နီနီခင်ဇော်
နီနီခင်ဇော် သည် မြန်မာ ပေါ့ခ် အဆိုတော်တစ်ဦး ဖြစ်သည်။[၁] သူမသည် ဆေးတက္ကသိုလ် ၂၊ရန်ကုန် တွင် တက်ရောက်ခဲ့သည်။။
နီနီခင်ဇော် | |
---|---|
၂၀၂၃ခုနှစ်တွင်တွေ့ရစဉ် | |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | ရေကြည်မြို့၊ မြန်မာနိုင်ငံ | ၃၁ ဩဂုတ်၊ ၁၉၉၁
ဂီတဟန် | Pop, R&B |
အလုပ်အကိုင် | အဆိုတော်၊ တေးရေး |
တူရိယာ | အဆိုရှင် |
တက်ကြွသည့်နှစ်များ | ၂၀၀၈-လက်ရှိ |
သူမသည် ၂၀၁၃ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားများတွင် ပါဝင်ဖျော်ဖြေခဲ့သည်။[၂] သူသည် သံစဉ်များနှင့်ကမ္ဘာ သီချင်းပြိုင်ပွဲ၏ ၂၀၀၈ ရာသီ၌ အနိုင်ရခဲ့သည်။။[၃]
အသက်မွေးဝမ်းကျောင်း
ပြင်ဆင်ရန်သူမသည် ၂၀၀၈ခုနှစ် သံစဉ်များနှင့်ကမ္ဘာ အဆိုပြိုင်ပွဲ၏ အနိုင်ရသူဖြစ်သည်။ သူမသည် ၂၇ ကြိမ်မြောက် ဆီးဂိမ်းစ်၌ သွေးချင်းတို့ဌာနေ မြန်မာပြည်၊ ထာဝရမြန်မာ၊ ပြန်ဆုံမယ် တေးတို့ဖြင့် ဖျော်ဖြေခဲ့သည်။[၄]၎င်းသီချင်းများသည် ယခုတိုင်အောင်မြင်ဆဲ ဖြစ်သည်။[၅]
တစ်ကိုယ်တော်ဖျော်ဖြေပွဲများ
ပြင်ဆင်ရန်နီနီခင်ဇော်၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲများကို ရတ် ဗော်လူးရှင်း ဖျော်ဖြေပွဲ (REDVolution Shows) အမည်များဖြင့် ကျင်းပလေ့ရှိသည်။ သူ၏ ပထမဆုံးတစ်ကိုယ်တော်ဖျော်ဖြေပွဲကို ၂၀၁၇ခုနှစ်ဧပြီ၁ရက်နေ့တွင် ရန်ကုန်မြို့၊ပြည်သူ့ရင်ပြင်တွင်ကျင်းပခဲ့သည်။ ဒုတိယမြောက်ပွဲကို ၂၀၁၈ခုနှစ် ဧပြီ ၇ရက်နှင့်၈ရက်တို့တွင် ရန်ကုန်မြို့၊ အမျိုးသားဇာတ်ရုံတွင် Retro Themeဖြင့်ကျင်းပခဲ့သည်။[၆]တတိယမြောက် ဖျော်ဖြေပွဲကို ၂၀၁၉ခုနှစ် နိုဝင်ဘာလတွင် Party Themeဖြင့် မန္တလေးမြို့တွင် ကျင်းပမည်ဖြစ်သည်။[၇]
အသေးစားတစ်ကိုယ်တော်ဖျော်ဖြေပွဲအဖြစ် fg live loungeမှ ကျင်းပသော မိုးရာသီဖျော်ဖြေပွဲများတွင်လည်း ဖျော်ဖြေခဲ့သည်။၂၀၁၉ခုနှစ် ဇူလိုင်လ၂၀ရက်နေ့တွင် ရန်ကုန်မြို့ ရေကူးအသံလွှင့်ရုံ၌ တတိယမြောက် တစ်ကိုယ်တော်အခွေ၏ Music Video စတင်ဖြန့်ချိခြင်းနှင့်အတူ ဖျော်ဖြေခဲ့ခြင်းဖြစ်သည်။[၈]
ရရှိခဲ့သောဆုများ
ပြင်ဆင်ရန်- သံစဉ်များနှင့်ကမ္ဘာ (၂၀၀၈)
- မြန်မာနိုင်ငံဂီတဆု ၂၀၁၄ ခုနှစ် အကောင်းဆုံး ပေါ့ပ်သီချင်း: မျှော်လင့်ချက် တစ်စုံတစ်ရာ [ကိုးကားချက်လိုသည်]
- စီးတီးအက်ဖ်အမ်၏ လူကြိုက်အများဆုံး အမျိုးသမီးအဆိုတော်ဆု (၂၀၁၄)[၉]
အယ်လ်ဘမ်များ
ပြင်ဆင်ရန်- မာရီယို (၂၀၁၂)
- အနီရောင် (၂၀၁၅)
- ယူ (၂၀၁၇)
- ပါတီခင်ဇော် (၂၀၁၉)
မီနီ အယ်လ်ဘမ်များ
ပြင်ဆင်ရန်- Summer (၂၀၁၉)
ပုဂ္ဂိုလ်ရေးဘဝ
ပြင်ဆင်ရန်သူမသည် စူပါ ရက် (အနီရောင်) အမည်ဖြင့် အလှကုန်များ ထုတ်လုပ်နေသည်။[၁၀]
ကိုးကား
ပြင်ဆင်ရန်- ↑ Lwin Mar Htun။ "Singing finalists perform"၊ Myanmar Times၊ 24 September 2012။ 17 July 2015 တွင် ပြန်စစ်ပြီး။
- ↑ အေဝိုင်အီး။ "မြန်မာနိုင်ငံ၏ နာမည်ကြီး အနုပညာရှင်များ ပါဝင်လာသည့် ဆီးဂိမ်းလှုံ့ဆော်ရေး မတ်လတတိယအပတ်မှ စတင်ပြီ" (in Burmese)၊ Pyi Myanmar၊ Yatanarpon။ 17 July 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 21 July 2015။
- ↑ "သူတို့သံစဉ် သူတို့ကမ္ဘာ" (in Burmese)၊ 8 Days Journal၊ 1 March 2011။ 17 July 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 21 July 2015။
- ↑ SEA Games-Myanmar Confirms oversea ahead။
- ↑ Aung၊ Nandar။ "The name on everyone’s lips" (in en-gb)၊ The Myanmar Times။ 2017-08-08 တွင် ပြန်စစ်ပြီး။
- ↑ "နီနီခင်ဇော်ရဲ့ ဒုတိယမြောက် တစ်ကိုယ်တော် ဖျော်ဖြေပွဲ" (in my)၊ ၇ ရက် နေ့စဉ်သတင်းစာ။ Archived from the original on 27 September 2019။
- ↑ "စက်တင်ဘာလတွင် တစ်ကိုယ်တော်ခွေအသစ်ထွက်မဲ့ နီနီခင်ဇော်"၊ Yangon Style။ Archived from the original on 27 September 2019။
- ↑ "What's on Yangon"၊ မြန်မာတိုင်း(မ်)။[လင့်ခ်သေ]
- ↑ Ni Ni Khin Zaw won City FM’s most popular woman singer award of the Year for 2014 at the station’s 13th anniversary event[လင့်ခ်သေ]
- ↑ မော်ကွန်းတင်ပြီးမိတ္တူ။ 7 August 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 October 2017 တွင် ပြန်စစ်ပြီး။