ဒေါက်တာ နော်မန်လှ (၁၉၄၄- ၂၀၁၇ မတ္လ ၁၀ရက္) သည် မြန်မာနိုင်ငံသား ဆရာဝန် တစ်ဦး ဖြစ်ပြီး မြန်မာနိုင်ငံ၏ ပထမဆုံး အသည်း အစားထိုးခွဲစိတ်ကုသပေးသည့် ခွဲစိတ်ကုပါမောက္ခဆရာကြီး တစ်ဦး ဖြစ်ခဲ့သည်။ ထိုအသည်းအစားထိုး ကုသမှုသည် အရှေ့တောင်အာရှနိုင်ငံများတွင် ပထမဦးဆုံးသော အသည်းအစားထိုး ကုသမှုလည်း ဖြစ်ခဲ့သည်။

ပါမောက္ခ ဒေါက်တာ

နော်မန်လှ

FRCS
ဖိုင်:Prof. Dr. Naw Man La.jpg
ပါမောက္ခ/ ဌာနမှူး၊ ရင်ခေါင်းခွဲစိတ်ကုဌာန
အထွေထွေရောဂါကု ဆေးရုံသစ်ကြီး (ရန်ကုန်)
တာဝန်သက်တမ်း
၂၀၀၀ – ၂၀၀၉
ပါမောက္ခ/ ဌာနမှူး၊ ရင်ခေါင်းခွဲစိတ်ကုဌာန
ရန်ကုန်ပြည်သူ့ဆေးရုံကြီး
တာဝန်သက်တမ်း
၁၉၉၄ – ၁၉၉၉
ကိုယ်ရေး အချက်အလက်များ
မွေးဖွားကမာရွတ် ရန်ကုန်မြို့
ပညာရေးMBBS, FRCS (London), FRCS (Edin), FICS
မိခင်ကျောင်းဆေးတက္ကသိုလ် (၁) ရန်ကုန်
အလုပ်အကိုင်ခွဲစိတ်ကုပါမောက္ခ
ကျော်ကြားမှုပထမ မြန်မာများ

ငယ်ဘဝ ပြင်ဆင်ရန်

၁၉၄၄ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့တွင် ရန်ကုန်မြို့ ကမာရွတ်၊ လှည်းတန်း၌ မွန်လူမျိုး ဖခင်နှင့် တရုတ်နွယ်ဖွားမိခင်တို့မှ မွေးဖွားခဲ့သည်။ ခရစ်ယာန်ဘာသာဝင် ဖြစ်သည်။ မွေးချင်း၇ယောက်ရှိပြီး ၁ဦးမှာ ဂျပန်ခေတ်၌ ဆုံးပါးခဲ့သည်။ ဆယ်တန်းစာမေးပွဲကို စိန်ပေါလ်ကျောင်းမှအောင်မြင်ခဲ့သည်။ အင်္ဂလိပ်စကားကို ကောင်းစွာပြောနိုင်ခဲ့သည်။ ၁၉၅၉ ခုနှစ်တွင် မက်ထရစ်စာမေးပွဲကို တစ်နိုင်ငံလုံးတွင် အဆင့်၆ဖြင့် အောင်မြင်ခဲ့သည်။ ၁၉၆၁ခုနှစ်တွင် ဆေးကျောင်း စတက်ခဲ့သည်။

ဆရာဝန်ဘဝ ပြင်ဆင်ရန်

၁၉၆၇၊ ဧပြီလကုန်တွင် ဟောက်စ်ဆာဂျင်ပြီး၍ မေလ၂ရက်နေ့တွင် သရုပ်ပြဆရာဝန် ရာထူးကို စတင်ထမ်းဆောင်ခဲ့သည်။ ၁၉၆၉ ခုနှစ်တွင် အကြို FRCS အတွက် စင်္ကာပူတွင် ရက်(၇၀)သင်တန်းတက်ရန် စာမေးပွဲဝင်ရောက်ဖြေဆိုခဲ့သည်။ မြန်မာ၊ ဩစတြေးလျအင်ဒိုနီးရှားစင်္ကာပူထိုင်းမလေးရှား၊ နိုင်ငံ(၆) နိုင်ငံမှ ဝင်ရောက်ဖြေဆိုသူ အားလုံးထဲတွင် ပထမရခဲ့သည်။ သို့သော် ခွဲစိတ်ဆရာဝန် လုပ်သက် (၄) နှစ် မပြည့် သဖြင့် သင်တန်းတက်ခွင့်မရပဲ မြန်မာနိုင်ငံသို့ ပြန်လာခဲ့ရသည်။ ၁၉၇၁ ခုနှစ်၊ ဧပြီလတွင် အင်္ဂလန်သို့ စေလွှတ်ခံရသည်။ အင်္ဂလန်သို့ရောက်ပြီး ၆ လလောက်အကြာတွင် Royal College of Surgeons of England တွင် စာမေးပွဲဖြေဆိုခဲ့ရာ အောင်မြင်ခဲ့သည်။

ထို့နောက် Edinburgh သို့သွားပြီး FRCS ဖြေဆိုခဲ့ရာ FRCS(Edin) ကိုအောင်မြင်ခဲ့သည်။ Edinburgh Royal Infirmary ဆေးရုံ၌ နှလုံးနှင့် ရင်ခေါင်းခွဲစိတ်ကုဌာနတွင် လက်ထောက်ဆရာဝန်အဖြစ် ၁နှစ်ကြာတာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၇၂ ခုနှစ်၊ ဒီဇင်ဘာလတွင် ဆရာကြီးဦးကြည်ပေါ၏ လက်အောက်၌ လက်ထောက်ကထိကအဖြစ် ရန်ကုန်ဆေးရုံကြီး၌ တာဝန်ထမ်းဆောင်ခဲ့ရသည်။ ၁၉၇၈ ခုနှစ်မှ ၁၉၇၉ ခုနှစ်၊ အောက်တိုဘာလအထိ လွိုင်ကော်ဆေးရုံကြီးတွင် ခွဲစိတ်ဆရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် မြစ်ကြီးနားမြို့သို့ ပြောင်းခဲ့ရသည်။ ထိုအချိန်၌ပင် အသည်းကို စတင်စိတ်ဝင်စားခဲ့သည်။ ထိုအချိန်၌ ကချင်ပြည်နယ်တွင် ဘီပိုး၊ စီပိုးများ အဖြစ်များနေပြီဖြစ်သည်။ ကချင်ပြည်နယ်၌ ၅ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၄ ခုနှစ်၊ မေလမှ၊ ၁၉၉၉ခုနှစ်၊ ဩဂုတ်လအထိ ရန်ကုန်ဆေးရုံကြီး ရင်ခေါင်းခွဲစိတ်ကုဌာနတွင် ပါမောက္ခဌာနမှူးဖြစ်လာခဲ့သည်။ ထို့နောက် မန္တလေးတွင်၂၀၀၀ခုနှစ်၊ ဇွန်လအထိ အထိတာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် ဂျပန်ဆေးရုံဟုခေါ်သည့် အထွေထွေရောဂါကု ဆေးရုံကြီးတွင် ပါမောက္ခဌာနမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရသည်။ ၅ နှစ်တာကာလအတွင်း အသည်းလဲခြင်း လေ့ကျင့်ခန်းများအတွက် အတွေ့အကြုံများ ရှာနိုင်ခဲ့သည်။၂၀၀၂ ခုနှစ်ထဲတွင် ဟောင်ကောင်သို့သွားပြီး အသည်းအစားထိုး ခွဲစိတ်မှုကို ၄ လကြာ သင်ယူခဲ့သည်။

ပထမဆုံး အသည်းအစားထိုးကုဆရာဝန်ကြီး ပြင်ဆင်ရန်

၂၀၀၄ ခုနှစ်၊ ဩဂုတ်လ ၄ရက်နေ့တွင် မော်တော်ဆိုင်ကယ် အက်စီးဒင့်ဖြစ်ပြီး လင်မယားနှစ်ယောက် ဆေးရုံရောက်လာခဲ့သည်။ မိန်းမဖြစ်သူမှာ ဦးနှောက်ထိခိုက်ကာ သေသွားပြီဖြစ်သည်။ ထိုအမျိုးသမီးသေဆုံးပြီးနောက် သူမ၏အသည်းကို တပည့်ဖြစ်သူ လက်ထောက်ဆရာဝန် ဖိုးသော်တာမှ တောင်းပေးခဲ့သည်။ သွေးအန်ပြီးဆေးရုံရောက်လာသော အသည်းကျွမ်းနေသူ လူနာမောင်ခင်ဇော်အား ထိုအသည်းဖြင့် ဂျပန်ဆေးရုံကြီး၌ အစားထိုးခွဲစိတ်ကုသပေးခဲ့ရာ အောင်မြင်ခဲ့သည်။ မြန်မာနိုင်ငံ၏ပထမဦးဆုံးသော အသည်းအစားထိုး ကုသမှုဖြစ်သည်။ ထိုအသည်းအစားထိုး ကုသမှုသည် အရှေ့တောင်အာရှနိုင်ငံများတွင် ပထမဦးဆုံးသော အသည်းအစားထိုး ကုသမှုလည်း ဖြစ်သည်။[၁]

၂၀၀၉ ခုနှစ်တွင် ရခိုင်ပြည်နယ်တောင်ကုတ်မြို့မှ သွေးအန်ပြီးအသဲကျွမ်းနေသူ လူနာတစ်ယောက် ရောက်လာခဲ့သည်။ လူနာရှင်၏ ယောက်ဖဖြစ်သူက အသည်းလှူချင်ပါသည်ဟု ပြောလာခဲ့သည်။ ဒီဇင်ဘာ၂၅ရက်နှင့် ၂၆ရက် (၂)ရက်ကြာ အသက်ရှင်နေသောသူဆီမှ အသည်းတစ်ခြမ်းကိုယူပြီး အစားထိုးခွဲစိတ်ခဲ့ရာ အောင်မြင်ခဲ့သည်။ ယခုအခါ ဒေါက်တာနော်မန်လှသည် အသက် ၆၇ နှစ်ရှိနေပြီ ဖြစ်သော်လည်း တက်ကြွဆဲ၊ လန်းဆန်းဆဲ၊ ကုသဆဲပင်ဖြစ်ပြီး မျိုးဆက်သစ်များကိုလည်း မွေးထုတ်ပေးနေပါသည်။ [၂]

ကိုးကား ပြင်ဆင်ရန်