ဦးနိုင်ငံလင်း ( ၁၉၇၇ ၊စက်တင်ဘာလ ၃ ရက်ဖွား) သည် မြန်မာနိုင်ငံရေးသမားနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦး ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီး၏ လူမှုရေး ဝန်ကြီး အဖြစ်၂၀၂၁ခုနှစ် ဇန်နဝါရီလ ၃၁ရက်နေ့အထိတာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်သည်။၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ကိုယ်စားပြု ပြည်သူ့လွှတ်တော် အမတ်တစ်ဦး ရွေးချယ်တင်မြှောက်ခံခဲ့ရ၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်ဝန်ထမ်းဆောင်ခဲ့ပြီး၊[၂] ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်အမတ်အဖြစ် ထပ်မံရွေးကောက်တင်မြှောက်ခံခဲ့ရသူဖြစ်သည်။[၃]

Naing Ngan Lin
နိုင်ငံလင်း
Member of the Pyithu Hluttaw
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
1 February 2016
မဲဆန္ဒနယ်Dekkhinathiri Township
Regional minister for social affairs[၁]
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၃ စက်တင်ဘာ ၁၉၇၇&#၁၆၀;(၁၉၇၇-၀၉-၀၃) (အသက် ၄၆)
Mon State
လူမျိုးBurmese
ကြင်ဖော်(များ)Sandar Win
သားသမီးSan Naing Ngan Lin
မိဘAye Myint (father)
Khin Phyu (mother)
နေထိုင်ရာYangon , Myanmar
အလုပ်အကိုင်Politician
ကိုးကွယ်သည့်ဘာသာBuddhism

၂၀၁၅အထွေထွေရွေးကောက်ပွဲမှတဆင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တွင် ၂၀၂၁ ဇန်နဝါရီ ၃၁ရက်အထိ လူမှုရေးဝန်ကြီးဖြစ်လာခဲ့သည်။သူသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်ဖြစ်သည်။ [၄] [၅] [၆] [၇] [၈]

အတ္ထုပ္ပတ္တိ ပြင်ဆင်ရန်

နိုင်ငံလင်းကို ၁၉၇၇ ခုနှစ်စက်တင်ဘာ ၃ ရက်တွင် မွန်ပြည်နယ်သထုံမြို့နယ်တွင် ဦးအေးမြင့်နှင့် ဒေါ်ခင်ဖြူတို့မှ မွေးဖွားခဲ့သည်။ အသက် ၃ နှစ်အရွယ်တွင်ရန်ကုန်သို့ပြောင်းရွှေ့ခဲ့သည်။

၂၀၀၆ ခုနှစ်တွင်သူသည် Open University မှ နိုင်ငံရေးနှင့် အစိုးရ ဆိုင်ရာ ဘွဲ့ကို ရရှိခဲ့သည်။ ဘွဲ့ရပြီးနောက်သူသည် သူ၏ဘဝလက်တွဲဖော် မခင်စန္ဒာဝင်း နှင့်လက်ထပ်ခဲ့သည်။ သူသည်ဇနီး၊ သား၊ ယောက္ခမများနှင့်အတူ ရန်ကုန်တွင် နေထိုင်သည်။ သူသည် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး အတွင်း နိုင်ငံရေးလှုပ်ရှားမှုတွင် ပါ ဝင်ခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် သူသည် အဖမ်းခံခဲ့ရပြီး ထောင်နှစ်လ ကျခဲ့သည်။ သူပြန်လည် လွတ်မြောက်လာပြီးနောက်တွင် ဒီမိုကရေစီအတွက် မြန်မာ့အရေးတက်ကြွ လှုပ်ရှားသူများအတွက် ညီညွတ်ရေးတပ်ဦး ကိုတည်ထောင်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် ၂၀၁၀ ခုနှစ်တွင် NLD နှင့်အတူအလုပ်လုပ်ရန် ဒေါ်အောင်ဆန်းစုကြည်မှ ခေါ်ယူခဲ့သည်။ သူသည် လူငယ်များအတွက် အခမဲ့ပညာရေးကွန်ယက်နှင့် နောက်ပိုင်းတွင် ကျန်းမာရေးကွန်ယက်ကို ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်မှုဖြင့်တည်ထောင်ခဲ့သည်။

နိုင်ငံရေးသမား ဘဝ ပြင်ဆင်ရန်

နိုင်ငံလင်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင် NLD အတွက် လွှတ်တော်အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံရသည်။ ထိုအချိန်မှစ၍ ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲ အထိ နေပြည်တော်ရှိပြည်သူ့လွှတ်တော်အတွက် ရွေးကောက် တာဝန်ပေးခြင်း ခံရသည်။ သူသည်မဲဆန္ဒနယ်မှ လူများ၏ အခက်အခဲ များကိုကူညီရန် ကြိုးစားခဲ့သည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲ မကျင်းပမီ ၂၀၁၅ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့က NLD ပါတီအောင်နိုင်ရေး မဲဆွယ်စည်းရုံးရေးဆင်းနေစဉ်အတွင်း သာကေတမြို့နယ် မာန်ပြေ (၈)လမ်းအရောက် လူသုံးဦးက ဓားဖြင့် တိုက်ခိုက်ခဲ့၍  ဦးနိုင်ငံလင်း ဒဏ်ရာရရှိခဲ့ရာ ထိုဖြစ်ရပ်ကြောင့် ဦးနိုင်ငံလင်းကို လူအများပိုသိလာခဲ့ကြပြီး ပြည်သူများ၏ ဝန်းရံပေးမှုကိုခံခဲ့ရသည်။[၁]

တပ်မတော်က အာဏာသိမ်းလိုက်သည့်  ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်ပိုင်းကစပြီး ဖမ်းဆီးထိန်းသိမ်း ခံရသူများထဲတွင် ဦးနိုင်ငံလင်းလည်း ပါဝင်ခဲ့သည်။[၂]

ယင်းနောက် စစ်ကောင်စီက ဦးနိုင်ငံလင်းကို  ရန်ကုန်တိုင်း အစိုးရအဖွဲ့ အသုံးစရိတ်ဖြင့်  ပညာရေးဆိုင်ရာ အဆောက်အဦးများ ဆောက်လုပ်ရေးအတွက် တင်ဒါကော်မတီဥက္ကဋ္ဌ တာဝန်ယူစဉ် ငွေကြေးနှင့် လက်ဆောင်ရယူခဲ့သည်ဟု စွပ်စွဲအမှုဖွင့်ခဲ့သည်။ ၂၀၂၂ ဧပြီ ၂၈ရက်တွင် အဂတိမှု ၅ မှုအတွက် တမှုကို ထောင်ဒဏ် သုံးနှစ်စီဖြင့် စုစုပေါင်း ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခဲ့သည်။[၃]

၎င်းအပေါ် စွပ်စွဲချက်များနှင့် စပ်လျဉ်းပြီး အထောက်အထားလည်း သေချာမပြနိုင်၍  အမိန့်ချမှုအပေါ် ဦးနိုင်ငံလင်းက အယူခံအဆင့်ဆင့် ဆက်ပြီးတက်သွားမည်ဟု ဧရာဝတီသတင်းဌာနက ဖော်ပြရေးသားသည်။[၄]

ကိုးကား ပြင်ဆင်ရန်

  1. Yangon has over 97,000 Chinese and 60,000 Bengalis: MinisterEleven Media Group
  2. မော်ကွန်းတင်ပြီးမိတ္တူ။ 8 July 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 April 2022 တွင် ပြန်စစ်ပြီး။
  3. မော်ကွန်းတင်ပြီးမိတ္တူ။ 18 June 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 April 2022 တွင် ပြန်စစ်ပြီး။
  4. MP ProfilePyithu Hluttaw[လင့်ခ်သေ]
  5. ဦးနိုင်ငံလင်း မဲဆွယ်စည်းရုံးမှုတွေ ပြန်စ]]
  6. လူကုန်ကူးခံခဲ့ရသည့် တက္ကသိုလ်ကျောင်းသားအား လူမှုရေးဝန်ကြီးက ထောက်ပံ့ငွေပေးအပ်]]။ 19 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 November 2020 တွင် ပြန်စစ်ပြီး။
  7. Yangon Region Hluttaw။ 1 December 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 November 2020 တွင် ပြန်စစ်ပြီး။
  8. NLD must win 2020 general elections to continue future aspirations - MPMizzima News။ 19 March 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 November 2020 တွင် ပြန်စစ်ပြီး။