စပိန်နိုင်ငံ

(စပိန် မှ ပြန်ညွှန်းထားသည်)

ကိုဩဒိနိတ်: 40°N 4°W / 40°N 4°W / 40; -4

ဥရောပတိုက်အနောက်တောင်ဘက်အစွန်းတွင် ထိုးထွက်နေသော အိုက်ဗီးရီးယားကျွန်းဆွယ်ကြီးတခုလုံး၏ ၁၃ ပုံ ၁၁ ပုံခန့်မှာ စပိန်နိုင်ငံဖြစ်သည်။ ကျန် ၂ ပုံခန့်မှာ အနောက်ကမ်းရိုးတန်းတလျှောက်ရှိ ပေါ်တူဂီနိုင်ငံဖြစ်၏။ မြောက်ဘက်တွင် ပြင်သစ်နိုင်ငံနှင့် ဗစ္စကေးပင်လယ်အော်၊ အနောက်ဘက်တွင် ပေါ်တူဂီနိုင်ငံနှင့် အတ္တလန္တိတ်သမုဒ္ဒရာ၊ တောင်ဘက်တွင် အတ္တလန္တိတ်သမုဒ္ဒရာ၊ ဂျီဗရောတာရေလက်ကြားနှင့် မြေထဲပင်လယ်၊ အရှေ့ဘက်တွင် မြေထဲပင်လယ်ဖြင့် ဝန်းရံလျက်တည်ရှိ၏။ စပိန်နိုင်ငံသည် ဥရောပတိုက်နှင့် တဆက်တည်းဖြစ်သော်လည်း အိုက်ဗီးရီးယန်းကျွန်းဆက်ကို ကန့်လန့်ဖြတ်ထားကာ တည်ရှိနေသောမြင့်မားသည့် ပီးရနီးတောင်တန်းများက ဥရောပတိုက် ကုန်းတွင်းနိုင်ငံများနှင့် စပိန်နိုင်ငံတို့ကို ကာဆီးထားလေသည်။ အာဖရိကတိုက်နှင့်မူ ကျဉ်းမြောင်းလှသော ဂျီဘရော်လ်တာ ရေလက်ကြားသာလျှင် ခြားနေ၍ ရှေးရှေးအခါက အာဖရိကတိုက်နှင့် စပိန်နိုင်ငံတို့ ကုန်းမြေချင်း ဆက်စပ်တည်ရှိခဲ့သည်ဟု သမိုင်းပညာရှင်တို့က အထောက်အထားနှင့် ပြဆိုခဲ့ကြလေသည်။ အနီးအနား ပတ်ဝန်းကျင်တွင် စပိန်ပိုင် ဗယ်လီအဲရစ်ကျွန်းစု၊ ကနေရီကျွန်းစုနှင့် မိုရိုကိုကမ်းခြေရှိ ကျွန်းငယ်ကလေးများ ရှိသည်။ ထိုကျွန်းများအပါအဝင် စပိန်နိုင်ငံ၏ အကျယ်အဝန်းမှာ ၁၉၆၇၀၀ စတုရန်းမိုင်ဖြစ်၍ ၂၀၁၈ ခုနှစ် ခန့်မှန်းခြေ သန်းခေါင်စာရင်းအရ လူဦးရေ ၄၇ သန်း နီးပါးရှိသည်။ စပိန်တစ်နိုင်ငံလုံးမှာ ပျမ်းမျှအားဖြင့် ပေ ၂၀၀၀ ခန့်မြင့်သော ကုန်းပြင်ကြီးဖြစ်လေသည်။ မြောက်ဘက် ကမ်းခြေတလျှောက်မှာ ပေ ၈၀၀၀ ကျော်မြင့်သော ကန်တာဗရီယန် တောင်တန်းရှိ၍ ပေပေါင်း တစ်သောင်းကျော်မြင့်သော ပီးရနီးတောင်တန်း၏ အနောက်ဘက်စွန်းနှင့် နာဗားရားနယ်ရှိ တောင်ကြားလမ်းတစ်ခုသာ ခြားသည်။ ထိုတောင်ကြားလမ်းမှာ စပိန်နိုင်ငံနှင့် ပြင်သစ်တို့ကူးသန်းဆက်သွယ်ရာ တစ်ခုတည်းသော တံခါးပေါက်ဖြစ်၏။ အလယ်ပိုင်းရှိ တောင်တန်းများမှာ ဂွါဒါရမ္မာတောင်တန်း၊ဂရေးဒို့တောင်တန်း၊ ဂါးတားတောင်တန်း၊ မိုရေးနာတောင်တန်း၊ ဆီယယ်ရာနီဗျားဒတောင်တန်း စသည်တို့ ဖြစ်လေသည်။ စပိန်နိုင်ငံရှိ မြစ်များသည် ထိုတောင်မြင့်ကြီးများမှ မြစ်ဖျားခံ၍ မြေထဲပင်လယ်နှင့် အတ္တလန္တိတ် သမုဒ္ဒရာထဲသို့ စီးဝင်ကြသည်။ အရေးပါအရာရောက်သော မြစ်ကြီးများအနက် တေးဂပ်မြစ်၊ ဒိုးရူးမြစ်၊ ဂွါးဒီယားနားမြစ်နှင့် ဂွဒယ်ကွီးဗီးရားမြစ်တို့သည် အလယ်ပိုင်းတောင်တန်းများမှ မြစ်ဖျားခံ၍ ဧဗရိုးမြစ်နှင့် မီညိုမြစ်တို့သည် မြောက်ပိုင်းရှိ ကန်တာဗရီယန် တောင်တန်းတွင် မြစ်ဖျားခံလေသည်။ ထိုမြစ်များအနက် တေးဂပ်မြစ်မှာ အရှည်ဆုံးဖြစ်၍ ၆၅၅ မိုင်မျှရှိ၏။ မီညို၊ ဒိုရူးနှင့် တေးဂပ်မြစ်များမှာ မြစ်ဝကျယ်များ ရှိကြရာ မြစ်ဝကျွန်းကြီးများတွင် လုံခြုံသောသင်္ဘောဆိပ်များ တည်ရှိ၏။ သို့ရာတွင် မြစ်ညာတလျှောက်သို့ လှေသင်္ဘောများ ဆန်တက်သွားလာခြင်း မပြုနိုင်ချေ။

စပိန် ဘုရင့်နိုင်ငံ
Reino de España  (စပိန်)
စပိန်နိုင်ငံ၏ အလံတော်
စပိန်နိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
အလံတော် အမှတ်တံဆိပ်
ဆောင်ပုဒ်: Plus ultra  (လက်တင်)
"Further Beyond"
နိုင်ငံတော် သီချင်း: မာရ်ချ ရီယယ်လ်  (စပိန်)[၂]
"Royal March"
EU-Spain (orthographic projection).svg
EU-Spain.svg
 စပိန်နိုင်ငံ၏ တည်နေရာ  (အစိမ်းရင့်)

– ဥရောပတိုက်အတွင်း  (အစိမ်း နှင့် မီးခိုးရင့်)
– ဥရောပသမဂ္ဂတွင်  (အစိမ်း)

မြို့တော်
နှင့် အကြီးဆုံးမြို့
မက်ဒရစ်မြို့
40°26′N 3°42′W / 40.433°N 3.700°W / 40.433; -3.700
ရုံးသုံးဘာသာစကားစပိန်[မှတ်စု ၃]
လူမျိုးများ (2020)
ကိုးကွယ်မှု
DemonymSpanish
Spaniard
အစိုးရပြည်ထောင်စု ပါလီမန် စည်းမျဉ်းခံဘုရင်စနစ်
ဆဋ္ဌမ ဖီးလစ်
ပက်ဒရို ဆန်းချက်
Meritxell Batet
Ander Gil
Carlos Lesmes Serrano
ဥပဒေပြုလွှတ်တော်ကော့တေး ဂင်နယ်ရာလီစ်
ဆီးနိတ်လွှတ်တော်
Congress of Deputies
တည်ထောင်ခြင်း
၁၄၇၉ ဇန်နဝါရီလ ၂၀ ရက်
• De jure
၁၇၁၅ ခုနှစ် ဇွန်လ ၉ ရက်
၁၈၁၂ ခုနှစ် မတ်လ ၁၉ ရက်
၁၉၃၉ ခုနှစ် ဧပြီ ၁ ရက် - ၁၉၇၈ ခုနှစ်
၁၉၇၈ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်
၁၉၈၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်
ဧရိယာ
• စုစုပေါင်း
၅၀၅,၉၉၀[၅] km2 (၁၉၅,၃၆၀ sq mi) (အဆင့်: ၅၁)
• ရေထု (%)
၀.၈၉ (as of 2015)[၆]
လူဦးရေ
• ၂၀၂၀ သန်းခေါင်စာရင်း
Neutral increase ၄၇,၄၅၀,၇၉၅[၇][၈][မှတ်စု ၅] (အဆင့် - ၃၀)
• သိပ်သည်းမှု
၉၄/km2 (၂၄၃.၅/sq mi) (အဆင့် - ၁၂၀)
GDP (PPP)၂၀၂၁ ခန့်မှန်း
• စုစုပေါင်း
Increase $1.942 trillion[၉] (အဆင့် - ၁၅)
• Per capita
$၄၁,၇၃၆[၉] (အဆင့် - ၃၂)
GDP (nominal)၂၀၂၁ ခန့်မှန်း
• စုစုပေါင်း
Increase $1.450 trillion[၉] (အဆင့် - ၁၃)
• Per capita
$၃၁,၁၇၈[၉] (အဆင့် - ၂၆)
Gini (၂၀၁၉) ၃၃.၀[၁၀]
အလယ် · ၁၀၃
HDI (၂၀၁၉)Increase ၀.၉၀၄[၁၁]
အလွန်မြင့် · ၂၅
ငွေကြေးယူရို[မှတ်စု ၆] (€) (EUR)
အချိန်ဇုန်WET နှင့် CET (UTC⁠±0 to +1)
• နွေရာသီ (DST)
WEST နှင့် CEST (UTC+1 to +2)
Note: most of Spain observes CET/CEST, except the Canary Islands which observe WET/WEST.
ရက်စွဲပုံစံdd/mm/yyyy (CE)
ယာဉ်ကြောစနစ်ညာ
တယ်လီဖုန်းကုဒ်+34
ISO 3166 ကုဒ်ES
Internet TLD.es[မှတ်စု ၇]

စပိန်နိုင်ငံ၏ ရာသီဥတုမှာ တစ်နေရာနှင့် တစ်နေရာ မတူချေ။ တစ်နိုင်ငံလုံးလိုလိုတွင် ဆောင်းရာသီ၌ အေးလွန်း၍ နွေရာသီ၌မူ ပူလွန်းသည်။ အလယ်ပိုင်းရှိ ကုန်းပြင်မြင့်ကြီးသည် အလွန်ခြောက်သွေ့သော အပိုင်းဖြစ်၏။ သို့သော် ဗစ္စကေးပင်လယ်အော်နှင့် အတ္တလန္တိတ်သမုဒ္ဒရာ ကမ်းရိုးတန်းတလျှောက်ရှိ စပိန်နိုင်ငံအနောက်မြောက်ပိုင်းဒေသများတွင်မူ ရာသီဥတု မျှတသည်။ စပိန်နိုင်ငံအလယ်ပိုင်းတွင်မူ ဆောင်းရာသီမှာ ရှည်လျားလှ၏။ မြေထဲပင်လယ် ကမ်းခြေတလျှောက်ရှိ အရှေ့ပိုင်းတွင် ဆောင်းရာသီတို၍ နွေရာသီတွင် လွန်စွာပူပြင်းသည်။ တောင်ဘက်ပိုင်းတွင်မူကား ဆောင်းရာသီဟူ၍ မရှိသလောက်ပင်ဖြစ်သည်။

စပိန်နိုင်ငံ အနောက်မြောက်ပိုင်းနှင့် မြောက်ပိုင်းများတွင် တနှစ်လုံးလိုလိုပင် မိုးမျှတစွာ ရွာသွန်း၏။ ရာသီဥတုတွင်သာမဟုတ် မြေတွင်လည်း၊ အမျိုးမျိုးအစားစား ကွဲပြားခြားနားလေသည်။ စပိန်နိုင်ငံသည် တောင်ထူထပ်၍ သတ္တုတွင်းများ ပေါများသော်လည်း လူဦးရေ ၃ ပုံ ၂ပုံမှာ လယ်ယာစိုက်ပျိုး ခြင်းဖြင့် အသက်မွေးမြူကြလေသည်။ တစ်နိုင်ငံလုံးရှိ မြေ ၉၄ ရာခိုင်နှုန်းခန့်ကို စိုက်ပျိုး၍ ဖြစ်ထွန်းဖွယ်ရာရှိသော်လည်း မြေအားလုံး၏ တစ်ဝက်ခန့်ကိုသာ စိုက်ပျိုးလုပ်ကိုင်သည်။ ကျန်တဝက်မှာ စားကျက်များဖြစ်သည်။ စိုက်ပျိုးသော အဓိက ကောက်ပဲသီးနှံများမှာ ဂျုံနှင့်မုယောတို့ဖြစ်၍ မြင်းစားဂျုံ၊ ရိုင်းစပါး၊ ပြောင်း၊ ပဲ၊ အားလူးများကိုလည်း စိုက်ပျိုးလုပ်ကိုင်သည်။ ထို့ပြင် ဆန်စပါး၊ ကြက်သွန်၊ သကြားမုန်လာများကိုလည်း စိုက်ပျိုး၏။ စပျစ်ခြံ၊ လိမ္မော်ခြံများလည်း အကြီးအကျယ် စိုက်ပျိုးလုပ်ကိုင်၍၊ ဝိုင်အရက်ချက်သောလုပ်ငန်းမှာ တွင်ကျယ်၏။ သိုး၊ နွား၊ ဆိတ်များကိုလည်း မွေးမြူကြသည်။

လယ်ယာစိုက်ပျိုးရေးအပြင် ကြီးကျယ်သော အခြားလုပ်ငန်းမှာ သတ္တုတူးဖော်ခြင်းဖြစ်သည်။ ကျောက်မီးသွေး မြောက်မြားစွာ ထွက်သော်လည်း အမျိုးအစားမှာ ပထမတန်းစား မဟုတ်ချေ။ ကျောက်မီးသွေးအပြင် အခြားဓာတ်သတ္တုများမှာ သံ၊ သံမဏိ၊ ကြေး၊ ခဲ၊ သွပ်၊ ပြဒါးနှင့် တန်စတင်တို့ဖြစ်၏။ သစ်တောများမှ ထင်းရှူးသစ်နှင့် ဖေါ့များရရှိ၍ ထင်ရှူးဆီနှင့် တာရပင်ဆီများလည်း ရရှိလေသည်။ စပိန်နိုင်ငံတွင် ရှေးအခါက သစ်တောထူထပ်ခဲ့သော်လည်း၊ နေထိုင်စိုက်ပျိုးရေးအတွက် ခုတ်ထွင် ရှင်းလင်းလိုက်ကြသောကြောင့်တစ်ကြောင်း၊ သစ်တောထွက်ပစ္စည်းကို လူတို့ ထုတ်ယူအသုံးပြုဖန်များလွန်း၍တကြောင်း ယခုအခါ နိုင်ငံတစ်ခုလုံး၏ ၅ ရာခိုင်နှုန်းခန့်သာလျှင် သစ်တောများ ကျန်ရစ်သည်။ သစ်တောများ ပါးရှားသွား သဖြင့် ရာသီဥတု တစ်မျိုးတစ်ဖုံ ပြောင်းလဲလာခဲ့ရာ၊ လေပြင်းတိုက်ခတ်ခြင်း၊ ဖုံထူခြင်းတို့ကြောင့် အချို့ကုန်းတွင်းပိုင်းဒေသများတွင် လူသူမနေထိုင်နိုင်တော့ချေ။

ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်တွင်မူကား မြို့ကြီးပြကြီးများ၊ စက်ရုံများ၊ အလုပ်ရုံများ၊ တောင်ယာပဲခင်းများနှင့် သာယာလှ၏။ လူနေအိမ်ခြေလည်း ထူထပ်၏။ မြောက်ပိုင်းကမ်းခြေတွင် တံငါလုပ်ငန်း တွင်ကျယ်သဖြင့် ငါးစည်သွပ်လုပ်ငန်း ဖြစ်ထွန်းသည်။ ဥရောပတိုက် ကုန်သွယ်ရာဌာနကြီးများနှင့် နီးကပ်သော မြောက်ပိုင်းတွင် စပိန်နိုင်ငံ၏ကြီးကျယ်သော ကုန်ထုတ်ရေးလုပ်ငန်းကြီးများ တည်ရှိသည်။ ဘာစီလိုးနာမြို့တွင် ချည်ထည်စက်ရုံများ၊ သိုးမွေးထည် စက်ရုံများရှိသည်။ ထိုမြို့မှ ဇာလည်းထွက်၏။ တစ်နိုင်ငံလုံးတွင် အထည်စက်ရုံပေါင်း ၂၁၈၀ ခန့်ရှိသည်။ မြောက်ပိုင်းရှိ ပြည်နယ်များတွင် ပိတ်ချောအထည်စက်ရုံများနျင့် စက္ကူစက်များ အများအပြား ရှိ၏။ တောင်ပိုင်းတွင် ပိုးထည်လုပ်ငန်းမှာ အရေးပါသော လုပ်ငန်းတစ်ခုဖြစ်၍ သံနှင့်သံမဏိလုပ်ငန်းအတွက် စက်ရုံအချို့ကို မကြာမီက တည်ဆောက်ခဲ့သည်။ ရေအားကို အသုံးပြု၍ လျှပ်စစ်ဓာတ်အားပေးရေး လုပ်ငန်းမှာလည်း တဖြည်းဖြည်း တိုးတက်လျက်ရှိလေသည်။ သို့သော် ခြုံ၍ ကြည့်လျှင် စက်မှုလက်မှုလုပ်ငန်းမှာ တိုးတက်သင့်သလောက် မတိုးတက်ဘဲ ရှိနေသည်ကို တွေ့ရပေသည်။

စပိန်နိုင်ငံအတွင်း လမ်းပန်းဆက်သွယ်ရေးမှာ ကောင်းမွန်၍ မီးရထားလမ်းမိုင်ပေါင်း ၁၀,၈၀၀ ကျော်ရှိသည်။ တစ်နိုင်ငံလုံးကို ဆက်သွယ်နေသော ကြေးနန်းနှင့်စကားပြောကြေးနန်းကြိုး မိုင်ပေါင်း ၃၀၀,၀၀၀ ကျော်စီရှိ၏။ ရေကြောင်းဆက်သွယ်ရေးမှာ အတ္တလန္တိတ်သမုဒ္ဒရာနှင့် မြေထဲပင်လယ်တို့ဖြင့် ဆက်သွယ်ရ သည်။ မြို့ကြီးများကို တစ်မြို့နှင့် တစ်မြို့ လေကြောင်းဖြင့် ဆက်သွယ်ထားသည့်ပြင် နိုင်ငံခြားနှင့်လည်း လေကြောင်းအဆက်အသွယ် ရှိလေသည်။

စပိန်နိုင်ငံ၏ အဓိကထုတ်ကုန်မှာ ဝိုင်အရက်ဖြစ်၏။ အခြားထုတ်ကုန်များမှာ ဖေါ့၊ သတ္တုများ၊ သံလွင်သီး၊ အခြား သစ်သီးများ၊ သကြား၊ သစ်၊ ကျွဲနွားတိရစ္ဆာန်များ၊ ဖန်ထည်ပစ္စည်းများ၊ မြေအိုး၊ မြေခွက်၊ သိုးမွေးနှင့် ခြည်ထည်များဖြစ်လေသည်။ အဓိက သွင်းကုန်များကား အစားအသောက်များ၊ သိုး၊ ဆိတ်၊ နွားတိရစ္ဆာန်များ၊ စက်ကိရိယာများ၊ မီးသွေး၊ ဝါဂွမ်း၊ ပိတ်ချောထည်၊ မော်တော်ယာဉ်များ၊ ဆေးဝါးများ စသည်တို့ဖြစ်၏။ မြို့တော်မှာ နိုင်ငံအလယ်ပိုင်းရှိ မဒရစ်မြို့‎ဖြစ်၍ အကြီးဆုံး ဆိပ်ကမ်းမြို့ကြီးများမှာ ဘာစီလိုနာ နှင့် ဗီးလဗာအိုမြို့တို့ ဖြစ်ကြသည်။

စပိန်နိုင်ငံ၏ ရှေးဟောင်းသမိုင်းသည် ကျောက်ခေတ်မှ အစ ပြုသည်။ ကျောက်ခေတ်အနုပညာရပ်များဖြစ်သော ဂူအောင်း လူတို့၏ ပန်းချီစုတ်ရေးဆေးခြယ်မှုအတတ်ကို စပိန်နိုင်ငံရှိ အားလတားမီးရား ကျောက်ဂူအတွင်း တွေ့ရှိကြရသည်။ ယခု အခါ စပိန်တိုင်းရင်းသားလူမျိုးတစ်မျိုးဖြစ်သော ဗက်လူမျိုး များမှာ ကျောက်ခေတ်လူမျိုးများ၏ အဆက်အနွယ် ဖြစ်သည်။ စပိန်နိုင်ငံ၏ မြို့ကြီးများမှာ အများအားဖြင့် ပင်လယ်ကမ်းရိုး တန်း တစ်လျှောက်တွင် တည်ရှိလေသည်။ စပိန်နိုင်ငံ၏ အရှေ့ မြောက်စွန်းဖြစ်သော ကာတာလုံးနီးယားပြည်နယ်ရှိ ဘာစီလို နာ ဆိပ်ကမ်းမြို့ကြီးသည် စက်မှုလက်မှုလုပ်ငန်း (အထူးသဖြင့် ခြည်ထည်သိုးမွေးထည်များ ရက်လုပ်ခြင်း) ထွန်းကားသော မြို့ ဖြစ်၍၊ လူဦးရေ ထူထပ်၏။ ကာတာလုံးနီးယား ပြည်နယ်ရှိ ဘာစီလိုနာ ဆိပ်ကမ်းမြို့ကြီးသည် စက်မှုလက်မှုလုပ်ငန်း (အထူး သဖြင့် ခြည်ထည်သိုးမွေးထည်များ ရက်လုပ် ခြင်း) ထွန်းကား သော မြို့ဖြစ်၍၊ လူဦးရေ ထူထပ်၏။ ကာတာလုံးနီးယား ပြည် နယ်၏ တောင်ဘက် မြင့်မားသောတောင်တန်းနှင့် ဗလင်းရှား ပယ်လယ်ကွေ့ကြားရှိ ဗလင်းရှားပြည်နယ်တွင် ဆည်မြောင်းများ ဖောက်လုပ်ကာ လိမ်မော်ပင်၊ ကြံပင်၊ ရှောက်ပင်၊ စွန်ပလွံပင် စသည့် သီးပင် အမြောက်အမြား စိုက်ပျိုးကြသည်။ ထိုနယ် သည် ပိုးထည်လုပ်ငန်းအတွက် စပိန်နိုင်ငံတွင် အထင်ရှားဆုံး သော နယ်ဖြစ်၏။ ထိုပြည်နယ်၏မြို့တော်မှာ ဗလင်းရှားမြို့ ဖြစ်၏။

စပိန်နိုင်ငံတောင်ဘက်ပိုင်းရှိ ပြည်နယ်ကြီးမှာ အန်ဒါလျူးရှား ပြည်နယ် ဖြစ်၏။ အာဖရိကတိုက်မြောက်ပိုင်းမှ မူးဝါးလူမျိုးတို့ စပိန်သို့ ဝင်ရောက် ကြီးစိုးစဉ်အခါက ခမ်းနားကြီးကျယ်စွာ တည်ဆောက်ထားခဲ့သော ဂရာနားဒါးမြို့ကြီးမှာ ယနေ့ထက်တိုင် ထင်ရှားတည်ရှိသည်။

အဓိပ္ပာယ်ဖွင့်ဆိုချက်ပြင်ဆင်

သမိုင်းကြောင်းပြင်ဆင်

စပိန်နိုင်ငံတွင် မူလက နေထိုင်သူများမှာ အိုက်ဗီးရီးယန်း လူမျိုးများ ဖြစ်လေသည်။ ယင်းတို့မှာ ပြင်သစ်နိုင်ငံမှ ဂေါလ လူမျိုးတို့နှင့်၎င်း၊ ဗြိတိန်နိုင်ငံမှ ဗြိတိန်တို့နှင့်၎င်း အနွယ်ချင်း တူ၏။ သူတို့နှင့် နောက်မှရောက်လာကြသော ကဲ့လူမျိုး၊ ကားသော့လူမျိုး၊ ရောမလူမျိုး၊ တျူတန်လူမျိုး၊ အစ္စလမ်အယူ ဝါဒီ မူးဝါးလူမျိုးများမှာ အချင်းချင်း အမျိုးရောယှက်လာ လေရာ၊ နောက်ဆုံး၌ စပိန်လူမျိုး ပေါ်ပေါက်လာလေသည်။

စပိန်နိုင်ငံ အနောက်မြောက်ပိုင်းတွင် ရှေးကဲ့လူမျိုးတို့နှင့် အသွင်တူလှသော ဂလစ်ရှန်းလူမျိုးများ နေထိုင်သည်။ မြောက် ဘက်အလယ်ပိုင်းတွင် ဗက်လူမျိုးတို့ နေထိုင်၏။ အရှေ့ဘက် ကမ်းခြေ တစ်လျှောက်တွင်ကား ကာတာလန်လူမျိုးများ နေ ထိုင်ကြသည်။ ကာတာလန်တို့၏ ဓလေ့ထုံးစံများနှင့် ဘာသာ စကားမှာ ပြင်သစ်နှင့်ပို၍ နီးစပ်သည်။ အလယ်ပိုင်းတွင် နေထိုင် သော ကက်စတီးလီယန်လူမျိုးမှာ စပိန်လူမျိုးအစစ်ဟု ယုံမှတ် ပြောဆိုခြင်းခံရသူများ ဖြစ်လေသည်။ တောင်ပိုင်းရှိ လူများမှာ အရပ်အမောင်း ခပ်ပြတ်ပြတ်နှင့် အသားမည်းသည်။ မြောက် ပိုင်းသားများကား ရုပ်ချော၍ အသားလတ်သည်။ ယဟူဒီလူမျိုး အချို့တို့မှလွဲ၍ စပိန်နိုင်ငံရှိ နိုင်ငံသူနိုင်ငံသား အားလုံးလိုလိုပင် ဗရင်ဂျီဂိုဏ်းဝင်များဖြစ်၏။

ဘီစီ ၁၀၀၀ ခန့်က စပိန်နိုင်ငံသို့ ကုန်သွယ်ရန် ပင်လယ် ခရီးဖြင့် ဆိုက်ရောက်လာကြသော ဖီနီရှန်လူမျိုးတို့သည် စပိန် နိုင်ငံ အရှေ့တောင်ပိုင်းဒေသတွင် အိုက်ဗီးရီးယန်းလူမျိုးတို့နှင့် တွေ့ဆုံ၍၊ ထိုတွေ့ဆုံရာအရပ်တွင် ယင်းတို့နှင့် အတူတကွ နေထိုင်လာကြသည်။


သူတို့နောက် တွင် ဗီစီဂေါ့သတို့သည် ဗင်းဒေါလူမျိုးတို့ကဲ့သို့ စပိန်နိုင်ငံကို မဖျက်ဆီးဘဲ စိုးမိုးအုပ်ချုပ် မင်းလုပ်ကြလေသည်။ ခရစ် ၄၁၅ ခုနှစ်မှ ၇၁၁ ခုနှစ် အထိ စပိန်နိုင်ငံကို စိုးမိုးအုပ်ချုပ်သော ဂေါ့သဘုရင်ပေါင်း ၂၃ ဆက်အနက် ဘုရင် ၅ ပါးမှာ လုပ်ကြံ ခြင်းခံရပြီး အခြား ၄ ပါးမှာ နန်းချခြင်း ခံခဲ့ကြရလေသည်။ ခရစ် ၅၈၉ ခုနှစ်လောက်တွင် စပိန်နိုင်ငံကို စိုးစံသော ဘုရင် သည် စပိန်တနိုင်ငံလုံးကို ဗရင်ဂျီဂိုဏ်းသို့ သွပ်သွင်းခဲ့လေ သည်။

ခရစ် ၇၁၁ ခုနှစ်တွင်ကား အာဖရိကတိုက် မြောက်ပိုင်းမှ မူးဝါးလူမျိုးတို့သည် ဂျီဗရောတားရေလက်ကြားကို ဖြတ်၍ စပိန်နိုင်ငံအတွင်းသို့ အလုံးအရင်းနှင့် ဝင်ရောက်တိုက်ခိုက်ကြ လေသည်။ စပိန်တိုင်းရင်းသားများ သာမက၊ စပိန်နိုင်ငံကို ကြီးစိုးအုပ်ချုပ်နေကြသော ဂေါ့သလူမျိုးတို့ပင်လျှင် မူးဝါးစစ် သည်တော်များကို တွန်းလှန်ခုခံခြင်း မပြုနိုင်သဖြင့် စပိန်နိုင်ငံ တွင်းမှ ထွက်ပြေးကြရလေသည်။ မူးဝါးလူမျိုးဆိုသည်မှာ အစ္စလမ်အယူဝါဒီ အာရပ်လူမျိုးနှင့် ဆီးရီးယန်းလူမျိုးများ ဖြစ် ကြသည်။ မူးဝါးတို့သည် စပိန်နိုင်ငံကို ချင်းနင်းဝင်ရောက် စိုးမိုးအုပ်ချုပ်ရုံသာမက ပီးရနီးတောင်တန်းရှိ တောင်ကြား လမ်းမှ ဖြတ်၍ ပြင်သစ်နိုင်ငံတွင်းသို့ပင် ဝင်ရောက်တိုက်ခိုက် ကြ၏။ သို့သော် ခရစ် ၇၃၂ ခုနှစ်၌ ပွားတျားလွင်ပြင်တွင် ချားမာတဲ ခေါင်းဆောင်သော ပြင်သစ်တို့က ခုခံတိုက်ခိုက် သဖြင့် ပြင်သစ်နိုင်ငံမှ မူးဝါးတို့ ဆုတ်ခဲ့ရသည်။ သို့သော် စပိန်နိုင်ငံတွင်ကား နှစ်ပေါင်း ၅၀၀ ခန့် စိုးမိုးခဲ့လေသည်။


စပိန်နိုင်ငံကို နှစ်ပေါင်း ၅၀၀ ခန့် အုပ်စိုးလာခဲ့သော မူးဝါးလူမျိုးတို့သည် ရောမလူမျိုးတို့ထက်ပင် နိုင်ငံကြီးကို ထိရောက်စွာ ပြုပြင်တည်ထောင် အုပ်ချုပ်နိုင်ခဲ့လေသည်။ သို့ရာတွင် လူမျိုးပေါင်းစုံ ပါဝင်ခြင်းကြောင့်လည်း ရံဖန်ရံခါ မကျေနပ်မှုများပေါ်ပေါက်ကာ ထိုမကျေနပ်မှုများကြောင့် ပြည်တွင်းစစ်ပွဲကလေးများပင် ဖြစ်ပွားခဲ့သည်။

မူးဝါးတို့ ဝင်လာစဉ်က စပိန်တိုင်းရင်းသား အချို့သည် မြောက်ပိုင်းရှိ တောင်ခြေဒေသများသို့ ခိုဝင်နေထိုင်ခဲ့ကြလေ သည်။ ယင်းသို့ ပြေးလွှားခိုးအောင်း နေခဲ့ကြရသော စပိန် တိုင်းရင်းသားတို့သည် တဖြည်းဖြည်း သွေးစည်းမိကြကာ ခရစ်ယန် နိုင်ငံငယ်ကလေးများ ဖွဲ့စည်းတည်ထောင်ခဲ့ကြသည်။ ထိုမှတဆင့် အင်အားစုပြီး မူးဝါးလူမျိုးနယ်ချဲ့သမားတို့အား တုံ့ပြန်တိုက်ခိုက်စ ပြုခဲ့ကြပြန်လေသည်။

မူးဝါးလူမျိုးတို့သည် စပိန်တို့ ထကြွပုန်ကန်နိုင်စွမ်းရှိမည် မဟုတ်ဟု ထင်ခဲ့သောကြောင့် တစ်ကြောင်း၊ မူးဝါးလူမျိုးများ အထဲတွင်ပင် သွေးကွဲမှုများ ပေါ်ပေါက်လာခြင်းကြောင့် တစ်ကြောင်း စပိန်လူမျိုးတို့ တုံ့ပြန်တိုက်ခိုက်လာခြင်းကို ခုခံ တွန်းလှန်ရန် မစွမ်းနိုင်တော့ပေ။

ထိုအချိန်တွင် စပိန် တိုင်းရင်းသားများဖက်မှ ဆစ်ဆိုသူ၊ သူရဲကောင်းကြီးတစ်ယောက် ပေါ်ထွက်လာခဲ့လေသည်။ ဆစ် သည် မည်သည့်တိုက်ပွဲတွင်မဆို အောင်မြင်၏။ သူ၏စွမ်းရည် သတ္တိကို တွေ့မြင်ကြားသိရသော စပိန်လူမျိုးတို့ကား ဆစ်အား အထူးပင် အားကိုးအားထား ပြုကြ၏။ မူးဝါးလူမျိုးတို့သည် လည်း ဆစ်ကို အသံကြားရရုံမျှနှင့်ပင် ကြောက်ရွံ့ကြသည်ဟု ဆိုလေသည်။

စပိန် တော်လှန်ရေးအင်အားစုကြီးနှင့် မူးဝါး နယ်ချဲ့သမား တို့သည် ၁၂၀၂ ခုနှစ်တွင် ကက်စတီးနယ် တိုလိုဆာလွင်ပြင်၌ ရင်ဆိုင်မိကြ၍ ပြင်းထန်သော တိုက်ပွဲကြီးဖြစ်ပွားခဲ့လေသည်။ ထိုတိုက်ပွဲတွင် မူးဝါးတို့ အရှုံးကြီးရှုံးသဖြင့် သူတို့၏နောက်ဆုံး ခြေကုပ်တစ်ခုဖြစ်သော စပိန်နိုင်ငံ အရှေ့တောင်ပိုင်းရှိ ဂရာ နားဒါးနယ်အတွင်းသို့ ဆုတ်ပြေးကြရလေသည်။

စပိန်လူမျိုးတို့ကား စပိန်၏ တစ်ဦးတည်းသော ရန်သူကို ဝိုင်း၍ တိုက်ခိုက်ကြရာ၌သာ စည်းလုံးမိကြ၍ ပြည်တွင်း အုပ်ချုပ်ရေး၌မူကား ညီညွတ်မှုမရရှိခဲ့ကြသေးပေ။ ထိုကြောင့် ကက်စတီးနိုင်ငံတွင် ပထမမြောက်အစ္စဘယ်လာဘုရင်မ အုပ်စိုး၍ အာရဂွန် ဘုရင်ကလေး၏ဘထွေးတော် ဖာဒီနန်မင်းသားတို့ လက်ဆက် လိုက်ကြသဖြင့် ကက်စတီးနှင့် အာရဂွန် နှစ်ပြည်ထောင်မှာ ပူးပေါင်း စည်းလုံးမိခဲ့လေတော့သည်။ ထိုသို့ နှစ်ပြည်ထောင် ပူးပေါင်းမိသောအခါမှစ၍ စပိန်တစ်နိုင်ငံလုံးသည် ညီညွတ် စည်းလုံးလာလေသည်။

၁၄၉၂ ခုနှစ်ကား စပိန်နိုင်ငံသမိုင်းတွင် ထူးခြားမှတ်သား ထိုက်သောနှစ်ပင် ဖြစ်၏။ စပိန်နိုင်ငံသည် လွတ်လပ်၍ စည်းလုံးမိပြီး ဖြစ်သော်လည်း ဂရာနားဒါးနယ်ကလေးမှာ အစ္စလာမ်အယူဝါဒီ မူးဝါးလူမျိုးတို့၏လက်၌ပင် ရှိနေသေး၏။ ဖာဒီနန်နှင့်အဇ္ဇဗဲလားတို့သည် ကော်ဒိုးဗားအမည်ရှိ စပိန် စစ်ဗိုလ်ကြီးကို စေလွှတ်၍ မူးဝါးတို့အား နှင်ထုတ်စေရာ ၁၄၉၂ ခုနှစ်တွင် မူးဝါးတို့သည် ဂရားနားဒါးနယ်မှ လုံးဝ ထွက်ခွာပေး ရလေသည်။ ထိုနှစ်တွင်ပင် စပိန်နိုင်ငံမှ စေလွှတ်လိုက်သော ကိုလံဗပ်သည် ကမ္ဘာသစ်ကို ရှာဖွေ တွေ့ရှိခဲ့ခြင်းဖြင့် စပိန်နိုင်ငံ၏ဘဏ္ဍာရေးအခြေအနေကို အကြီးအကျယ် တိုးတက်စေခဲ့ရာ နှစ်များစွာ မကြာမြင့်မီပင် ၏ဥရောပတိုက်တွင် စပိန်နိုင်ငံသည် အကြွယ်ဝဆုံးနိုင်ငံတစ်ခု ဖြစ်လာခဲ့လေသည်။ ယင်းသည့် စပိန်၏ရွှေခေတ်ငွေခေတ်ဟု ခေါ်ဆိုထိုက်သော ၁၅၀၉ ခုနှစ် တွင် ရောမသာသနာစောင့် ဧကရာဇ်အဖြစ်ဖြင့် တင်မြေ|ာက်ခြင်း ခံရသော ပဉ္စမချား လက်ထက်၌ စပိန်နိုင်ငံသည် ဥရောပတိုက် အလယ်ပိုင်းနိုင်င ံ၏ စစ်ဖက်ရေးနှင့် နိုင်ငံရေးရာများတွင် ရောထွေးယှက်တင် ပါဝင်လာရ လေတော့သည်။ ပဉ္စမချားဘုရင်သည် ၁၅၅၆ ခုနှစ်တွင် ထီးနန်းကို စွန့်သည်တွင် သားတော် ဒုတိယ ဖိလစ်က ဆက်ခံစိုးစံလေသည်။ ဖိလစ်ဘုရင်လက်ထက်တွင် ကား စပိန်နိုင်ငံတော် အတွင်း၌ သာသနာရေးဖိနှိပ်မှုမှာ အတော်ပင် ပြင်းထန်လာခဲ့လေသည်။ အကြွင်းအကျန်မျှသာ ဖြစ်သော မွတ်စလင်တို့အား ဖိနှိပ်ရာတွင် မွတ်စလင်တို့ တော်လှန် ပုန်ကန်ကြသော်လည်း အင်အားချင်းမမျှသဖြင့် မအောင်မြင်ခဲ့ကြပေ။ ယဟူဒီလူမျိုးနှင့် ပရိုတက်စတန့် ဂိုဏ်းဝင်များကိုလည်း အတိအလင်း နှိပ်ကွက်ခဲ့၏။

ဒုတိယဖိလစ်ဘုရင်သည် အင်္ဂလန်ပြည်ကို ဗရင်ဂျီဂိုဏ်းဝင် နိုင်ငံဖြစ်စေလိုသောအကြံနှင့် အင်္ဂလန်ပြည့်ရှင် မေရီဘုရင်မကို လက်ထပ်ခဲ့သည်။ သို့သော်လည်း သူ၏အကြံကို မအောင်မီ မေရီဘုရင်မ ကွယ်လွန်သွားပြီးလျှင် ပရိုတက်စတန့်ဂိုဏ်းဝင် စစ်စစ်ကြီးဖြစ်သော အယ်လစ်ဇဗက်ဘုရင်မ နန်းတက်ခဲ့လေ သည်။ ထိုအခါအကြမ်းနည်းသုံးကာ အင်္ဂလန်ပြည်ကို ဗရင်ဂျီ နိုင်ငံဖြစ်အောင် ကြံဆောင်ရန်အတွက် ၁၅၈၈ ခုနှစ်အတွင်း အာမာဒါခေါ် ကြီးကျယ်ခမ်းနားလှသော ရေတပ်မတော်ကြီးကို တည်ဆောက်ခဲ့လေသည်။ တည်ဆောက်ခဲ့လေသည်။ ( စပိန်ရေတပ်ကြီး။) သင်္ဘောကြီး များမှာ ကြီးကျယ်၍ ခိုင်ခံ့လှသော်လည်း အင်္ဂလန်ပြည်သို့ စေလွှတ် တိုက်ခိုက်စေသည့်အခါတွင်မူကား အကြီးအကျယ် ပျက်စီးဆုံးရှုံးခဲ့ရလေသည်။

စပိန်ရေတပ်ကြီး ပျက်စီးဆုံးရှုံးရသည့် အချိန်မှစ၍ စပိန် နိုင်ငံသည် တဖြည်းဖြည်း တန်ခိုး မှေးမှိန်လာခဲ့လေသည်။ နိုင်ငံတော်မှာလည်း တဖြည်းဖြည်း ယိမ်းယိုင်ပြိုကွဲလာခဲ့သည်။ ၁၆၄၀ ပြည့်နှစ်တွင် စပိန်လက်အောက်ခံ ပေါ်တူဂီပြည်သည် သွေးတစ်ပေါက်မကျရဘဲနှင့် လွတ်မြောက်ခဲ့လေသည်။ ၁၇၀၁ ခုမှ ၁၇၁၄ ခုနှစ်အထိနှစ်များအတွင်း ဖြစ်ပွားခဲ့သော စပိန်ပိုင် နက် အများအပြားပင် လက်လွတ်သွားရသည်။ စပိန်နိုင်ငံ အများအပြားပင် လက်လွတ်သွားရသည်။ စပိန်နိုင်ငံကိုလည်း ပြင်သစ် မင်းသားတစ်ပါးက လာရောက် အုပ်စိုးခဲ့လေသည်။

ထိုမင်းသားမှာ ပြင်သစ်ဘုရင်၏မြေးတော် အန်ဇူမြို့စား ပဉ္စမ ဖိလစ်ဖြစ်၍ စပိန်နိုင်ငံတွင် ၁၉၃၁ ခုနှစ်အထိ အုပ်စိုးခဲ့သော ဗူးဗွန် မင်းဆက်တွင် ပထမဦးဆုံးဘုရင် ဖြစ်လေသည်။ ထိုအခါမှစ၍ စပိန်နိုင်ငံမှာ တဖြည်းဖြည်း တန်ခိုးမှိန်ခဲ့ လေသည်။ စပိန်ထီးနန်းဆက်ခံရေးစစ်ပွဲ အတွင်းက (ခရစ် ၁၇၀၄-၁၇၁၄) ဂျီဗရောတားနယ်၊ မီနောကားနယ်၊ အီတလီ ပြည်နယ်ရှိနယ်များနှင့် နယ်သာလန်ပြည်နယ်များ ဆုံးရှုံးခဲ့ရ လေသည်။ ထို့ပြင် စပိန်နိုင်ငံအတွက် အကျိုးမရှိသော စပိန် အီတလီစစ်ပွဲများ ဖြစ်ပွားခဲ့လေသည်။

၁၇၈၉ ခုနှစ် ပြင်သစ်တော်လှန်ရေးကြီးတွင် စပိန်ဘုရင် သည် ဆွေတော်မျိုးတော် ဖြစ်သော ပြင်သစ်ဘုရင်ဖက်မှ ကူညီခဲ့လေသည်။ သို့ရာတွင် တော်လှန်သူများ အောင်မြင် ပြီးနောက် တန်ခိုးတက်လာသော နပိုလီယန်၏ ပရိယာယ် ကြောင့် စပိန်နိုင်ငံရှိ ပြင်သစ်နန်းဆက်ပင် ပြတ်ရလေတော့ သည်။

နပိုလီယန်သည် ညီတော်ဂျိုးဇက်အား စပိန်နိုင်ငံ၏ထီးနန်း ကို အပ်နှင်းခဲ့လေသည်။ သို့သော် မကြာမီ စပိန်နိုင်ငံသား အပေါင်းတို့သည် ဂျိုးဇက်ဘုရင်အား လက်နက်စွဲကိုင်ကာ တော် လှန်ခဲ့ကြလေသည်။ နပိုလီယန် တန်ခိုးကြီးမားလာမည်ကို စိုးရိမ်သော အင်္ဂလိပ်တို့က စပိန်သူပုန်တို့အား ကူညီသဖြင့် စပိန်တော်လှန်ရေးကြီး အောင်မြင်ခဲ့လေသည်။

စပိန်နိုင်ငံသည် နပိုလီယန်၏ ပြင်သစ်စစ်တပ်များ လက် အောက်မှ လွတ်မြောက်ခဲ့ပြီးနောက်၌ကား နပိုလီယန်က အကျဉ်းချထားသော ဗူးဗွန်မင်းဆက် သတ္တမဖာဒီနန်ဘုရင် လွတ်မြောက်လာပြီးလျှင် စပိန်နိုင်ငံကို ပြန်လည်စိုးစံခဲ့သည်။ ၁၈၃၃ ခုနှစ်တွင် သတ္တမဖာဒီနန် ဘုရင်နတ်ရွာစံသောအခါ၊ အမေရိကတိုက်ရှိ စပိန်ပိုင်နယ် အားလုံးလိုလိုကို လက်လွှတ် လိုက်ရသည်။ ကျန်ရှိနေသေးသော ကျူးဗားနှင့် ပွားတိုးရီးကိုး ကိုလည်း ၁၈၉၈ ခုနှစ်တွင် ဖြစ်ပွားသော စပိန်အမေရိကန် စစ်ပွဲတွင် လုံးဝ ဆုံးရှုံးလေသည်။

သတ္တမ ဖာဒီနန်ဘုရင်၏ ထီးနန်းရိုက်ရာကို သမီးတော် ဒုတိယအဇ္ဇဗဲလား မင်းသမီးက ဆက်ခံစိုးစံသည်။ သို့ရာတွင် ဘထွေးတော် ဒွန်ကာလိုမင်းသားက သူသာလျှင် စပိန်ထီးနန်း ကို စိုးစံထိုက်သည်ဟု ဆိုကာ တော်လှန်ပုန်ကန်ရာ ပြည်တွင်း စစ်ပွဲကြီး ဖြစ်ပွားရပြန်သည်။

၁၈၇၃ ခုနှစ်မှ ၁၈၇၅ ခုနှစ်အထိ စပိန်သမနိုင်ငံကို ပထမ ဆုံးအကြိမ် တည်ထောင်ခဲ့ပါသော်လည်း၊ အမှန်အားဖြင့် စပိန် နိုင်ငံတွင် အုပ်ချုပ်သော အစိုးရဟူ၍ အတည်တကျမရှိဘဲ ပြည်တွင်း ဆူပူမှုများသာလျှင် ဖြစ်ပွားလျက် ရှိခဲ့လေသည်။ ထိုကြောင့် ၁၈၇၅ ခုနှစ်တွင် ဆူပူလှုပ်ရှားထကြွမှုများကို ရွံရှာ လာကြပြီဖြစ်သော စစ်ဖက်အာဏာပိုင်များက ဗူးဗွန်မင်းဆက် ဖြစ်သော ဒုတိယအဇ္ဇဗဲလား၏သားတော် ၁၂ ဆက်မြောက် အယ်လဖွန်းဆိုးအား စပိန်ထီးနန်းကို အပ်ကြသည်။ အယ်လဖွန်း ဆိုးဘုရင်သည် ပြည်တွင်းဆူပူမှု အားလုံးတို့ကို လက်နက်ဖြင့် နှိပ်ကွပ်ခဲ့၏။ ၁၈၇၆ ခုနှစ်တွင် အခြေခံဥပဒေ တစ်ရပ်ကို ပြဋ္ဌာန်းအတည်ပြုခဲ့သည်။ နန်းသက် ၁၀ နှစ်အကြာ ၁၈၈၅ ခုနှစ်တွင် အယ်လဖွန်းဆိုးမင်းသား အရွယ်ရောက်လာသည် အထိ ဘုရင်မကြီးခရစ္စတီးနားက နန်းစောင့်မယ်တော် ဘုရင်မ အဖြစ် အုပ်ချုပ်လာခဲ့ရလေသည်။ ၁၈၉၅ ခုနှစ်တွင် ကျူးဗား ကျွန်းက နောက်တစ်ကြိမ် ပုန်ကန်ထကြွ ပြန်သောကြောင့် ဗိုလ်ချုပ်ဝေးလားကို စေလွှတ်နှိမ်နင်းစေရာတွင် သူပုန်များကို ရက်ရက်စက်စက် နှိပ်ကွက်မှုနှင့် စပ်လျဉ်း၍ ၁၈၉၈ ခုနှစ်တွင် စပိန်နှင့်အမေရိကန်တို့ စစ်ဖြစ်ရလေသည်။ ထိုစစ်ပွဲတွင် စပိန် တို့ အရေးနိမ့်ပြီးလျှင် ကျူးဗားနှင့် ပွားတိုရီးကိုး ကိုသာမက ဖိလစ်ပိုင်ကျွန်းစုကိုပါ လက်လွှတ်လိုက်ရလေသည်။

၁၃ ဆက်မြောက် အလ်လဖွန်းဆိုးမင်းသားသည် ၁၉၀၂ ခုနှစ်တွင် စပိန်နိုင်ငံ အားလုံးကို ဘုရင်အဖြစ် စိုးစံခဲ့ရလေ သည်။ ထိုအချိန်တွင် နိုင်ငံတွင်း ပြဿနာများမှာ အထူးပင် ရှုပ်ထွေးလျက်ရှိလေသည်။ အထူးသဖြင့် ခရစ်ယန်ဂိုဏ်းကြီး သည် ဘုရင်အား ဩဇာလွှမ်းမိုးရန် ကြံရွယ်လျက်ရှိသည်။

၁၉၀၉ ခုနှစ်တွင် အာဖရိကတိုက်မြောက်ပိုင်း မိုရိုကိုနယ်တွင် ရှိသော တိုင်းရင်းသားအချို့တို့က စပိန်လူမျိုးတို့အား မလိုမုန်း ထားပြီး ဆူပူထကြွ သတ်ဖြတ်ကြသဖြင့် စပိန်လူမျိုးတို့မှာ မိုရိုကိုနယ်မှ လက်လွတ်ထွက်ပြေးရမလောက်ပင် အခြေအနေ ဆိုးရွားခဲ့ရလေသည်။ ထိုအချိန်တွင် စပိန်ပြည်တွင်း၌လည်း အစိုးရကို မလိုလားသော နိုင်ငံရေးခေါင်းဆောင်များက ဆူပူ ထကြွလာပြန်သည်။ သို့ရာတွင် စပိန်အစိုးရက ဆူပူမှု အရပ် ရပ်ကို နှိပ်ကွက်နိုင်ခဲ့လေသည်။

ပထမ ကမ္ဘာစစ်ပွဲကြီး အတွင်းက စပိန်နိုင်ငံသည် ကြားနေ ခဲ့သည်။ သို့ရာတွင် နိုင်ငံတွင်း ဆူပူမှုများကြောင့်၎င်း၊ သပိတ် ကိစ္စများကြောင့်၎င်း စက်မှုလက်မှုလုပ်ငန်းများ တိုးတက်ရေးမှာ ပြန်လည် ဆူပူလာပြန်သဖြင့် စစ်တပ်များ စေလွှတ်နှိပ်နင်းခဲ့ရ ပြန်သည်။ ဤတစ်ကြိမ်တွင် ဘုရင်အစိုးရအင်အားမှာ တဖြည်း ဖြည်း ပြိုကွဲစပြုလာပြီဖြစ်၍ နိုင်ငံမှာလည်း စည်းလုံးညီညွတ် ခြင်း မရှိတော့ချေ။

၁၉၂၃ ခုနှစ်တွင် ဗိုလ်ချုပ်ပရီးမိုးသေ ရီဗေးရားသည် စစ်ဖက် ဆိုင်ရာ အကူအညီဖြင့် အုပ်ချုပ်ရေးအာဏာကို ရယူပြီး ဘုရင် လက်အောက်တွင် စပိန်နိုင်ငံကို အုပ်စိုးလေသည်။ အမှန်အား ဖြင့်ဆိုသော် ရီးဗေးရားကိုယ်တိုင် အာဏာရှင်အဖြစ်ဖြင့် အုပ်စိုး ခြင်းပင်ဖြစ်၏။ အယ်လဖွန်းဆိုးဘုရင်ကလည်း သူကိုယ်တိုင် အုပ်မနိုင်စိုးမရဖြစ်နေသောကြောင့် ရီးဗေးရား အုပ်ချုပ် ခြင်းကို ခွင့်ပြုထားရလေသည်။

ဗိုလ်ချုပ်ရီးဗေးရားသည် မျိုးချစ်စိတ်ထန်သန်၍ ဖြောင့်မတ် တည်ကြည်သော ပုဂ္ဂိုလ်တစ်ဦးပင် ဖြစ်သော်လည်း သူတက် လာသည့်အချိန်က စပိန်နိုင်ငံအခြေအနေအရ ပြုပြင်ရေးလုပ်ငန်း များကို အာဏာရှင်စနစ်ဖြင့် ဆောင်ရွက်ရလေသည်။ သူသည် သူပုန်များကို ပြင်သစ်တို့၏ အကူအညီဖြင့် နှိမ်နင်းခဲ့ပြီးလျှင် သပိတ်ကိစ္စများကိုလည်း အပြင်းအထန် နှိပ်ကွပ်ခဲ့နိုင်ခဲ့သဖြင့် အရေးပါအရာရောက်သော ပြုပြင်ရေးလုပ်ငန်းများကို အောင်မြင် အောင် ဆောင်ရွက်ခဲ့လေရာ စပိန်နိုင်ငံမှာ အတော်ပင်တိုးတက် ကောင်းမွန်လာခဲ့၏။

သို့သော် ၁၉၂၉ ခုနှစ်နောက်တွင် ပေါ်လာသော ကမ္ဘာနှင့် အဝှန်း စီးပွားရေးညံ့ဖျင်းမှုကြောင့် စပိန်နိုင်ငံမှာ ပြဿနာသစ် များနှင့် ရင်ဆိုင်ရပြန်လေသည်။ ဗိုလ်ချုပ်ရီဗေးရားသည် စပိန် စစ်တပ်ကြီးကို ပြုပြင်ရန် ကြိုးစားခဲ့လေသည်။ သို့ရာတွင် သူ၏ ကြိုးပမ်းချက်းမှာ မအောင်မြင်သည့်ပြင် စစ်တပ်နှင့်ဘုရင်၏ ထောက်ခံမှုကိုလည်း မရတော့သောကြောင့် ၁၉၃၀ ပြည့်နှစ် ဇန္နဝါရီလ ၃၀ ရက်နေ့တွင် ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက် သွားရလေသည်။ စပိန်လူထုသည် အာဏာရှင် စနစ်ကို ထောက်ခံအားပေးသော အယ်လဖွန်းဆိုဘုရင်အားလည်း မလို လားကြတော့ချေ။

အယ်လဖွန်းဆိုးဘုရင်သည်လည်း နောက်ဆုံးကြိုးစားခြင်း အနေဖြင့် တိုင်းသူပြည်သားတို့အား လွပ်လပ်မှုအခွင့်အရေး ပိုမိုပေးနိုင်မည့် အစိုးရအဖွဲ့မျိုး ရရှိစေမည်ဟု ကတိပြုကာ တိုင်းပြည်ပြုလွှတ်တော် ရွေးကောက်ပွဲကြီးကို ကျင်းပခဲ့လေ သည်။ ၁၉၃၁ ခုနှစ် ဧပြီလတွင် ကျင်းပသောထိုရွေးကောက် ပွဲကြီးတွင် သမ္မတ ဂိုဏ်းသားများဖက်မှ မဲပေါင်းများစွာဖြင့် အနိုင်ရသဖြင့် အယ်လဖွန်းဆိုးဘုရင်မှာ စပိန်နိုင်ငံတွင်းမှထွက် ပြေးတိမ်းရှောင်သွားရလေသည်။ ထိုနောက် စပိန်နိုင်ငံဥပဒေပြု လွှတ်တော်သည် သမ္မတအုပ်ချုပ်ရေး အခြေခံဥပဒေကို ၁၉၁၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ပြဋ္ဌာန်းအတည်ပြုခဲ့ လေ သည်။ သမ္မတအဖြစ်ဖြင့် အဲလကာတာသာမိုးရားအား တင် မြောက်ခဲ့ကြလေသည်။ ဝန်ကြီးချုပ်မှာ မန်နွယ်အသားနယား ဖြစ်၏။ အခြေခံဥပဒေသစ်အရ ဗရင်ဂျီဂိုဏ်းမှာ သိသိသာသာ ကြီး ဖိနှိပ်ထားခြင်း ခံရသည်။ အမျိုးသမီးများမှာကား မဲပေး ခွင့်ရကြ၏။ သို့သော် သမ္မတအစိုးရမှာ အခက်အခဲအမျိုးမျိုးတို့ ကြောင့် နိုင်ငံ ကောင်းရာကောင်းကြောင်း ဆောင်ရွက်သင့် သလောက် မဆောင်ရွက်နိုင်ခဲ့ပေ။

၁၉၃၃ ခုနှစ် အောက်တိုဘာလတွင် ဥပဒေပြုလွှတ်တော် ရွေးကောက်ပွဲကြီး ကျင်းပပြန်ရာ ကွန်ဆားဗတစ်အုပ်စုဖက်မှ အနိုင်ရခဲ့လေသည်။ ထိုအခါ အင်အားတောင့်တင်းနေသော ဖက်ဆစ်အဖွဲ့နှင့် ဗရင်ဂျီဂိုဏ်းဝင်တို့၏ အဖွဲ့နှစ်ဖွဲ့တွင် ရှေးဦး စွာ ဗရင်ဂျီအဖွဲ့က ရာထူးရယူပြီး အုပ်ချုပ်ခဲ့လေသည်။ ထိုသို့ ဗရင်ဂျီအဖွဲ့က အုပ်ချုပ်သည်နှင့်တစ်ပြိုင်နက် လက်ဝဲနိုင်ငံရေး သမားများနှင့် အလုပ်သမားများကို စတင်ဖိနှိပ်လေ၏။ ထိုကြောင့် ၁၉၄၃ ခုနှစ်တွင် အထွေထွေသပိတ်ကြီး ပေါ်ပေါက် လာပြီးလျှင် အလုပ်သမားများစုပေါင်း၍ အစိုးရအား တော်လှန် ပုန်ကန်ရာ၊ ဗရင်ဂျီအဖွဲ့အစိုးရသည် မိုရိုကိုတွင် ငြိမ်းချမ်းရေး မရရှိဘဲနှင့် ၁၉၃၆၆ ခုနှစ် ရွေးကောက်ပွဲကြီး ကျင်းပခဲ့ရသည်။ ဤရွေးကောက်ပွဲတွင် လက်ဝဲနိုင်ငံရေးအဖွဲ့များ စုပေါင်းထား သည့် လူထုတပ်ဦးက အနိုင်ရသောကြောင့် လက်ဝဲအစိုးရအဖွဲ့ ဖွဲ့စည်းနိုင်ခဲ့လေသည်။

ထိုအစိုးရအဖွဲ့သည် လယ်ယာ လုပ်ငန်းဆိုင်ရာ ပြုလုပ်မှု များနှင့် အခြားပြုပြင်မှုများကို ဖြစ်မြောက်အောင် ဆောင်ရွက် ခဲ့ရာ မြေရှင်ကြီးများနှင့်ဗရင်ဂျီဂိုဏ်းတို့က အတိုက်အခံ ပြုခြင်း ကို ခံခဲ့ရလေသည်။ များမကြာမီ စစ်တပ်ပုန်ကန်မှုကြီးတစ်ရပ် ပေါ်ပေါက်ခဲ့လေသည်။ ခေါင်းဆောင်များကား ဖရန်စစ္စကိုနှင့် အေမီးလျိုးမိုးလားတို့ပင် ဖြစ်လေသည်။ တော်လှန်ရေးသမား များသည် မျိုးချစ်တော်လှန်ရေးသမားများ ဟူသောအမည်ကို ယူကာ အစိုးရတပ်များကို အပြင်းအထန် တိုက်ခိုက်ကြလေ သည်။ တစ်ယူသန်နိုင်ငံရေးသမားများကမူကား အစိုးရဖက်နှင့် သူပုန်ဖက် နှစ်ဖက်စလုံးကို မိမိတို့ သံယောဇဉ်ရှိရာ ကူညီ အားပေးကြလေသည်။ အစိုးရဖက်ကို ဆိုရှယ်ခေါင်းဆောင်ကြီး ဖြစ်သူ ဝန်ကြီးချုပ်ဖရစ်စစ္စကိုလား ဂိုကာဗာလျေးရိုးက ကူညီ အားပေးသည်။

စပိန် ပြည်တွင်းစစ်ကြီးကာ တဖြည်းဖြည်း ပိုမိုပြင်းထန်လာ လေသည်။ ဖရန်ကိုဦးစီးသော တော်လှန်ရေးတပ်က၊ စပိန်နိုင်ငံ တောင်ဘက်ဖျားသို့ တက်ရောက်တိုက်ခိုက်စဉ် ဗိုလ်ချုပ်မိုးလား ခေါင်းဆောင်သည့် အခြားတစ်တပ်ကမူကား စပိန်နိုင်ငံ မြောက် ပိုင်းသို့ တက်ရောက် တိုက်ခိုက်ကြလေသည်။ အဆိုပါ တော် လှန်ရေး စစ်တပ်ကြီးနှစ်တပ်သည် စပိန်နိုင်ငံ အလယ်ပိုင်းရှိ မဒရစ်မြို့တော်ကြီးဆီသို့ ချီတက် တိုက်ခိုက်ခဲ့ကြလေသည်။ ၁၉၃၆ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ဗိုလ်ချုပ်မိုး လား လေယာဉ်ပျံ ပျက်ကျကွယ်လွန်သဖြင့် ဖရန်ကိုသည် တော်လှန်ရေးဖက်ဆစ်တပ်မတော်ကြီး၏ တစ်ဦးတည်းသော ခေါင်းဆောင်ကြီးဖြစ်လာလေသည်။


၁၉၃၆ ခုနှစ် နိုဝင်ဘာလတွင် ဖရန်ကို၏ဖက်ဆစ်တပ်ကြီး သည် မဒရစ်မြို့တော်အနီးသို့ ဆိုက်ရောက်လာ၍ ဆိုရှယ်လစ် အစိုးရအဖွဲ့သည် ဗလင်းရှာမြို့သို့ ရွှေ့ပြောင်းခဲ့ရပြီးနောက်၊ စိတ်မချရသေးသဖြင့် ၁၉၃၇ ခုနှစ်အတွင်း ဗာစီလိုးနားမြို့သို့ တစ်ဆင့် ပြောင်းရွှေ့ ရုံးထိုင်ခဲ့လေသည်။ တော်လှန်ရေးဦးစီး အဖွဲ့ကလည်း ဗူးရဂိုမြို|တွင် ရုံးထိုင်ပြီး စင်ပြိုင်အစိုးရအဖွဲ့သစ် ဖွဲ့ကာ ဖရန်ကိုအား အာဏာရှင်အဖြစ် တင်မြောက်ခဲ့ကြလေ သည်။

ဖရန်ကို၏ အစိုးရ အဖွဲ့သစ်အား ဂျာမနီနှင့် အီတလီနိုင်ငံ တို့က ချက်ချင်း အသိအမှတ်ပြုခဲ့ကြလေသည်။ ထိုမျှမကသေး ထိုနိုင်ငံနှစ်ခုသည် လက်နက်ခဲယမ်းမီးကျောက်နှင့်တကွ လေ ယာဉ်ပျံ စသည်တို့ကိုပါ ဖရန်ကိုထံ ပေးပို့ကူညီခဲ့ခြင်းကြောင့် ဖရန်ကို၏ ဖက်ဆစ်တပ်ကြီးမှာ လျင်မြန်စွာ အောင်ပန်းဆွတ် နိုင်ခဲ့ခြင်းဖြစ်သည်။ ကွန်မျူနစ်ဝါဒသို့ ရှေးရှူနေသော ဆိုရှယ် လစ်အစိုးရအားလည်း ရုရှနိုင်ငံက အကူအညီများ ပေးခဲ့သော် လည်း ဖက်ဆစ်နိုင်ငံများကဲ့သို့ ထိရောက်ခြင်း မရှိချေ။ နိုင်ငံ အသီးသီးမှ အပျော်တမ်းတပ်သားများသည်လည်း အပြည်ပြည် ဆိုင်ရာ တပ်မဟာ ဖွဲ့စည်းကာ အစိုးရဘက်မှ ပါဝင်ကူညီ တိုက်ခိုက်ခဲ့၏။

အင်္ဂလန်နှင့် ပြင်သစ်နိုင်ငံတို့ကမူကား မည်သူ့ကိုမျှ အား မပေးချေ။ ဝက်မစွက်ရေးကော်မီတီတစ်ခု ဖွဲ့စည်းရန်ပင် ကြိုး ပမ်းခဲ့သေး၏။ ရုရှနိုင်ငံက ဆိုရှယ်လစ်အစိုးရကို လက်နက် အား၊ လူအင်းအားနှင့်ကူညီမှု ရပ်ဆဲလိုက်သည်နှင့် တစ်ပြိုင် နက်၊ ဖရက်နက်၏ ဖက်ဆစ်သူပုန်တပ်များသည် ၁၉၃၉ ခုနှစ် တွင် စပိန်နိုင်ငံတွင် ဖရန်ကို ဦးစီးသည့် ဖက်ဆစ် အစိုးရ ဆောက်တည်လာခဲ့သည်မှာ ယနေ့တိုင်ပင်ဖြစ်၏။ ထိုနောက် ဒုတိယ ကမ္ဘာစစ်ကြီး စတင်ဖြစ်ပွားလာရာ ဖရန်ကိုသည် စစ် အတွင်းသို့ ဝင်ရောက်ခြင်းမပြုဘဲ ရှောင်ကွင်းနိုင်ခဲ့ခြင်းကြောင့် ကမ္ဘာစစ်ဘေးစစ်ဒဏ်မှ လွတ်မြောက်လာခဲ့လေသည်။ သို့ရာ တွင် ရုရှဂျာမန် တိုက်ပွဲများတွင်မူကား ဂျာမန်တို့အား ကျေးဇူး တုံ့ပြန်သည့်သဘောဖြင့် ဂျာမန်တို့ဖက်မှ ကူတိုက်ခိုက်စေရန် စပိန် အပျော်တမ်း စစ်တပ်များကို ရုရှဂျာမန်စစ်ကြောင်းသို့ စေလွှတ်ခဲ့ဘူး၏။ သို့သော် ဝင်ရိုးတန်း နိုင်ငံများ တဖြည်း ဖြည်း အရေးနိမ့်လာမှန်း သိလာသောအခါ ယင်းတို့နှင့် အဆက်ဖြတ်လိုက်လေသည်။

စပိန်နိုင်ငံ အစိုးရမှာ ဖက်ဆစ်အာဏာရှင် အစိုးရမျိုးဖြစ်၏။ ဗိုလ်ချုပ်ဖရန်ကိုမှာ နိုင်ငံ၏ခေါင်းဆောင်ဖြစ်လေသည်။ ၁၉၄၇ ခုနှစ်တွင် အမျိုးသားကွန်ဂရက် လွှတ်တော်က ဖရန်ကို ကွယ် လွန်သောအခါ စပိန်မှာ ဘုရင့်အစိုးရ အုပ်ချုပ်သော နိုင်ငံ ဖြစ်လာရမည်ဟူသော ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းခဲ့၏။ ထိုဥပဒေ အရ ကွန်ဂရက်သည် ဘုရင်ကို ရွေးကောက် တင်မြောက်နိုင် သည်။ ဖရန်ကိုမှာ နိုင်ငံ၏အဓိပတိသာမဟုတ် နိုင်ငံရှိ တစ်ခု တည်းသော နိုင်ငံရေးပါတီဖြစ်သည့် ဖားလန်းပါတီ၏ ခေါင်း ဆောင်လည်း ဖြစ်သည်။ ထိုပါတီကို အဖွဲ့ဝင် ၁၀၃ ဦးပါဝင် သော အမျိုးသားကောင်စီက ကြိုးကိုင်၏။ အုပ်ချုပ်ရေးတွင် ဖရန်ကိုအား ဝန်ကြီး ၁၂ ဦးပါဝင်သော အစိုးရအဖွဲ့က ကူညီ လေသည်။ ကောတေးခေါ် ဥပဒေပြု လွှတ်တော်တွင် ဥပဒေပြု နိုင်ခွင့် အာဏာရှိသော်လည်း နိုင်ငံအဓိပတိ၏ လက်အောက်ခံ ဖြစ်သည်။ ယင်းလွတ်တော်အဖွဲ့ဝင် အချို့ကိုသာ ရွေးကောက် တင်မြှောက်ရ၏။ အဖွဲ့ဝင်များမှာ ကက်ဗိနက်အဖွဲ့ဝင် ၁၃ ဦး၊ ဖားလန်းပါတီအမျိုးသားကောင်စီ လူကြီး ၁၀၃ ဦး၊ တက္ကသိုလ် ကျောင်း ၁၂ ကျောင်းမှ အုပ်ချုပ်ရေးမှူး ၁၂ ဦး၊ လုပ်ငန်းဆိုင် ရာ ကိုယ်စားလှယ်များ၊ မြို့ကြီးပြည်နယ်ကြီးများမှ ကိုယ်စား လှယ်များ ဖြစ်လေသည်။ ပြည်နယ်တိုင်းတွင် ဆိုင်ရာအချို့ကို ဆောင်ရွက်ခွင့်ရသော အုပ်ချုပ်ရေးအဖွဲ့ အသီးသီးရှိသည်။

ပထဝီဝင်ပြင်ဆင်

နိုင်ငံရေးနှင့်အစိုးရပြင်ဆင်

စပိန်(သပိန်)နိုင်ငံတွင် စည်းမျဉ်းခံဘုရင်စနစ်ကျင့်သုံးပြီး ဘုရင် ဖိလစ်စိုးစံသည်။ ၁၉၇၈ စပိန်အခြေခံဥပဒေအရ ဒီမိုကရေစီစနစ်ကိုကူးပြောင်းခဲ့သည်။ အခြေခံဥပဒေဟာ ၁၈၁၂မှ အခြေခံဥပဒေကိုမှီငြမ်းထားခြင်းဖြစ်သည်။ ၁၉၇၆၌ ဘုရင်မင်းမြတ်ဂျွန်ကာလို့စ်မှ ဒေါလ်ဖှိုသွာရေဇ်အား ဝန်ကြီးချုပ်ခန့်အပ်ခဲ့သည်။ ဒီရလဒ်၏အကျိုးဆက်အနေဖြင့် ၁၉၇၇ အထွေ ထွေ ရွေးကောက်ပွဲမှ အခြေခံဥပဒေကောရ်တေသ်သဘောတူချက်အရ စပိန်လွှတ်တော်မှ ၁၉၇၈ အခြေခံဥပဒေကို မူကြမ်းနှင့်အတည်ပြုနိုင်ခဲ့သည်။ ၁၉၇၈ ဒီဇင်ဘာ ၆ရက်နေ့အမျိုးသားဆန္ဒခံယူပွဲပြီးသည့်နောက်ပိုင်းတွင် မဲပေးသူ ၁၉၇၈,၈၈%ဖြင့် အခြေခံဥပဒေသစ်ကိုအတည်ပြုနိုင်ခဲ့သည်။[၁၂]

စပိန်လွှတ်တော်ပြင်ဆင်

ဤလွှတ်တော်သည် နိုင်ငံ့အရေးအရာများစွာကိုတာဝန်ယူဖြေရှင်းဆုံးဖြတ်သည့်ဌာနဖြစ်သည်။

စီးပွားရေးပြင်ဆင်

လူမှုပထဝီဝင်ပြင်ဆင်

ယဉ်ကျေးမှုပြင်ဆင်

ရည်ညွှန်းချက်များပြင်ဆင်

ပြင်ပလင့်ခ်များပြင်ဆင်

မှတ်စုများပြင်ဆင်

  1. The Spanish Constitution does not establish any official name for Spain, even though the terms España (Spain), Estado español (Spanish State) and Nación española (Spanish Nation) are used throughout the document. Nonetheless, the Spanish Ministry of Foreign Affairs established in an ordinance published in 1984 that the denominations España (Spain) and Reino de España (Kingdom of Spain) are equally valid to designate Spain in international treaties. The latter term is widely used by the government in national and international affairs of all kinds, including foreign treaties as well as national official documents, and is therefore recognised as the official name by many international organisations.[၁]
  2. In Spain, other languages are officially recognised as legitimate autochthonous (regional) languages under the Spanish Constitution. In each of these, Spain's official name (စပိန်: Reino de España, pronounced: [ˈrejno ð(e) esˈpaɲa]) is as follows:
  3. The official language of the State is established in the Section 3 of the Spanish Constitution of 1978 to be Castilian.[၃] In some autonomous communities of Spain, Catalan language, Galician language, Basque language and Occitan language (locally known as Aranese language) are co-official languages. Aragonese language and Asturian language have some degree of official recognition.
  4. ဥရောပသမဂ္ဂ (EU) ၁၉၉၃ ခုနှစ် ကတည်းက
  5. As of 1 January 2020, the Spanish population increased in 392,921 in 2019, reaching a number of 47,330 million inhabitants. In the same period of time, the number of citizens with Spanish citizenship reached 42,094,606. The number of foreigners (i.e. immigrants, ex-pats and refugees, without including foreign born nationals with Spanish citizenship) permanently living in Spain was estimated to be at 5,235,375 (11.06%) in 2020.[၈]
  6. The Spanish peseta before 2002.
  7. The .eu domain is also used, as it is shared with other European Union member states. Also, the .cat domain is used in Catalonia, .gal in Galiza and .eus in the Basque Country (autonomous community) autonomous regions.

ကိုးကားပြင်ဆင်

  1. Acuerdo entre el Reino de España y Nueva Zelanda sobre participación en determinadas elecciones de los nacionales de cada país residentes en el territorio del otro, hecho en Wellington el 23 de junio de 2009.
  2. Presidency of the Government (11 October 1997)။ Real Decreto 1560/1997, de 10 de octubre, por el que se regula el Himno Nacional (in es)။ Boletín Oficial del Estado núm. 244
  3. The Spanish Constitution။ Lamoncloa.gob.es။ 25 March 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 September 2021 တွင် ပြန်စစ်ပြီး။
  4. Instituto Nacional de Estadística. Población (españoles/extranjeros) por País de Nacimiento, sexo y año။ Instituto Nacional de Estadística (Spain)။
  5. Anuario estadístico de España 2008. 1ª parte: entorno físico y medio ambiente
  6. Surface water and surface water change။ Organisation for Economic Co-operation and Development (OECD)။
  7. INEbase / Demografía y población /Padrón. Población por municipios /Estadística del Padrón continuo. Últimos datos datos
  8. ၈.၀ ၈.၁ Population Figures at 01 January 2019. Migrations Statistics. Year 2019. (in es)။ Instituto Nacional de Estadística (Spain) (INE) (June 2020)။
  9. ၉.၀ ၉.၁ ၉.၂ ၉.၃ World Economic Outlook Database, October 2020အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့
  10. Gini coefficient of equivalised disposable income – EU-SILC survey။ Eurostat။
  11. Human Development Report 2020 (PDF) (in en)။ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (10 December 2019)။
  12. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)၊ အပိုင်း (ခ)