နိုက်ခီ အဲဖို့စ်
နိုက်ခီ အဲဖို့စ် (အင်္ဂလိပ်: Nike Air Force) သည် နိုက်ခီမှ ထုတ်လုပ်သော အားကစားဖိနပ်အမျိုးအစားများထဲမှ တစ်မျိုးဖြစ်သည်။ ဒီဇိုင်နာ Bruce Kilgore[၁] ၏ ဖန်တီးမှုဖြစ်ပြီး နိုက်ခီ၏ "Air (လေအိတ်)" နည်းပညာကို ပထမဦးဆုံး ထည့်သွင်းအသုံးပြုထားသော ဘတ်စကက်ဘောဖိနပ်လည်းဖြစ်သည်။[၂] ဖိနပ်ကို စတင်ဖန်တီးခဲ့ချိန်မှ ယနေ့ထိ လည်တို၊ လည်စက၊ လည်ရှည် ဟူ၍ ပုံစံ သုံးမျိုးဖြင့် ထုတ်လုပ်ရောင်းချလျှက်ရှိသည်။
လည်တို-အနိမ့်ပုံစံဖြင့် နိုက်ခီ အဲဖို့စ် ဝမ်း တစ်ရံ | |
Inventor | နိုက်ခီ |
---|---|
Launch year | ၁၉၈၂ |
Company | နိုက်ခီ |
nike.com/air-force-1 |
ဖော်ပြချက်
ပြင်ဆင်ရန်ဖိနပ်များကို လည်တို၊ လည်စက၊ လည်ရှည် ဟူ၍ ပုံစံ ၃ မျိုးဖြင့် ထုတ်လုပ်ရောင်းချသည်။ လည်စက ပုံစံတွင် ချိတ်ဆက်မှုပြုလုပ်နိုင်ရန် သိုင်းကြိုးပါရှိသည်။ လည်ရှည်ပုံစံ အဲဖို့စ် ဝမ်း ဖိနပ်များတွင် ဗယ်ခရို ကပ်ခွာ သိုင်းကြိုးပါရှိသည်။ လည်စကပုံစံ ဖိနပ်များ၏ သိုင်းကြိုးသည် ခြေထောက်တွင် မြဲမြံစေရန်အတွက်ဖြစ်သည်။ အချို့သော မူကွဲပုံစံ အဲဖို့စ် ဝမ်း လည်ရှည်ဖိနပ်များတွင်မူ သိုင်းကြိုးများကို ရွေ့နိုင်၊ ဖယ်ရှားနိုင်သည်။ ဖိနပ်များအား အရောင်အသွေး မျိုးစုံဖြင့် ထုတ်လုပ်သော်လည်း၊ လူကြိုက်အများဆုံးနှင့် အရောင်းရဆုံးအရောင်မှာ အဖြူဖြစ်ပြီး၊ ဒုတိယမှာ အနက်ဖြစ်သည်။[၃] အဲဖို့စ် ဝမ်း ဖိနပ်၏ နောက်ထပ်ထူးခြားချက်မှာ ဖိနပ်ကြိုးတွင် သတ္တုဖြင့်ပြုလုပ်ထားသည့် တံဆိပ်ပြား အသေးလေးတစ်ခုပါရှိပြီး ၎င်းတံဆိပ်၏ဘေးအစွန်နှစ်ဖက်စလုံးတွင် အပေါက်များပါသောကြောင့် ၎င်းကို ဖိနပ်ကြိုးပေါ်တွင် တွန်းရွှေ့ခြင်း၊ ဖယ်ရှားခြင်းပြုလုပ်နိုင်သည်။[၄] အဆိုပါသတ္တုတံဆိပ်ပြားပေါ်တွင် "AF-1" နှင့် ၎င်း၏ဘေးတွင် ကပ်၍ '82' ဟူ၍ စာသားများ ရေးထိုးထားသည်။
ဖိနပ် မော်ဒယ်များ
ပြင်ဆင်ရန်Air Force 1
ပြင်ဆင်ရန်Air Force 1 ဖိနပ်အား Bruce Kilgore မှ ၁၉၈၂ ခုနှစ်တွင် ဒီဇိုင်းထုတ်ခဲ့သည်။[၅] ဖိနပ်၏အမည်မှာ အမေရိကန် သမ္မတ၏ အဆောင်အယောင် စီးတော်ယာဉ် အဲဖို့စ် ဝမ်း လေယာဉ်အား ရည်ညွှန်း၍ အမည်ပေးထားခြင်းဖြစ်သည်။[၆]
အဲဖို့စ် ဝမ်း ဖိနပ်များကို ၁၉၈၂ ခုနှစ်ကတည်းက စတင်ထုတ်လုပ်ခဲ့သော်လည်း ၁၉၈၄ ခုနှစ်တွင် ရပ်ဆိုင်းခဲ့သေးသည်။ ထို့နောက် အနည်းငယ်ပြုပြင်ပြောင်းလဲထားသော ဒီဇိုင်းဖြင့် ၁၉၈၆ ခုနှစ်တွင် ပြန်လည်မိတ်ဆက်ခဲ့သည်။ ၎င်း၏ စတင်ဖန်တီးခဲ့ချိန်မှ ယနေ့ထိ အရောင်အသွေး အမျိုးကွဲပေါင်း ၁,၇၀၀ ကျော်ကို ထုတ်လုပ်ခဲ့ပြီး ၂၀၀၇ ခုနှစ် စာရင်းများအရ ခန့်မှန်းနှစ်စဉ်ဝင်ငွေ US$သန်း ၈၀၀ ရရှိခဲ့သည်။[၇][၂]
Air Force 2
ပြင်ဆင်ရန်Air Force 2 ဖိနပ်သည် ၁၉၈၇ ခုနှစ်တွင် ဖန်တီးခဲ့သော မူလပုံစံ၏ မူကွဲပုံစံသစ်ဖြစ်သည်။ ဖိနပ်သည် ရိုးရိုးရှင်းရှင်းနှင့် ပေါ့ပေါ့ပါးပါး ၀တ်ဆင်နိုင်သော ပုံစံမျိုးဖြစ်သည်။ အဲဖို့စ် တူး မူကွဲပုံစံသစ်များကို ၂၀၀၀ ခုနှစ်များ အစောပိုင်းတွင် ပြန်လည်ထုတ်လုပ်ခဲ့သေးသည်။ ၎င်းတို့ကို လည်တိုနှင့် လည်ရှည် ပုံစံ ၂ မျိုးအဖြစ် ပြောင်းလဲနိုင်သည်။
Air Force 3
ပြင်ဆင်ရန်Air Force 3 ဖိနပ်အား ၁၉၈၈ ခုနှစ်တွင် မိတ်ဆက်ခဲ့ပြီး အဲဖို့စ် စီးရီး၏ လူကြိုက်အများဆုံး ပုံစံဖြစ်သည်။ ထိုအချိန်က အမေရိကန် ဘတ်စကတ်ဘော ကစားသမား အများအပြား ဝတ်ဆင်ခဲ့ကြသည်။ အဲဖို့စ် သရီးသည် ရှေ့ပုံစံ နှစ်ခုထက် ပိုမိုအကြမ်းအတမ်းခံသည်။ မူရင်းအရောင်သည် အဖြူ/ မီးခိုးရောင်ဖျော့/ အနက်ရောင်ဖြစ်သော်လည်း အခြားအရောင်များစွာလည်း ထွက်ရှိထားသည်။ ဖိနပ် လျှာဖုံးအပေါ်တွင် ဘတ်စကက်ဘောလုံး တပိုင်းပုံနှင့်အတူ "Air FORCE" လိုဂိုကို မိတ်ဆက်ခဲ့သည်။ ဤလိုဂိုကို နောင်ထုတ်လုပ်မည့် အဲ့ဖို့စ် စီးရီး ဖိနပ်များတွင် အသုံးပြုမည်ဖြစ်သည်။
Air Force STS
ပြင်ဆင်ရန်Air Force STS (Air Force 4 သို့မဟုတ် Air Force IV ဟုလည်းလူသိများ) ကို ၁၉၈၉ ခုနှစ်တွင် မိတ်ဆက်ခဲ့သည်။ အာကာသလွန်းပျံယာဉ်၏ တရားဝင်အမည်ဖြစ်သော Space Transportation System (အာကာသသယ်ယူပို့ဆောင်ရေးစနစ်) အား ရည်ညွှန်းခြင်းဖြစ်နိုင်သည်။ Air Force ဖိနပ်စီးရီး၏ ပထမဗားရှင်းသုံးမျိုးထက် လည် အနည်းငယ်ပိုရှည်သည်။
Air Force 5
ပြင်ဆင်ရန်Air Force 5 ဖိနပ်ကို ၁၉၉၀ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့သည်။ Air Force V သည် ဖိနပ်၏ ဘေးဘက်တွင် လေအိတ်ကို မြင်နိုင်သည့် ပုံစံဖြင့် ပထမဆုံး မော်ဒယ်ဖြစ်သည်။ လူကြိုက်အများဆုံးအရောင်မှာ အဖြူရောင်/ မီးခိုးရောင်/ အနက်ရောင်/ လိမ္မော်ရောင်ဖြစ်သည်။ ယခင်ဗားရှင်းကဲ့သို့ပင် ၎င်းသည် ပထမဗားရှင်းသုံးမျိုးထက် လည် အနည်းငယ်ပိုရှည်သည်။
Air Force 180
ပြင်ဆင်ရန်Air Force 180 ကို ၁၉၉၁ ခုနှစ်တွင် မိတ်ဆက်ခဲ့သည်။ ဖိနပ်အသစ်သည် ယခင်မော်ဒယ်နှင့် တူညီသော ဒီဇိုင်းအတိုင်း မြင်နိုင်သော လေအိတ် ပုံစံဖြင့် အပေါ်ပိုင်းကို ပေါင်းစပ်ထားသည်။ ဖိနပ်တွင် ကပ်ခွါသိုင်းကြိုးနှင့် ဖိနပ်၏ လေအိတ်စနစ်သို့ လေအသွင်း/အထုတ် ပြုလုပ်ရန် အထူးအစိတ်အပိုင်း တစ်ခုပါရှိသည်။[၈][၉]
ကိုးကား
ပြင်ဆင်ရန်- ↑ Joanna Fu။ "Nike Air Force 1 Designer Reveals How the Sneaker Reached Icon Status"၊ Hypebeast၊ 2017-10-24။
- ↑ ၂.၀ ၂.၁ Bierman၊ Fred။ "The Nike Air Force 1 Sneaker Turns 25 Years Old"၊ The New York Times၊ 2007-12-23။
- ↑ "Top 10 Nike Air Force One colourways", talkbasket.net, 11 October 2016bsbaiia. Accessed 26 October 2017
- ↑ Karl (2009-04-29)။ Buy Vintage Nike Air Force I (1982) Sneakers Shoes (in en-US)။ 2022-04-04 တွင် ပြန်စစ်ပြီး။
- ↑ Nike Air Force 1: A Complete Guide (10 October 2021)။ 24 May 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 November 2021 တွင် ပြန်စစ်ပြီး။
- ↑ Warnett၊ Gary (January 25, 2017)။ The History of the White on White Air Force 1, Nike's Perfect Sneaker။ 2023-03-22 တွင် ပြန်စစ်ပြီး။
- ↑ Elizabeth Wellington။ "Nike's Air Force 1s Are Still Flying High"၊ The Ledger၊ 2007-02-22။ 24 December 2024 တွင် ပြန်စစ်ပြီး။ Archived from the original on 16 May 2008။
- ↑ The Ultimate Kicktionary: 1991's Nike Air Force 180 High (2012-03-13)။ 2024-06-18 တွင် ပြန်စစ်ပြီး။
- ↑ 20 Designs That Changed The Game: Nike Air Force 180 Low (2012-07-23)။ 2024-06-18 တွင် ပြန်စစ်ပြီး။