နွယ်သာကီပင်
နွယ်သာကီပင် | |
---|---|
![]() | |
Nerium oleander in flower | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | |
(unranked): | |
(unranked): | |
(unranked): | |
မျိုးစဉ်: | |
မျိုးရင်း: | |
မျိုးရင်းသေး: | |
မျိုးဇာတ်: | |
မျိုးစု: | Nerium |
မျိုးစိတ်: | N. oleander
|
ဒွိနာမ | |
Nerium oleander L.
| |
Synonyms | |
Roses of Sharon, Oleander (နွယ်သာကီ)ပြင်ဆင်
- Botany Term : Nerium indicum Mill
- Species/Family : Apocynaceae
ပုံသဏ္ဌာန်မှာ အပင်အမြဲ စိမ်းလန်း ပြီး သန်မာသော အပင်ငယ် မျိုးဖြစ်သည်။ ပေ ၂၀ ထိ မြင့် တက်နိုင်သည်။ အကိုင်းများ တောင့်တင်း ပြီး အပေါ်သို့ ထောင်မတ်နေသည်။ အရွက် ၃ ရွက် ပတ်လည်ထွက်သည်။ လှံစွပ်ပုံရှိ၏။ အရင်းအဖျား နှစ်ဖက်ချွန်သည်။ ရွက်ပြားထူ၍ ကျဉ်းပြီးသားရေကဲ့သို့ ပြောင်ချောနေသည်။ ရွက်လယ်ကြော အလွန်မာသည်။ ရွက်ညှာ တိုသည်။ အပွင့် ကြီး၍ ခေါင်းလောင်းပုံ ရှိသည်။ အဖြူရောင် သို့မဟုတ် ပန်းရောင် ကြက်သွေးရောင် ရှိသည်။ ချိုသော အနံ့ရှိ၍ အပွင့်များ အကိုင်းဖျား၌ အဆုပ် လိုက်ပွင့်သည်။ တန်ခူးလ မှ နယုန်လအတွင်း ပွင့်သည်။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများမှာ အမြစ် နှင့် အရွက်တို့ ဖြစ်ကြသည်။ မြန်မာနိုင်ငံ အနှံ့အပြားတွင် ပေါက်ရောက်၏။ အပူပိုင်း၊ အပူသမပိုင်း ရာသီဥတု နှစ်မျိုးလုံး၌ ဖြစ်ထွန်းသည်။ သဘာ၀အလျောက် ပေါက်ရောက်သော်လည်း အလှပင်အဖြစ် စိုက်ပျိုး ကြသည်။ အသုံးဝင်ပုံ အာနိသင်မှာ မြန်မာဆေးကျမ်းများ အလိုအရ အမြစ်သည် ခါးသောသတ္တိ ရှိ၏။ အားကို ဖြစ်စေသည်။ ကာမကို အားပေး၏။ အလွန် အဆိပ် များသောကြောင့် မြွေဆိပ်နှင့် အခြား ပြင်းသော အဆိပ်များကို နိုင်၏။ နူနာ၊ ပွေးနာ နှင့် နာကျင်ကိုက်ခဲ ခြင်းတို့ ကို ပျောက်ကင်းစေနိုင်သည်။ အထူးမှတ်ရန်မှာ..သောက်ဆေး အဖြစ် လုံး၀မသုံးရပေ။ ပြင်ပ လိမ်းဆေး အဖြစ်သာ သုံးနိုင်၏။ အဆိပ်ပင် ဖြစ်သည်။ အမြစ်အသုံးပြုပုံ ၁။အမြစ်မှုန့်ကို ရေနှင့်ဖျော်၍ လိမ်းပါက ကင်ဆာနာ၊ ပြည်တည် အနာများ နှင့် နူနာရောဂါများ ပျောက်ကင်း၏။ ၂။ဖျားသော သူကိုနားတွင် လိမ်းပေးပါက အဖျားပျောက်ကင်း၏။ ၃။အဆိပ်ကို ပြယ်စေသဖြင့် ကင်းကိုက်၊ မြွေကိုက်သော နေရာများတွင် အမှုန့် ပြု လိမ်းပေးပါက ပျောက်ကင်း၏။ ၄။အမြစ်မှုန့် ဖြင့် ခေါင်းကို ပွတ်ပေးပါက ခေါင်းကိုက်ရောဂါ ပျောက်၏။ ၅။အမြစ်ခေါက် မှုန့်ကို ပွေးနာနှင့် အခြားအရေပြားပေါ်ဖြစ်သော ယားနာများတွင် အသုံးပြု နိုင်သည်။ အရွက်အသုံးပြုပုံ ၁။အရွက်ကို အမှုန့်ပြု၍ ယားနာ၊ ပွေးနာ များတွင်လည်းကောင်း၊ ပြုတ်ရည်ကို အရောင်ကျစေရန် လည်းကောင်း လိမ်းပေးလျှင် ပျောက်ကင်း၏။ ၂။အရွက်ကို အရည်ညှစ်၍ မြွေကိုက်ရာတွင် အနည်းငယ် လိမ်းပေးပါက မြွေဆိပ်ပျောက်ကင်း ၏။ အခြား အဆိပ် ပြင်းသောအကောင်များ ကိုက်ရာတွင် လည်းအသုံးပြု နိုင်၏။ [၂]
Galleryပြင်ဆင်
ကိုးကားပြင်ဆင်
- ↑ Nerium oleander L.။ Germplasm Resources Information Network။ United States Department of Agriculture (1998-03-09)။ 11 October 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2010-06-26 တွင် ပြန်စစ်ပြီး။
- ↑ http://arogyamonline.com/commodity/materials/?raw=133[လင့်ခ်သေ]