မြန်မာပြည် သာသနာ့သမိုင်းတစ်လျှောက်တွင် ယခုအချိန်အထိ ပကာသနိယကံ အပြုခံရသော ရဟန်း၂ပါးသာ ရှိခဲ့သည်။ တစ်ပါးမှာ အရှင်အာဒိစ္စဝံသဖြစ်ပြီး နောက်တစ်ပါးမှာ ရှင်ဥက္ကဋ္ဌဖြစ်သည်။ ရှင်ဥက္ကဋ္ဌသည် လူသေလူဖြစ်အဆိုနှင့် ရှင်အာဒိစ္စဝံသမှာ ဘိက္ခူနီသာသနာ ပြန်လည်ထူထောင်ရန် အဆိုများ တင်ပြရာမှ အခြေခံပြီး ပကာသနိယကံ အပြုခံကြရသည်။

ဤနေရာတွင် ရှင်ဥက္ကဋ္ဌသည် ဗုဒ္ဓဝါဒအမေးအဖြေများ စာအုပ်ရေးကို ရေးခဲ့သော အရှင်အရိယဓမ္မ၏ ဆရာဖြစ်ပြီး အရှင်အာဒိစ္စဝံသမှာ ကမ္ဘာ့ဗုဒ္ဓ သာသနာပြုဆရာတော် အရှင်သေဋ္ဌိလ ၏ လက်ရင်းဆရာ ဖြစ်သည်။) ထိုကာလ နောက်ပိုင်းတွင် အရှင်ဥက္ကဋ္ဌသည် ပျံလွန်သည်အထိ ရဟန်းဝတ်နှင့်ပင် နေထိုင်သွားပြီး အရှင်အာဒိစ္စဝံသမှာမူ အသက်၆၀ပြည့်သည့်အခါ လူဝတ်လဲ၍ ဆရာကြီးဦးအောင်မြတ်ထွဋ် ဘဝဖြင့် နေထိုင်သွားခဲ့သည်။ ယခုကဲ့သို့ သမိုင်းဝင် ပကာသနိယကံ အပြုခံရသော ရဟန်းနှစ်ပါးသည် အိန္ဒိယရောက်ကတည်းက စာအတူတူ သင်ဖော်သင်ဖက်၊ တိုင်ပင်ဖော် တိုင်ပင်ဖက်၊ ဘာသာရေး နိုင်ငံရေးဆွေးနွေးဖော် ဆွေးနွေးဖက်ဖြင့် နောက်ပိုင်း ဘဝတစ်လျှောက်လုံးတွင် ကောင်းတူဆိုးဖက် သူငယ်ချင်းအရင်းများ ဖြစ်ခဲ့ကြသည်။ ဆရာတော် အရှင်ဥက္ကဋ္ဌကို ၁၉၆၃၊ ဇူလိုင် ၁၄ ရက်နေ့တွင် ပကာသနိယကံ ပြုကြသည်။… ဆရာတော် အရှင်အာဒိစ္စဝံသကိုမူ မြန်မာသက္ကရာဇ် ၁၂၉၇၊ တော်သလင်းလဆန်း ၁၂ ရက်နေ့တွင် ပကာသနိယကံ ပြုကြသည်။… ဆရာတော် အရှင်အာဒိစ္စဝံသသည် ဆရာတော် အရှင်ဥက္ကဋ္ဌထက် ၂၈ နှစ် ပိုစော၍ ပကာသနိယကံ ပြုခံခဲ့ရသည်။… ဆရာတော် အရှင်ဥက္ကဋ္ဌ ပျံလွန်တော်မူသွားသောအခါ တောင်တွင်းကြီးမြို့ နတ်မှီတောရကျောင်းတွင် ဂူသွင်းထားသည်။ ဘိက္ခူနီသာသနာ ဆိုင်ရာကို ရှေ့တွင် ရေးပေးပြီး ဖြစ်သည်။ အမျိုးသမီး(ရဟန်းမ) ဘိက္ခုနီများတွင် သိက္ခာပုဒ် များပြားခြင်း၊ အမှုကိစ္စကလည်းများ၍(ရဟန္တာမဖြစ်ခင်မှာ) ပင်ကိုသဘောမှာလည်း ရုပ်ရော၊စိတ်ရောပါ နုနယ်သည့်အတွက် တောထဲတောင်ထဲ တရားအားထုတ်သီတင်းသုံးခြင်းကဲ့သို့သော ကိစ္စများတွင်လည်း ခက်ခဲပါသည်။ ထို့ကြောင့် ဘုရားရှင်လက်ထက် (၁၆) ဝါမြောက်လောက်တွင် စခဲ့သော ဘိက္ခုနီသာသနာသည် ဘုရားရှင်လွန်တော်မူပြီး နှစ် (၅၀ဝ)အတွင်းတွင်ပျောက်ကွယ်ခဲ့သည်။ အဆက်ပြတ်သွားခဲ့သည်။ ထို့ကြောင့် ယနေ့ခေတ် မိန်းကလေးများမှာ ရဟန်းမ ဝတ်ချင်သော်လည်း ဝတ်ခွင့် မရကြတော့ပေ။ အဓိက အကြောင်းအရင်းမှာ ဘိက္ခုနီ မျိုးဆက်ပြတ်သွား၍ ဖြစ်သည်။ အမျိုးသမီးများ ရဟန်းပြုရန် လိုအပ်ချက်များမှာ သိမ်အတွင်းတွင် ကမ္မဝါစာ နှစ်ခါဖတ်ရခြင်း ဖြစ်သည်။ အမျိုးသားရဟန်းတော်များက တစ်ခါ ၊ အမျိုးသမီးရဟန်းမများက တစ်ခါ ဖတ်ပေးရသည်။ ပြီးမှ ရဟန်းမဖြစ်ခွင့်ရမည်ဟု ဘုရားရှင်က သတ်မှတ်ပေးခဲ့သည်။ သို့အတွက် အမျိုးသမီးချင်း ကမ္မဝါ ဖတ်ပေးရန် ရဟန်းမမျိုးဆက် မရှိတော့၍ မိန်းကလေးများ ရဟန်းဝတ်ခွင့် ဆုံးရှုံးခဲ့ကြသည်။ ဤအချက်ကို ဆရာတော် အရှင်အာဒိစ္စဝံသက ဘုရားရှင်သတ်မှတ်ပေးခဲ့သော ပညတ်ချက်ကို ဆန့်ကျင်သလိုပြု၍ ဘိက္ခုနီသာသနာကို ပြန်လည်အသက်သွင်းလိုသည့်အတွက် ပကာသနိယကံ ပြုခံခဲ့ရခြင်း ဖြစ်သည်။ လူသေလူဖြစ် ဆရာတော် အရှင်ဥက္ကဋ္ဌမှာမူ - ၁၉၆၃ခုနှစ်ကတည်းက သံဃာထုစုံညီပြီး ဦးဥက္ကဋ္ဌတို့ ရဟန်းတစ်စုကို သာသနာပဟု သတ်မှတ်ပြီးဖြစ်သော်လည်း လူမထွက်ဘဲ နေသောကြောင့်- ၁၉၈၀ အထူးဝိနိစ္ဆယခုံရုံး၊ အမှတ် ၂ကို ဖွဲ့စည်းကာ သာသနာ့ရန်စူးရန်ညှောင့်ကို ရှင်းခဲ့ရသည် ။

  1. ဤလူစုသည် ဘာသာမဲ့ရုပ်ဝါဒီများဖြစ်သည်
  2. လူသေလူဖြစ်ဟူ၍စိတ်ကူပေါက်ရာလိုက်လံဟောပြောနေခြင်း
  3. ၃၁ဘုံကို မြတ်စွာဘု၇ားလက်မခံဟု လွဲမှားစွာဟောပြောခြင်း
  4. ဗုဒ္ဓဘာသာ၏ အခြေခံဖြစ်သော ကံနှင့်ကံ၏အကျိုးယုံကြည်မှုကို နည်းမျိုးစုံ နှင့် ဖျက်ဆီးနေခြင်း
  5. အတိတ်အနာဂတ်ကိုလုံးဝပစ်ပယ်လျက် ဗုဒ္ဓဝါဒသည် ပစ္စုပ္ပန်ဝါဒဖြစ်လေဟန် အမျိုးမျိုးလှည့်စားဟောပြောခြင်း
  6. ဗုဒ္ဓအဘိဓမ္မာကို ဘုရားမဟောဟု လုပ်ဇာတ်ဆင်ခြင်း
  7. သဗ္ဗညုတဉာဏ်တော်ကို ပယ်ခြင်း
  8. သမထ ဝိပသနာတို့ကို ပယ်ခြင်း
  9. ဝိနည်းတော်ကို လုံးဝပစ်ပယ်လျက် သင်္ကန်းခြုံကာ မသိနားမလည်သူတို့ကို လှည့်စားခြင်း
  10. ဝိနညးဆောင်ရဟန်းတော်တို့ကို စော်ကားပုတ်ခတ်မှုကို အခွင့်သင့်တိုင်းပြုခြင်း
  11. ပရိတ်တော်တို့ကို မရွတ်ကောင်းဟု ဖျက်ဆီးခြင်း
  12. စေတီပုထိုးဆင်းတုတော်ကိုးကွယ်မှုကို ပြက်ရယ်ပြု ဖျက်ဆီးခြင်း
  13. ဗုဒ္ဓယဉ်ကျေးမှုတို့ကို အမြစ်မှတူးဖြို၇န် ကြိုးစားခြင်း
  14. သီလခံယူခြင်း သပိတ်သွပ်ခြင်းဆုပေးဆုယူပြုခြင်းများကို အမပါနပြောဆိုခြင်း
  15. ဘုရားဟောပါဠိတော်တို့ကို ကိုယ်လိုရာကိုယ်ဆွဲ အနက်မှားပေးခြင်း
  16. အရိယာနှင့်နိဗ္ဗာန်ကို သူတို့လိုသလို ဖျက်ဆီးအဓိပ္ပာယ်ဖွင့်ခြင်း
  17. ဓမ္မစကြာတရားတော်မြတ်ကို ဖျက်ဆီးပြီး ထင်ရာအနက်ပေးခြင်း
  18. လက်ဖြစ်ပါဠိများကို ဘုရားဟောဖြစ်လေဟန် ပလီစိချောက်ချက်ဟောပြောခြင်း
  19. ဗုဒ္ဓဝင်နှင့် ၄အသင်္ချေကမ္ဘာတစ်သိန်း ဖြည့်ခဲ့ရသော ပါရမီတော်တို့ကို ပြက်ရယ်ပြုဟောပြောခြင်း
  20. သံဂါယနာ ၆တန်ကို ပစ်ပယ်ခြင်း
  21. ဘုရားဟောပါဠိတော်များကို ဘုရားဟောမဟုတ်ဟု ငြင်းပယ်ခြင်း

ဒီအချက်တွေနဲ့ ဝိနည်းဓိုရ်တွေ ရဲ့ စွဲချက်တင်ခံရပါတယ်။ ရုံးတော်မှာ ပိုင်နိုင်စွာ မရှင်းနိုင်တာတွေ ကြောင့်လဲ ပကာသနိယကံ ပြုခဲ့ကြပါတယ်။ ဒီဝါဒကိုလဲ ဖျက်သိမ်းစေခဲ့ပါတယ်။ ထေရ်ကြီးဝါကြီး မထေရ်အကျော်အမော်ကြီးများ ၂၇ ပါး ဦးစီးတဲ့ ဝိနိစ္ဆယ အဖွဲ့က ဆရာတော်ရေးသားတဲ့ လူသေလူဖြစ် စာအုပ်ပါ အကြောင်းအရာများကို ကောက်နှုတ်ထောက်ပြဝေဖန် စမ်းစစ်ပြီးသကာလ.. ဆရာတော်သည် ပကာသနိယကံပြုထိုက်သူ ဖြစ်ကြောင်း တညီတညွှတ်တည်း ဆုံးဖြတ်ခဲ့ကြတယ်.. လို့ သိရပါကြောင်း..။

ခေါင်းဆောင်ဝိနည်းဓိုရ်ဆရာတော်များမှာ