နေသဇ္ဇိဓုတင် သည် ကိလေသာများကို ခါထုတ် ခေါင်းပါးစေသည့် အကျင့်တစ်ခု ဖြစ်သည်။ နိသဇ္ဇိဓုတင် ဆောက်တည်သည့် ရဟန်းသည် သွားခြင်း၊ ရပ်ခြင်း၊ ထိုင်ခြင်း ဣရိယာပုထ် (၃) မျိုးဖြင့်သာ နေရ၏။ လျောင်းသော ဣရိယာပုထ်ဖြင့် မနေရ၊ လဲလျောင်း၍ မနေရ။[] ယင်း ဓုတင် ဆောက်တည်သော ရဟန်းသည် ညဉ့် ၃ ယာမ်တွင် ၁-ယာမ် စင်္ကြံ လျှောက်သင့်၏။

ဆောက်တည်ပုံ

ပြင်ဆင်ရန်

ဤဓုတင်အား ဆောက်တည်မည့်ရဟန်းသည် သေယျံ ပဋိက္ခိပါမိ ဟု ပါဠိဘာသာဖြင့်လည်းကောင်း၊ လဲလျောင်းအိပ်စက်ခြင်းကို ပယ်ပါ၏ ဟု မြန်မာဘာသာဖြင့်လည်းကောင်း၊

နေသဇ္ဇိကင်္ဂံ သမာဒိယာမိ ဟု ပါဠိဘာသာဖြင့်လည်းကောင်း၊ ထိုင်လျက် နေလေ့ရှိသော ရဟန်း၏ အကြောင်းစေတနာကို ဆောက်တည်ပါ၏ ဟု မြန်မာဘာသာဖြင့်လည်းကောင်း ရွတ်ဆိုကာ ဆောက်တည်ရ၏။[]

ဓုတင်ဆောင် ရဟန်း ၃-မျိုး

ပြင်ဆင်ရန်

ဤ၌လည်း

(၁) အမြတ်စား (= ဥက္ကဋ္ဌ) ဓုတင်ဆောင် ရဟန်းသည် နောက်မှီတံကဲပျဉ် ပုဆိုးပတ် အာယောဂပတ် ယင်း ၃-မျိုး မအပ်။

(၂) အလတ်စား(= မဇ္ဈိမ) ဓုတင်ဆောင် ရဟန်း သည်ကား ၃-မျိုးလုံး အပ်၏။

(၃) အညံ့စား (= မုဒုက) ဓုတင်ဆောင် ရဟန်းသည် ယင်း ၃-မျိုးအပြင် ခေါင်းအုံး အခြေ ၄-ချောင်း, နောက်မှီတံကဲဟူသော အင်္ဂါ ၅-ပါး ရှိသော အင်းပျဉ်၊ အခြေ ၄-ချောင်း နောက်မှီတံကဲ လက်တင် ၂.ခု ဟူသော အင်္ဂါ ၇-ပါးရှိသော အင်းပျဉ် (ကုလားထိုင်) တို့ပါအပ်၏။ []

  • ပဉ္စင်္ဂအင်းပျဉ်= အခြေလေးခု(ခြေထောက်လေးခု)နှင့် နောက်မှီပါသော ထိုင်စရာ= ကုလားထိုင်။
  • သတ္တင်္ဂအင်းပျဉ်= အခြေလေးခု၊ နောက်မှီနှင့် ဘေးနှစ်ဖက်တွင် လက်တန်းပါသောထိုင်စရာ= လက်တင်ကုလားထိုင်။

သတ္တင်္ဂအင်းပျဉ်ကိုပြုလုပ်၍ “မိဠာဘယမထေရ်” အား လှူကြရာ မထေရ်သည် ထိုအင်းပျဉ်ကိုအသုံးပြုလျက် အနာဂါမ်ဖြစ်တော်မူ၏။

ယခုခေတ် ကိုယ်ကိုဖြောင့်စင်းစွာအိပ်၍မရသော ပက်လက်ကုလားထိုင်တို့တွင် လက်တင်စရာ မပါခဲ့လျှင် ပဉ္စင်္ဂအင်းပျဉ်ဟု ဆိုနိုင်၍၊ လက်နှစ်ဖက်တင်စရာ ပါခဲ့လျှင် သတ္တင်္ဂအင်းပျဉ်ဟု ဆိုနိုင်ပေသည်၊

သတိပြုရန်

ပြင်ဆင်ရန်

ဤဓုတင်အကျင့်ကို စွမ်းနိုင်သမျှ ကျင့်ကြံလေလျှင် ကိလေသာ ပါး၍ ကုသိုလ်တရား ပွား၍ အကျိုးများ၏။ သို့သော် ဓုတင်ဆောက်တည်သူသည် မိမိမှာ ဓုတင်ဆောက်တည်သူဖြစ်ကြောင်းကို အခြားသူတို့ကို သိအောင် ပြောပြလျှက် ကျင့်ပါမူ ဓုတင်္ဂအပ္ပိစ္ဆတာ (ဓုတင်၌ အလိုလောဘနည်းခြင်း) ဂုဏ်နှင့် မဟပ်မိတော့ပေ။[]

ဓုတင် ပျက်စီးခြင်း

ပြင်ဆင်ရန်

လျောင်း၌ အိပ်စက်ခြင်းကို ပြုကာမျှနှင့်ပင် ဓုတင် ပျက်၏။ ထိုသို့ ဓုတင်ပျက်ပါက ပြန်၍  ဆောက်တည်ကာ ကျင့်သုံးနိုင်၏။ အခြားသော ဓုတင် ဤအတိုင်း ဖြစ်၏။[]

နေသဇ္ဇိကဓုတင် ဆောင်ရကျိုး

ပြင်ဆင်ရန်
  • (၁) ရဟန်းအချို့ဟူ သေယျသုခ (= တစင်းစင်း အိပ်ခြင်း ချမ်းသာ)၊ ပဿသုခ = (ဝဲယာပြန် ပြောင်းစောင်း၍ အိပ်ခြင်းချမ်းသာ)၊ မိဒ္ဓသုခ (= တမှိန်းမှိန်း ငိုက်မျည်းခြင်း ချမ်းသာ)ကို အားထုတ်နေကြ၏ ဟု ဟောတော်မူအပ်သော စိတ်၏ အနှောင်အဖွဲ့ကို ဖြတ်ပယ်နိုင်ခြင်း,
  • (၂) ကမ္မဋ္ဌာန်းအားလုံးကို အားထုတ်ခြင်းငှါ သင့်လျော်ခြင်း,
  • (၃) ကြည်ညိုဖွယ် ဣရိယာပုထ်ရှိခြင်း
  • (၄) ဝီရိယဖြင့် အားထုတ်ခြင်း အားလျော်ခြင်း,
  • (၅) သမ္မာပဋိပတ် အကျင့်မြတ်ကို တိုးပွါးစေခြင်း ဟူသော ယင်းအကျိုးများကို ရနိုင်လေသည် [][]

တိုက်တွန်းချက်

ပြင်ဆင်ရန်

-တင်ပလ္လင်ဖွဲ့ခွေ၍ ကိုယ်အထက်ပိုင်းကို ဖြောင့်စွာထားလျက် ထိုင်နေသောယောဂီသည် မာရ်နတ်မင်း၏ စိတ်နှလုံးကို တုန်လှုပ်စေ၏။

(မာရ်နတ်၏ အလိုကိုမလိုက်၊ အကြိုက်ကိုမဆောင်)

-အိပ်ခြင်း၊ ငိုက်ခြင်း၊ မှိန်းခြင်းဟူသော သုခတို့ကို ပယ်စွန့်ကာ ပြင်းစွာအားထုတ်သော ဝီရိယရှိသည်ဖြစ်၍၊ ထိုင်လျက်အားထုတ်ခြင်းအလေ့၌ မွေ့လျော်သောပုဂ္ဂိုလ်သည်၊ ခြိုးခြံသောအကျင့်တည်ရာ သာသနာတော်တည်းဟူသော အင်ကြင်းတောအုပ်ကို တင့်တယ်စေလျက်၊ ကာမဂုဏ်အာမိသကင်းသော ပီတိသုခကို ရနိုင်၏။

ထို့ကြောင့် ပညာရှိသော သီလချစ်ခင် ယောဂီသူတော်စင်သည် ထိုင်ခြင်းဣရိယာပုတ်ဖြင့် ရှုပွားအားထုတ်သော ဓုတင်ကျင့်ဝတ်ကိုဆောင်လျက် နှစ်သက်မြတ်နိုးစွာ ကြိုးကုတ်အားထုတ်အပ်ပေသတည်း။ []

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ချမ်းမြေ့ဆရာတော် (ဧပြီ ၁၉၉၂)။ လူငယ်သင်ချမ်းမြေ့အခြေပျိုးဗုဒ္ဓဘာသာ။ ရန်ကုန်: ဦးအောင်သိန်း၊ ဓမ္မဒေသနာပြန့်ပွားရေးအဖွဲ့ငယ်၊ ချမ်းမြေ့ရိပ်သာကျောင်း။
  2. ၂.၀ ၂.၁ တိပိဋကအဘိဓာန် အတွဲ-၁၁
  3. (ဝိသုဒ္ဓိ၊၁၊၇၆)
  4. သဗြဟ္မစာရီ-ဓမ္မဝိနယ