖွား) သည် မြန်မာ အမျိုးသမီး သရုပ်ဆောင်တစ်ဦး ဖြစ်သည်။

နဝရတ်
မွေးဖွားစံပယ်ကိုကို
(1977-09-06) စက်တင်ဘာ ၆၊ ၁၉၇၇ (အသက် ၄၆)
ရန်ကုန်မြို့
နိုင်ငံလူမျိုးမြန်မာ
မိခင်ကျောင်းရန်ကုန်တက္ကသိုလ်
အလုပ်အကိုင်ရုပ်ရှင်သရုပ်ဆောင်
မိဘ(များ)ဦးကိုကို + ဒေါ်အေးမြစိမ်း (ရုပ်ရှင်သရုပ်ဆောင်)

ငယ်ဘဝ ပြင်ဆင်ရန်

၁၉၇၇−ခုနှစ်၊ စက်တင်ဘာလ (၆)ရက်နေ့တွင် အဖ ဦးကိုကိုနှင့် အမိ ဒေါ်အေးမြစိမ်း(ရုပ်ရှင်သရုပ်ဆောင်)တို့မှ ရန်ကုန်မြို့တွင် မွေးဖွားသည်။ အမည်ရင်းမှာ စံပယ်ကိုကို ဖြစ်သည်။

ငယ်စဉ်က ဖခင်၏ အမှုထမ်းရာနေရာစုံ ပြောင်းရွေ့နေထိုင်ခဲ့ရသဖြင့် ကျောင်းပေါင်းစုံ ပြောင်းတက်ခဲ့ရသည်။ ကျောက်တံတား အ.မ.က(၆)နှင့် မင်္ဂလာတောင်ညွန့် ကျောင်းတို့မှာလည်း တက်ရောက်ခဲ့ရဘူးသည်။ ပညာရေးကို စိတ်မဝင်စားသဖြင့် မိခင်က ကျောင်းထုတ်လိုက်ကာ နိုင်ငံခြားသို့ ပို့ရန်စီစဉ်သည်။ နိုင်ငံခြားသို့ မသွားချင်ဟုဆိုသဖြင့် ရုပ်ရှင်ရိုက်သည့်ဘက်ကို သဘောတူလိုက်ရသည်။ ၂၀၀၀-ပြည့်နှစ်တွင် မိခင်၏ တိုက်တွန်းမှုကြောင့် ဦးကျော်ဟိန်းနှင့် ရုပ်ရှင် စတင်ရိုက်ဖြစ်ခဲ့သည်။ နဝရတ် အမည်ကို ဝေပုလ္လဆရာတော်က ပေးလိုက်ပြီး ရုပ်ရှင်လောကတွင် ကျော်ဟိန်းတင်သည့် မင်းသမီးဟု နာမည်စကြီးခဲ့သူဖြစ်သည်။ ရုပ်ရှင်သရုပ်ဆောင် ပြည့်ဖူးခိုင်နှင့် မုန်းတို့သည် ၎င်း၏ ညီအစ်မများ ဖြစ်ကြသည်။

ကိုးကား ပြင်ဆင်ရန်

  1. မောင်ယဉ်ကျော်၊ ထင်ပေါ်ကျော်ကြား အနုပညာရှင်များ၏ ရုပ်ရှင်ဒိုင်ယာရီ