နေ့နံ
ဤ ဆောင်းပါးသည် မည်သည့် ကျမ်းညွှန်း (သို့) အကိုးအကား ကိုမှ ရည်ညွှန်းထားခြင်းမရှိပေ။ |
မြန်မာ့ရိုးရာ အယူအဆတွင် ညသန်းခေါင်ကျော်လျှင်နေ့ကူးသည်ဟု မယူဆပဲ မနက်အာရုဏ်တက်မှသာ နေ့ကူးသည် ဟု ယူဆသည်။ ဗုဒ္ဓဟူးနေ့ မွန်းတည့်ချိန် (နေ့လယ် ၁၂နာရီခန့်) မှ ကြာသပတေးနေ့ အာရုဏ်တက်ချိန်အထိကို ရာဟု ဟု သတ်မှတ်သည်။
ဂြိုဟ်အမည် | ဂဏန်း | သက်ဆိုင်သော အက္ခရာများ | အရပ်မျက်နှာ | ဂြိုဟ်သက် (နှစ်) | သက်ဆိုင်သော သတ္တဝါ |
---|---|---|---|---|---|
တနင်္ဂနွေ | ၁ | အ ဣ ဥ ဧ ဩ | အရှေ့မြောက် | ၆ | ဂဠုန် |
တနင်္လာ | ၂ | က ခ ဂ ဃ င | အရှေ့ | ၁၅ | ကျား |
အင်္ဂါ | ၃ | စ ဆ ဇ ဈ ည | အရှေ့တောင် | ၈ | ခြင်္သေ့ |
ဗုဒ္ဓဟူး | ၄ | လ ဝ | တောင် | ၁၇ | ဆင် |
ကြာသပတေး | ၅ | ပ ဖ ဘ ဗ မ | အနောက် | ၁၉ | ကြွက် |
သောကြာ | ၆ | သ ဟ | မြောက် | ၂၁ | ပူး |
စနေ | ၇ (သို့) ၀ | တ ထ ဒ ဓ န | အနောက်တောင် | ၁၀ | နဂါး |
ရာဟု | ၈ | ယ ရ | အနောက်မြောက် | ၁၂ | ဟိုင်းဆင် |
မိတ်ဖက်နှင့်ရန်ဖက် နေ့နံများ
ပြင်ဆင်ရန်မြန်မာ့ရိုးရာ ဗေဒင်ပညာတွင် မတည့်သော မိတ်ဓာတ်နှင့် ရန်ဓာတ်များ ကို အောက်ဖော်ပြပါ နေရာတွင် အတိုအမည်နာမ မှတ်သား ထားလေ့ ရှိကြသည်။
မိတ် - အောင်ပ ကုလား ဆွေသား တော်ရင်း
ရန် - ဦးညို ခေမာ သုတ ဝေရီ
အိမ်ထောင်မိတ် - ဦးသာ စိန်ပန်း ဒန်းလှ ကိုရှာ
အိမ်ထောင်ရန် - ဓမ္မာ သောက အင်း၀ ရာဇာ
ဓာတ်မိတ် - အန္တော ဂဗ္ဘေ စရေ ဝံသေ
ဓာတ်ရန် - ဦးဝေ စံကူး ရေဘူး တောသူ