ဤဆောင်းပါးသည် သက်ရှိ၏ ကိုယ်ခန္ဓာအစိတ်အပိုင်း အကြောင်း ဖြစ်သည်။ နေ့နာမ် အင်္ဂါ အတွက် အင်္ဂါ (နေ့နာမ်) ကို ကြည့်ပါ။

ဆဲလ်အများဖွဲ့ သက်ရှိ တခုခု၏ အင်္ဂါ သို့မဟုတ် (ခန္ဓာကိုယ်) အစိတ်အပိုင်း (အင်္ဂလိပ်: organ) ဆိုသည်မှာ - ဒြပ်သားစု အရာဝတ္ထုသဖွယ် ဖြစ်ပေါ်နေလျက် ခန္ဓာကိုယ်အတွင်း လုပ်ဆောင်ချက်တစ်ခုစီကို စုပေါင်းလုပ်ဆောင်နေသည့် တစ်ရှုးများ အစုအဝေး ဖြစ်၏။[၁] ဤသက်ရှိမျိုးများတွင် ဆိုင်ရာဆဲလ်များက ဆိုင်ရာတစ်ရှုးများအဖြစ် စုဝေးဖွဲ့စည်း၊ ဆိုင်ရာတစ်ရှူးများက ဤသို့သော ဆိုင်ရာ အင်္ဂါ (ဝါ) အစိတ်အပိုင်း များအဖြစ် စုဝေးဖွဲ့စည်းနေပြီး၊ ဤ ဆိုင်ရာအင်္ဂါများက တဖန် ဆိုင်ရာအင်္ဂါစုများအဖြစ် စုဝေးဖွဲ့စည်းနေတုံ၏။
သာဓကအားဖြင့် - လူသားဦးနှောက်နှလုံးမျက်လုံးနား စသည်တို့က၊ အချို့သော အပင်များ၌ အရွက် (သစ်ရွက်)ပန်းပွင့်အမြစ် စသည်တို့က အင်္ဂါများ (organs) အသီးသီး ဖြစ်ကြ၏။

အင်္ဂါ (ဝါ) အစိတ်အပိုင်း
လူ့ခန္ဓာကိုယ်ရှိ ကိုယ်တွင်း အင်္ဂါများ
အသေးစိတ်
စနစ်အင်္ဂါစု
လက်တင်organum
ဂရိoργανο
Anatomical terminology

အကိုးအကား

ပြင်ဆင်ရန်
  1. Widmaier၊ E P; Raff၊ H; Strang၊ KT (2014)။ Vander's Human Physiology (12th ed.)။ McGraw-Hill Higher Education။ ISBN 978-0-07-128366-3[စာမျက်နှာ လိုအပ်]