နေထူးနိုင် (၁၉၇၉−) သည် ရုပ်ရှင်သရုပ်ဆောင်နှင့် ရုပ်ရှင်ဒါရိုက်တာ တစ်ယောက်ဖြစ်သည်။ သူ၏ အက်ရှင်ဇာတ်ကားများကြောင့် ထင်ရှားသည်။ သူသည် အက်ရှင်ဇာတ်ကားများနှင့် ရာဇဝင်ကားများကိုသာ အဓိကရိုက်ကူးသည်။[၁]

နေထူးနိုင်
မွေးဖွား (1979-01-01) ဇန်နဝါရီ ၁၊ ၁၉၇၉ (အသက် ၄၅)
ရေနံချောင်းမြို့၊ မြန်မာနိုင်ငံ။
အလုပ်အကိုင်ရုပ်ရှင် သရုပ်ဆောင်
အိမ်ထောင်ဖက်(များ)မြသင်းချယ်
သားသမီး

ဘဝအစ ပြင်ဆင်ရန်

နေထူးနိုင်ကို ၁၉၇၉ ခုနှစ် ဇန်နဝါရီ ၁ရက်နေ့တွင် ရေနံချောင်းမြို့ ၌ မွေးဖွားခဲ့သည်။[၂] အထက်တန်းအောင်မြင်သောအခါ စစ်တက္ကသိုလ် သို့တတ်ရောက်ရန်ပြင်ဆင်ခဲ့သော်လည်း စစ်ဆေးမှုမအောင်မြင်ခဲ့ချေ။ ထို့ကြောင့် သူသည် ရေနံချောင်းမှ ရန်ကုန်သို့ သွားရောက်နေထိုင်ခဲ့ပြီး အနုပညာအလုပ်များ စတင်ခဲ့သည်။

အလုပ်အကိုင် ပြင်ဆင်ရန်

နေထူးနိုင်သည် အနုပညာလောကကို အသက်၂၀ကျော် ၁၉၉၇ဝန်းကျင်တွင်အနုပညာရပ်များကို စတင်သင်သူလေ့လာခဲ့သည်။ သူ့၏ဆရာမှာ ဒါရိုက်တာ အောင်မင်းသိန်း ဖြစ်ပြီး မင်းသားဖြစ်ရန် သရုပ်ဆောင်ပညာများကိုလည်း သင်ကြားပေးခဲ့သည်။ နေထူးနိုင် ၏ ပထမဆုံး ဇာတ်ကားမှာ "ဘရုတ်" ဖြစ်သည်။ နေထူးနိုင် ဟု လူအများသိစေသော ဇာတ်ကားမှာ "အမည်မဲ့ဓား" ဖြစ်သည်။ နေထူးနိုင်သည် ဗီဒီယို ဇာတ်ကားများသာမက ရုံကြီးကားများလည်း ရိုက်ကူးပါဝင် ခဲ့သည်။ သူသည် ဗီဒီယို ဇာတ်ကားပေါင်း ရာနဲ့ချီ ရိုက်ကူးခဲ့ပြီး ဖြစ်သည်။ ထို့အပြင် ရုပ်ရှင် ဒါရိုက်တာ အဖြစ်ပါလုပ်ကိုင်သည်။ သူသည် "အမုန်းစရိုက် အမုန်းဝင်္ကပါ" ဇာတ်ကားတွင် ဒါရိုက်တာဖြစ်သည့်အပြင် ဇာတ်ညွှန်းကိုပါရေးသားခဲ့သည်။[၃] နေထူးနိုင်သည် အက်ရှင်သင်တန်းကျောင်းကို ၂၀၁၈တွင် ဖွင့်လှစ်ခဲ့သည်။[၄][၅]

မိသားစု ပြင်ဆင်ရန်

နေထူးနိုင်သည် အဆိုတော် မြသင်းချယ် နှင့်လက်ထပ်ခဲ့ပြီး သား၂ယောက်ထွန်းကားသည်။ မြသင်းချယ် သည် နေထူးနိုင်၏ ဇာတ်ကားတချို့တွင် မင်းသမီးအဖြစ်ပါဝင်ခဲ့သည်။

ကိုးကား ပြင်ဆင်ရန်

  1. Chit Poe။ "မျိုးဆက်သစ် အနုပညာရှင်များအတွက် ဖွင့်လှစ်လိုက်တဲ့ နေထူးနိုင်ရဲ့ အနုပညာသင်တန်းကျောင်း" (in my)၊ The Irrawaddy၊ 16 May 2018။ 10 July 2018 တွင် ပြန်စစ်ပြီး 
  2. Actor Nay Htoo Naing's 39th Birthday Party။ 13 July 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 July 2018 တွင် ပြန်စစ်ပြီး။
  3. "ဒါရိုက်တာ နေထူးနိုင် ရိုက်မယ့် အက်ရှင်ဇာတ်ကား" (in my)၊ Kamayut Media၊ 12 November 2017။ 10 July 2018 တွင် ပြန်စစ်ပြီး။ Archived from the original on 13 July 2018။ 
  4. ဇော်ဝင်းအောင်။ "နှစ်ဖက်ကြည့်ပါ နှစ်ဖတ်မြင်ပေးပါလို့ ပြောလိုက်တဲ့ သရုပ်ဆောင် နေထူးနိုင်" (in my)၊ Popular Journal။ 10 July 2018 တွင် ပြန်စစ်ပြီး [လင့်ခ်သေ]
  5. "ပညာပေးဇာတ်ကားတွေပဲ ရိုက်ကူးတော့မည့် နေထူးနိုင်" (in my)၊ Popular Journal။ 10 July 2018 တွင် ပြန်စစ်ပြီး။ Archived from the original on 1 August 2018။ 

ပြင်ပလင့်ခ်များ ပြင်ဆင်ရန်