နိက္ခေပကဏ္ဍ
အကျယ်ဆုံးနည်းကို ဖယ်ရှားလျက်-အကျဉ်းနည်း၌ အကျယ်နည်းကို ထည့်သွင်းလျက်–အကျဉ်းမကျယ်နည်းကို-ဟောကြားရာ–အပိုင်း-အခန်း၊ နိက္ခေပကဏ္ဍ[၁]ဟူသည် ဓမ္မသင်္ဂဏီပါဠိတော်လာ ၄- ကဏ္ဍရှိသည့်အနက် ၃-ခုမြောက် ကဏ္ဍဖြစ်သည်။ [၂]
ဓမ္မသင်္ဂဏီကျမ်း မာတိကာခေါင်းစဉ်ကား တိက် ၂၂-နှင့် ဒုက် ၁၄၂-တည်း။ ယင်း တိက်, ဒုက်တို့တွင် ဘုရားရှင်သည် စိတ္တုပ္ပါဒကဏ္ဍ, ရူပကဏ္ဍ-တို့ဖြင့် ကုသလတိက် တစ်တိက်ကိုသာ အကျယ်ပြတော်မူ၏၊ ကျန်တိက်, ဒုက်တို့ကို အကျယ်ပြတော်မမူ၊ သို့ဖြစ်သော်လည်း အကျယ်ပြလိုသော် ကုသလတိက်ကဲ့သို့ စိတ္တုပ္ပါဒကဏ္ဍ, ရူပကဏ္ဍ-တို့ဖြင့် ပြရမည်ဖြစ်၏၊ ယင်းသို့ အကျယ်ပြရမည့် ဝိတ္ထာရဒေသနာကို စွန့်၍ မကျဉ်း မကျယ် အလယ်အလတ်အားဖြင့် တိက်, ဒုက်တို့ကို ဖွင့်ပြတော်မူလိုသော ဘုရားရှင်သည် နိက္ခေပကဏ္ဍကို ဆက်လက်၍ ဟောတော်မူသည်။
ယင်း နိက္ခေပကဏ္ဍသည် တိက်, ဒုက် အားလုံးကို ပြည့်စုံစွာဖွင့်ပြ ဟောဆိုသည့် ကဏ္ဍဖြစ်သည်။ ရှင်းရှင်းဆိုရသော် နိက္ခေပကဏ္ဍသည် တိက်, ဒုက် အလုံးစုံကို မူလ, ခန္ဓာ, ဒွါရ, ဘုံ, အတ္ထ, ဓမ္မ, နာမ, လိင်အားဖြင့် အကျဉ်းချုံးပြသော ကဏ္ဍဟုဆိုနိုင်ပေသည်။ နိက္ခေပကဏ္ဍသည် အောက်စိတ္တုပ္ပါဒကို ထောက်စာလျှင် ဒေသနာကျဉ်းဖြစ်၍ အထက်အဋ္ဌကထာကဏ္ဍကို ထောက်စာလျှင် ဒေသနာအကျယ် ဖြစ်သည်။ [၃]
နိက္ခေပကဏ္ဍသည် သင်ရိုးသင်စဉ်အားဖြင့် ၃-ဘာဏဝါရခန့်ရှိသည်။ အကျယ်ချဲ့လျှင်ကား အဆုံးမရှိ ကျယ်ဝန်းသည်။ တိက်၂၂, အဘိဓမ္မာဒုက် ၁၀၀, သုတ္တန္တိကဒုက် ၄၂-တို့ကို ဤနိက္ခေပကဏ္ဍ၌သာလျှင် အကျယ်ဝေဖန်နည်းကို ရနိုင်၍ အခြားစိတ္တုပ္ပါဒကဏ္ဍ အဋ္ဌကထာကဏ္ဍတို့၌ သုတ္တန္တိကဒုက် ၄၂-တို့ကို အကျယ်ဝေဖန်နည်း မရနိုင်။ နိက္ခေပကဏ္ဍ၏ အမည်ရင်းမှာ နိက္ခေပရာသိ ဖြစ်သည်။ [၄][၅]
ကိုးကား
ပြင်ဆင်ရန်- ↑ နိက္ခေပကဏ္ဍ (ပု၊ န) [နိက္ခေပ + ကဏ္ဍ] နိက္ခေပကဏ္ဍ၊
- ↑ အဘိ၊ဓ၊၂၀၅၊ ၂၆၅။
- ↑ အဘိ၊ဋ္ဌ၊၁၊၃၇၉။
- ↑ အဘိ၊ဋ္ဌ၊၁၊၇။ တံ ဝိတ္ထာရဒေသနံ နိက္ခိပိတွာ အညေန နာတိသင်္ခေပနာတိဝိတ္ထာရနယေန သဗ္ဗတိကဒုကဓမ္မဝိဘာဂံ ဒဿေတုံ “ကတမေ ဓမ္မာ ကုသလာ” တိ နိက္ခေပကဏ္ဍံ အာရဒ္ဓံ။ အဘိ၊ဋ္ဌ၊၁၊၃၇၉။ (အဘိ၊ဋ္ဌ၊၂၊၆။ နေတ္တိ၊ဋ္ဌ၊၂၀။ ဝိမတိ၊၁၊၂၃။ ဒီ၊ဋီ၊၁၊၁၁၅။ သီ၊ဋီ၊သစ်၊၁၊၁၃၄၊ ၃၂၇။ ဒီ၊ဋီ၊၂၊၂၅၅။ မူလဋီ၊၁၊၄၆၊ ၅၅၊ ၁၅၉။ အနုဋီ၊၁၊၁၄၇၊ ၁၇၂။ အနုဋီ၊၃၊၁၀၅။)
- ↑ တိပိဋကအဘိဓာန် အတွဲ-၁၂