ဂရိဒဏ္ဍာရီတွင် ပင်လယ်ပြင်မှ အဖိုးအို (ဂရိ: ἅλιος γέρων, translit. hálios gérōn; အင်္ဂလိပ်: the Old Man of the Sea) သည် ကမ္ဘာဦးက ပုဂ္ဂိုလ်တစ်ဦးဖြစ်၍ ယေဘုယျအားဖြင့် ၎င်းကို ဒဏ္ဍာရီလာ ရေနတ်ဘုရားများဖြစ်ကြသော နစ်ယာရီးယပ်စ်၊ ပရိုတီးယပ်စ်၊ ပေါန်တပ်စ်၊ ထရိုက်တန်၊ ဖောစစ်၊ ဂလောကပ်စ် စသည့် နတ်များတစ်ဦးမဟုတ် တစ်ဦးဖြစ်သည်ဟု ဖော်ပြကြသည်။ အဖိုးအိုသည် အာခိလိ၏ မိခင် သက်တစ် ၏ ဖခင်လည်းဖြစ်သည်။[၁]

သင်္ဘောပျက်ပြီးနောက် ပင်လယ်ပြင်မှ အဖိုးအိုက ဆင်းဘတ်ကို ကျွန်ပြုခြင်း

ဒဏ္ဍာရီ ပြင်ဆင်ရန်

ဟိုးမား ၏ အောဒစ်ဆီ စာအုပ် (၄) တွင် ဘုရင် မဲနစ်လေးယပ်စ်က တလဲမက(စ်) ကို ၎င်း၏ အိမ်အပြန်ခရီးစဉ်အကြောင်းနှင့် ၎င်းသည် အဖိုးအိုထံမှ မည်သို့မည်ပုံ ဩဝါဒရရှိခဲ့ကြောင်း ပြန်လည်ပြောပြခဲ့သည်။

ဆင်းဘတ် ပြင်ဆင်ရန်

သင်္ဘောသားဆင်းဘတ်သည် ၎င်း၏ ပဉ္စမမြောက် ပင်လယ်ခရီးစဉ်တွင် ဆိုးရွားလှသည့် ပင်လယ်ပြင်မှ အဖိုးအိုကို တွေ့ဆုံခဲ့၍ ထိုအဖိုးအိုက ဆင်းဘတ်၏ ကျောကိုခွ၍ ပူးတွယ်ထားကာ နောက်ဆုံးမှ ဆင်းဘတ်က အရက်မူးစေရန် လုပ်ဆောင်နိုင်ခဲ့သည့်အကြောင်း ပါဝင်သည်။[၂]

ကိုးကား ပြင်ဆင်ရန်

  1. Iliad, Book I, line 588 (Stanley Lombardo's notation)
  2. Nuttall Encyclopedia, Old Man of the Sea