နိုင်ငံတကာ ဂျူဒိုအဖွဲ့ချုပ်
ဂျူဒိုအားကစားအဖွဲ့ချုပ်
နိုင်ငံတကာ ဂျူဒိုအဖွဲ့ချုပ် (IJF)ကို ၁၉၅၁ ဇူလိုင်တွင် တည်ထောင်သည်။ IJF ကို မူလအစက အာဂျင်တီးနား အပါအဝင် ဥရောပမှ ဂျူဒိုအဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။[၁] နောက် ဆယ်နှစ်အတွင်းတွင် တိုက်ကြီးလေးတိုက်မှ နိုင်ငံများပါ ပါဝင်လာသည်။ ယနေ့အခါ IJF တွင် တိုက်ကြီးအကုန်လုံးမှ အမျိုးသားအသင်း ၂၀၀ ဖွဲ့ ရှိနှင့်လေပြီ။ IJF ၏ စာရင်းအရ ကမ္ဘာတဝန်းလုံး၌ ဂျူဒို သင်ကြားလေ့ကျင့်သူ သန်း ၄၀ ကျော် ရှိသည်။[၂]
ဖွဲ့တည်ချိန် | ၁၉၅၁ |
---|---|
ဌာနချုပ် | ဆွစ်ဇာလန်洛桑 |
၂၀၀၉ ကတည်းက၊ IJF က ကြီးမှူး၍ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲနှင့် ကမ္ဘာ့ဂျူဒိုခရီးစဉ် (World Judo Tour)ကို နှစ်စဉ် ကျင်းပပေးသည်။ ကမ္ဘာ့ဂျူဒိုခရီးစဉ်တွင် ဂရင်းပရစ်(Grand Prix) ငါးပွဲ၊ ဂရင်းဆလမ်(Grand Slams) လေးပွဲ၊ မာစတာပြိုင်ပွဲ(master tournament) တပွဲနှင့် တိုက်ကြီးအိုးပင်း(Continental open tournament) တပွဲ ပါဝင်သည်။
ပွဲစဉ်
ပြင်ဆင်ရန်- ကမ္ဘာ့ ဂျူဒိုချန်ပီယံပွဲ (World Judo Championships)
- ကမ္ဘာ့လူငယ် ဂျူဒိုချန်ပီယံပွဲ (World Junior Judo Championships) (၁၉၇၄ မှ ၂၀၁၁ ထိ ယူ၂၀ / ၂၀၁၂ မှ ယနေ့ထိ ယူ၂၁)
- ကမ္ဘာ့ ဂျူဒိုလောင်း ချန်ပီယံပွဲ (World Cadet Judo Championships) (ယူ၁၈)
- ကမ္ဘာ့ စစ်ပြန် ဂျူဒိုချန်ပီယံပွဲ (World Veterans Judo Championships)(၃၀ မှ ၈၀+)
- ကမ္ဘာ့ ခတဂျူဒို ချန်ပီယံပွဲ (World Kata Judo Championships)
- IJF ကမ္ဘာ့ပွဲစဉ်များ [IJF World Series (Masters, Grand Slam, Grand Prix, Continental Open)]
- ဂျူဒို ကမ္ဘာ့ဖလား (Judo World Cup)
- ဂျူဒို ဥရောပဖလား (Judo European Cup)
IJF ဥက္ကဋ္ဌများ
ပြင်ဆင်ရန်- အယ်ဒို တော့တီ (Aldo Torti), အီတလီ, ၁၉၅၁
- ရိဆေး ခနိုး (Risei Kano)၊ ပါမောက္ခ ဂျိဂိုရိုး ခနိုး၏ သား၊ ဂျပန်၊ ၁၉၅၂-၁၉၆၅
- ချားလ်စ် ပယ်မာ (Charles Palmer), ဂရိတ်ဗြိတိန်, ၁၉၆၅-၁၉၇၉
- ရှိငဲယောရှိ မဆုမအဲ (Shigeyoshi Matsumae), ဂျပန်, ၁၉၇၉-၁၉၈၇
- ဆာကစ် ကလိုဂ်လျင် (Sarkis Kaloghlian)၊ အာဂျင်တီးနား၊ ၁၉၈၇-၁၉၈၉
- လောရီ ဟာဂရေ့ (Lawrie Hargrave)၊ နယူးဇီလန်၊ ၁၉၈၉-၁၉၉၁
- လူးဝစ် ဘဂွဲနာ (Luis Baguena)၊ စပိန်၊ ၁၉၉၁-၁၉၉၅
- ပတ်ယုံဆောင် (Yong Sung Park)၊ တောင်ကိုရီးယား၊ ၁၉၉၅-၂၀၀၇
- မရိယစ် ဗီဇာ (Marius Vizer)၊ ရိုမေးနီးယား/ဩစတြီးယား၊ ၂၀၀၇-[၃]