နေပြည်တော်နည်းပညာတက္ကသိုလ်

နေပြည်တော်နည်းပညာတက္ကသိုလ် [၁] (အင်္ဂလိပ်: Naypyitaw Technological University,) သည် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်တွင် တည်ရှိသော နည်းပညာတက္ကသိုလ်ဖြစ်သည်။ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနအဆင့်မြင့် သိပ္ပံနှင့်နည်းပညာဦးစီးဌာန လက်အောက်ရှိ တက္ကသိုလ်ဖြစ်သည်။

နေပြည်တော်နည်းပညာတက္ကသိုလ်
အမျိုးအစားအများဆိုင်
တည်ထောင်
  • ဒီဇင်ဘာ  ၂၀၁၉ (၂၀၁၉-၁၂) ( အစိုးရနည်းပညာကောလိပ်(နေပြည်တော်))
  • ၁၂ နိုဝင်ဘာ ၂၀၂၂ (တက္ကသိုလ်)
နှီးနွယ်အဖွဲ့အစည်းအဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနသိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန
တည်နေရာဇမ္ဗူသီရိမြို့နယ် , နေပြည်တော်, မြန်မာနိုင်ငံ
ဝဘ်ဆိုဒ်ntu.edu.mm

တည်နေရာ ပြင်ဆင်ရန်

နေပြည်တော်နည်းပညာတက္ကသိုလ်သည် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဓနသိဒ္ဓိရပ်ကွက်အတွင်းတွင် တည်ရှိသည်။[၂]

သမိုင်းကြောင်း ပြင်ဆင်ရန်

နေပြည်တော်နည်းပညာတက္ကသိုလ်သည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ မှ ဖွဲ့စည်းတည်ထောင်ခဲ့သော တက္ကသိုလ်တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံရှိ အင်ဂျင်နီယာပိုင်းဆိုင်ရာ ကျောင်းများအနက် တစ်ခုအပါအဝင်ဖြစ်သည်။ ယခင်က အစိုးရနည်းပညာ ကောလိပ်(နေပြည်တော်)အဖြစ်ရှိခဲ့သည့် ကျောင်းတစ်ခုလည်းဖြစ်သည်။[၃] နေပြည်တော်နည်းပညာတက္ကသိုလ် ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၂ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဖွင့်လှစ်ပေးခဲ့သည်။[၄] တက္ကသိုလ်အဆင့် မမြှင့်တင်မှီ မူလက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် စီမံကိန်းရန်ပုံငွေဖြင့် ၂၀၁၈ ခုနှစ် ဩဂုတ်လတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဓနသိဒ္ဓိရပ်ကွက်အတွင်းရှိ မြေအကျယ် ၂၂ ဧကပေါ်၌ အစိုးရနည်းပညာကောလိပ်(နေပြည်တော်)ကို တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ်သင်ကြားခြင်းများဆောင်ရွက်ခဲ့သည်။

သင်ကြားရေးဌာနများ ပြင်ဆင်ရန်

(၁) မြို့ပြအင်ဂျင်နီယာ

(၂) အီလက်ထရွန်းနစ်အင်ဂျင်နီယာ

(၃) လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ

(၄) စက်မှုအင်ဂျင်နီယာ

(၅) ကွန်ပျူတာအင်ဂျင်နီယာနှင့် သတင်းအချက်အလက်နည်းပညာ

(၆) ဗိသုကာ[၅]

ဝင်ခွင့်စနစ် ပြင်ဆင်ရန်

ဘွဲ့သင်တန်းများအား ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆို အောင်မြင်သူများမှ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ (၄)ဘာသာ ရမှတ် (အများ/အနည်း)ပေါ်မူတည်၍ ရွေးချယ် တက်ရောက်ခွင့်ပြုသည်။[၆]

ဝေဖန်ချက်များ ပြင်ဆင်ရန်

၁၉၉၀ခုနှစ် နောက်ပိုင်းမှစ၍ မြန်မာနိုင်ငံတွင် နည်းပညာတက္ကသိုလ်များ တိုးချဲ့ဖွင့်လှစ်လာရာ အင်ဂျင်နီယာအရေအတွက်သာ များပြာလာပြီး အရည်အသွေးအဆင့်မီရန်လိုအပ်ချက်ကြီးမားနေခြင်းကြောင့် ယခုကဲ့သို့ ထပ်မံဖွင့်လှစ်ခြင်းသည် အကျိုးမရှိနိုင်ကြောင်း နည်းပညာတက္ကသိုလ်ကျောင်းသားများက ဝေဖန်ခဲ့ကြသည်။ အထူးသဖြင့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအပြီး ဆရာ၊ ဆရာမများ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDMတွင် ပါဝင်နေကြသဖြင့် ဝန်ထမ်းအင်အား နည်းပါးနေချိန်တွင် အာဏာသိမ်းစစ်ကောင်စီက တက္ကသိုလ်အသစ်ဖွင့်လှစ်လိုက်မှုအပေါ် ဝေဖန်ခြင်းဖြစ်သည်။ [၇]

ကိုးကား ပြင်ဆင်ရန်

  1. စစ်ကောင်စီက နေပြည်တော်နည်းပညာတက္ကသိုလ် ဖွင့်မည်၊ ၂၀၂၂ ခုနှစ် ၁၀ တန်းအောင်များကို ခေါ်ယူနေDVB (၂၆ ဩဂုတ် ၂၀၂၂)။ ၇ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. နေပြည်တော်နည်းပညာတက္ကသိုလ် ဖွင့်ပွဲအခမ်းအနားကျင်းပ နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်MOI (၁၂ နိုဝင်ဘာ ၂၀၂၂)။ ၇ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. အစိုးရနည်းပညာကောလိပ်(နေပြည်တော်)ကို ကိုဗစ်စည်းကမ်းများနှင့်အညီ ဖွင့်လှစ်နိုင်ရေးပြင်ဆင်နေMWD Webportal။ ၇ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  4. နေပြည်တော်နည်းပညာတက္ကသိုလ် ဖွင့်ပွဲအခမ်းအနားကျင်းပ နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်CINCDS (၁၂ နိုဝင်ဘာ ၂၀၂၂)။ ၇ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  5. နေပြည်တော် နည်းပညာတက္ကသိုလ်ကို (၂၀၂၂-၂၀၂၃) ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်မည်Myanmar Digital News (၂၆ ဩဂုတ် ၂၀၂၂)။ ၇ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  6. နေပြည်တော်နည်းပညာတက္ကသိုလ် ဝင်ခွင့်လျှောက်ထားနိုင်ရေး အရည်အချင်းသတ်မှတ်ချက်များနှင့် ဝင်ခွင့်ဦးစားပေး ပြောင်းလဲလျှောက်ထားရမည့်လျှောက်လွှာပုံစံ ရယူနိုင်ကြောင်းအသိပေးကြေညာခြင်းအဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန။ 16 November 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၇ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  7. နေပြည်တော်မှာ နည်းပညာတက္ကသိုလ်အသစ် စစ်ကောင်စီဖွင့်လှစ်BBC News မြန်မာ (၁၃ နိုဝင်ဘာ ၂၀၂၂)။ ၂၂ ဩဂုတ် ၂၀၂၃တွင် ပြန်စစ်ပြီး။