ပင်းပက်တောင်
ပင်းပက်တောင် သို့မဟုတ် ထင်းရှူးပင်တောင် သည် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် တွင် တည်ရှိသည်။ မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး သံသတ္ထုများ တည်ရှိရာနေရာလည်း ဖြစ်သည်။ တောင်ကြီးမြို့မှ အရှေ့တောင်ဘက် ၇ မိုင်အကွာတွင် တည်ရှိသည်။ တောင်သည် ခန့်မှန်းခြေ ဧရိယာ ၈ စတုရန်းမိုင်ခန့် လွှမ်းမိုးထားသည်။ တောင်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၁၄၀၀ မီတာအထက်တွင် တည်ရှိသည်။ တောင်တွင် လူ ၇၀၀၀ ပတ်ဝန်းကျင် နေထိုင်ကြပြီး အများစုသည် ပအိုဝ်းလူမျိုးများ ဖြစ်ကြသည်။[၂]
ပင်းပက်တောင် | |
---|---|
အမြင့်ဆုံးအမှတ် | |
အမြင့် | ၁,၃၇၉ m (၄,၅၂၄ ft)[၁] |
စာရင်းသွင်းခြင်း | မြန်မာနိုင်ငံရှိ တောင်များစာရင်း |
ကိုဩဒိနိတ် | 20°43′48″N 97°7′4″E / 20.73000°N 97.11778°Eကိုဩဒိနိတ်: 20°43′48″N 97°7′4″E / 20.73000°N 97.11778°E[၁] |
ပထဝီဝင် | |
တည်နေရာ | ရှမ်းပြည်နယ်၊ မြန်မာနိုင်ငံ |
ပင်မတောင်တန်း | ရှမ်းတောင်တန်း |
တောင်တက်ခြင်း | |
ပထမဆုံး တက်ရောက်ခြင်း | unknown |
အလွယ်ဆုံး တောင်တက်လမ်း | climb |
ဒေသတွင်း အချက်အလက်များ
ပြင်ဆင်ရန်တောင်ကို ဝန်းရံထားသည့် လွင်ပြင်ကို ဟိုပုန်းလွင်ပြင်ဟု သိကြသည်။ ထိုလွင်ပြင်တွင် လူ ၃၅၀၀၀ ခန့်မှန်းခြေ နေထိုင်ကြပြီး ရွာပေါင်း ၁၀၀ ရှိသည်။ သဘတ်စမ်းချောင်း(Thabat Stream) သည် ပင်ပတ်တောင်တစ်လျှောက် တောင်ဘက်သို့ စီးဆင်းလျက် ရှိသည်။ ထို့နောက် မိုင် ၁၀၀ ခန့် ဆက်လက်စီးဆင်းပြီး ပေါင်မြစ်နှင့် ပေါင်းဆုံသည်။[၂]
တောင်၏ အနီးတွင် အဓိကနေထိုင်ကြသည့် သူများသည် ပအိုဝ်းလူမျိုးများဖြစ်ပြီး ရှမ်းလူမျိုးများ၊ အိန္ဒိယလူမျိုးများလည်း နေထိုင်ကြသည်။[၂]
တောင်၏ ပတ်ဝန်းကျင်တွင် ခန့်မှန်းခြေ ရွာ ၂၅ ရွာတွင် လူဦးရေ ၇၀၀၀ နေထိုင်ကြသည်။ နေထိုင်ကြသူများသည် လယ်သမားများ ဖြစ်ကြသည်။ သို့သော် မုဆိုးအလုပ်လုပ်ကိုင်သူမှာလည်း များပြားစွာ ရှိပြီး စမ်းချောင်းအတွင်း ရေလုပ်ငန်း လုပ်ကိုင်ကြသူများလည်း ရှိသည်။[၂]
ဆက်စပ်ဖတ်ရှုရန်
ပြင်ဆင်ရန်ကိုးကား
ပြင်ဆင်ရန်- ↑ ၁.၀ ၁.၁ GoogleEarth
- ↑ ၂.၀ ၂.၁ ၂.၂ ၂.၃ "Robbing the Future"၊ PYO။ 10 Mar 2015 တွင် ပြန်စစ်ပြီး။