နေမျိုးနော်ရထာ

မြန်မာ့ ဗိုလ်ချုပ်

နေမျိုးနော်ရထာသည် ကုန်းဘောင်ခေတ်မှ ဗိုလ်ချုပ်တစ်ဦးဖြစ်ပြီး ပထမဆုံး ရန်ကုန်မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ဗိုလ်ချုပ်သည် အလောင်းဘုရား၏ လက်ရွေးစင် ခြောက်ကျိပ်ရှစ်ယောက်တွင် ပါဝင်ခဲ့သူဖြစ်ပြီး ၁၇၅၂ ခုနှစ် ဟံသာဝတီကို တိုက်ခိုက်သိမ်းပိုက်ရာတွင် ပါဝင်ခဲ့သည်။ နောင်တွင်စစ်သူကြီးဖြစ်လာမည့် သူ့အား မူးမြစ်ကမ်းရှိ ခင်လတ် ဆိုသော ရွာကလေးတွင် ဖွားမြင်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းတွင် ဖြစ်သည်။[၁]

နေမျိုးနော်ရထာ
မွေးဖွားခင်လတ်ရွာ၊ မူးမြစ်ကမ်း
သစ္စာခံနိုင်ငံကုန်းဘောင်ခေတ်
လက်နက်ကိုင်တပ်မြန်မာဘုရင့်တပ်မတော်
အမှုထမ်း ကာလမေလ ၁၇၅၇
ရာထူးအဆင့်ဗိုလ်ချုပ်
တိုက်ပွဲ/စစ်ပွဲများကုန်းဘောင် – ဟံသာဝတီစစ်
ဆုတံဆိပ်များမင်းကျော်စည်သူ
အခြား အလုပ်ရန်ကုန်မြို့စား


အလောင်းမင်းတရားသည် ဒဂုံဟုခေါ်သော မြို့အား သိမ်းပိုက်ပြီး ရန်ကုန်ဟု သမုတ်ကာ ၎င်းနိုင်ငံတော်၏ ဆိပ်ကမ်းမြို့အဖြစ်သတ်မှတ်ပြီး စစ်သူကြီး နေမျိုးနော်ရထာအား ၂၄ မေလ ၁၇၅၇ ခုနှစ် (မြန်မာသက္ကရာဇ် ၁၁၁၉ ခု နယုလဆန်း ၇ ရက်)တွင် မြို့စားအဖြစ် ခန့်အပ်ခဲ့သည်။[၂]

ကိုးကား ပြင်ဆင်ရန်

  1. လက်ဝဲနော်ရတာနှင့် တွင်သင်းတိုက်ဝန် (၁၇၇၀)။ လှသမိန် (ed.)။ အလောင်းဘုရား အရေးတော်ပုံကျမ်း (၁၉၆၁ ed.)။ ပြည်ထောင်စု ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန ညွှန်ကြားရေးဝန်ရုံး။ p. ၃၅။
  2. အလောင်းဘုရားအရေးတော်ပုံကျမ်း၊ စာမျက်နာ ၂၂၂