နိုင်ဝင်းသီ
ဤ ဆောင်းပါးသည် စိစစ်အတည်ပြုနိုင်ရန်အတွက် နောက်ထပ်ကိုးကားချက်များ လိုအပ်နေသည်။ |
နိုင်ဝင်းသီ (၁၉၅၇ မွေးဖွား) သည် မြန်မာနိုင်ငံသား အမျိုးသားစာပေဆုရ စာရေးဆရာတစ်ဦး ဖြစ်သည်။
နိုင်ဝင်းသီ | |
---|---|
မွေးဖွား | နိုင်ဝင်း ၁၉၅၇ (အသက် ၆၆–၆၇) သန်လျင်မြို့ |
အလုပ်အကိုင် | စာရေးဆရာ၊ အယ်ဒီတာ |
နိုင်ငံလူမျိုး | မြန်မာ |
ရရှိသည့်ဆုများ | စာပေဗိမာန်စာမူဆု (၁၉၈၇)
အမျိုးသား စာပေဆု (၂၀၂၀) |
အိမ်ထောင်ဖက် | ဒေါ်သန်းနွယ် |
အစောပိုင်းဘဝ
ပြင်ဆင်ရန်နိုင်ဝင်းသီကို အဖဦးတင်လှိုင်နှင့် အမိဒေါ်အုန်းစိန်တို့မှ သန်လျင်မြို့၌ ၁၉၅၇ ခုနှစ်တွင် မွေးဖွားခဲ့သည်။ အမည်ရင်း ဦးနိုင်ဝင်း ဖြစ်ပြီး မွေးချင်းငါးယောက်အနက် ဒုတိယမြောက် သားဖြစ်သည်။ သန်လျင်မြို့ ၊ အထက(၄) ကွန်ဗင့်နှင့် အထက(၂) မက်သဒစ်ကျောင်းများတွင် ဒသမတန်းအထိ ပညာသင်ကြားခဲ့သည်။
သမဝါယမစာရေး၊ ရေတပ်သား၊ လမ်းဘေးဈေးသည်၊ သင်္ဘောကျင်းပညာသင်၊ စာအုပ်ဟောင်းရောင်းသူ စသည်ဖြင့် ဘဝမျိုးစုံ ကျင်လည်ခဲ့သည်။
စာပေရေးသားခြင်း
ပြင်ဆင်ရန်မဟေသီ၊ ကလျာ၊ စတိုင်သစ်၊ ရတီ၊ ဖက်ရှင်၊ IDEA၊ သပြေ၊ ရုပ်ရှင်အောင်လံ၊ ရွှေအောင်လံ၊ ပေါ်ပြူလာ၊ သတင်းစုံ၊ မိုးမခ၊ FACES၊ YOUTH၊ IMAGE၊ ဂျီအီးစီ၊ ရင်စူးမြား၊ ရွှေပုစွန်၊ ရုပ်ရှင်သစ္စာ၊ ပိတောက်ပွင့်သစ်၊ နရီသစ်၊Beauty Max ၊ ပြစ်မှု၊ မြရည်သီတာ၊ ရတီ၊ Buyer Choice ၊ သောကြာ၊ ရယ်စရာ၊ ရယ်ရွှင်ဖွယ်အောင်လံ၊ ရုပ်ရှင်တေးကဗျာ၊ လင်းလွန်းခင်စာပေအနုပညာမဂ္ဂဇင်းများ၊ Moemaka ၊ သစ်ခက်သံလွင်၊ Freedom wave Online webpages များနှင့် မြန်မာတိုင်းမ်၊ The Voice နေ့စဉ်ထုတ်သတင်းစာများတွင် ဝတ္ထုတို၊အက်ဆေးနှင့် သရော်စာများရေးသားခဲ့သည်။
ရင်စူးမြား Online Magazine တွင် တာဝန်ခံအယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။
ကိုပေသီးအုန်းပင်တက်နေသည်နှင့် အခြားဝတ္ထုတိုများ(၁၉၈၉ခုနှစ်)၊ ခရမ်းပြာကောင်းကင်(၂၀၀၂ ခုနှစ်) အကြွင်းမဲ့နှင်းဆီ(၂၀၀၂ ခုနှစ်)၊ နာရီတစ်လုံးရဲ့အလျား မဂ္ဂဇင်းဝတ္ထုတိုများ (၂၀၁၇ ခုနှစ်)၊ မြို့ကလေးရဲ့အော်ပရာ အက်ဆေးများ (၂၀၂၀ခုနှစ်) စသည့် စာအုပ်များကို ရေးသားခဲ့ပါသည်။
ရရှိခဲ့သော ဆုတံဆိပ်များ
ပြင်ဆင်ရန်ကိုပေသီးအုန်းပင်တက်နေသည်နှင့် အခြားဝတ္ထုတိုများစာအုပ်သည် ၁၉၈၇ ခုနှစ် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ဝတ္ထုတိုပေါင်းချုပ် ပထမဆု ရရှိခဲ့သည်။ မြို့ကလေးရဲ့အော်ပရာ အက်ဆေးစာအုပ်သည် ၂၀၂၀ ခုနှစ် အမျိုးသား စာပေဆု ရသစာတမ်း (အက်ဆေးဆု) ရရှိခဲ့သည်။
မိသားစု
ပြင်ဆင်ရန်ဇနီးမှာ ဒေါ်သန်းနွယ်ဖြစ်ပြီး သားတစ်ယောက်ထွန်းကားခဲ့သည်။ သန်လျင်မြို့တွင် မိသားစုနှင့်အတူ နေထိုင်လျက်ရှိသည်။
ကိုးကား
ပြင်ဆင်ရန်- ↑ ၂၀၂၀ ပြည့်နှစ် အမျိုးသားစာပေဆု တစ်သက်တာစာပေဆုနှင့်အမျိုးသားစာပေဆုရှင်များ အတ္ထုပ္ပတ္တိအကျဉ်းနှင့် ဆုရစာအုပ်များ။