ပင်န်ဇန့်(Penzance) မြို့ သည် အင်္ဂလန်နိုင်ငံ ကွန်ဝေါလ် ကောင်တီ တွင် ရှိသော ဆိပ်ကမ်းမြို့ တစ်မြို့ ဖြစ်သည်။ ၎င်းသည် ကွန်ဝေါ်လ် ကောင်တီတွင် အနောက်ဘက် အကျဆုံးမြို့ ဖြစ်ပြီး ပလိုင်းမောက်မြို့၏ အနောက်ဘက် ၇၅ မိုင်ခန့် နှင့် လန်ဒန်မြို့၏ အနောက်ဘက် နှင့် အနောက်တောင်ဘက် ၃၀၀ မိုင်ခန့် အကွာတွင် ရှိသည်။

ပင်န်ဇန့်မြို့၏ မြင်ကွင်းကျယ်

၁၅၁၂ ခုနှစ်မှစ၍ တော်ဝင်အမိန့်ကြေညာချက် အမျိုးမျိုးဖြင့် အသိအမှတ်ပြုခဲ့ပြီးနောက် ၁၆၁၄ ခုနှစ်တွင် မြို့အဖြစ် တည်ထောင်ခဲ့သည်။ ၎င်းတွင် လူဦးရေ ၂၁,၁၆၈ ဦး ရှိသည်။

မောင့်ပင်လယ်အော် ပေါ်တွင် တည်ရှိသော ပင်န်ဇန့်မြို့သည် အရှေ့တောင်ဘက်တွင် အင်္ဂလိပ် ရေလက်ကြားကို မျက်နှာမူ၍ တည်ရှိပြီး အနောက်ဘက်တွင် ငါးဖမ်းဆိပ်ကမ်းမြို့ ဖြစ်သော နယူးလင်းမြို့ တည်ရှိတာ အရှေ့ဘက်တွင် လပ်ဒ်ဗန်မြို့ ရှိသည်။ မြို့၏ တည်နေရာကြောင့် သမမျှတသော ရာသီဥတု ရှိပြီး ဗြိတိန်ရှိ အခြားနေရာ အတော်များများထက် ပို၍ ပူနွေးသည်။