(၃)သုတ် ရှိပါသည်။

[၁] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် အညတရ နတ်သား၏ မေးလျှောက်ချက်အရ နေရောင်, လရောင်, မီးရောင်, ဘုရားရှင်၏ရောင်ခြည်တော်ဟု အလင်းရောင် ၄-မျိုးသာရှိပုံ, ယင်းတို့တွင် ဘုရားရှင်၏ ရောင်ခြည်တော်သည်သာ အမြတ်ဆုံးဖြစ်ပုံကို ဘုရားရှင် ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ ဘုရားရှင်၏ ရောင်ခြည်တော်အမျိုးမျိုးကို ဖွင့်ပြထားပါသည်။


[၂] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် အညတရ နတ်သား၏ မေးလျှောက်ထားချက်အရ

= ပညာသည် လောက (၏) ၌ အလင်းရောင်၊

= သတိသည် လောက၌ နိုးကြားခြင်း၊

= အသက်မွေးကုန်သောသူတို့တွင် နွားသည် အလုပ်ကိစ္စ၌ အဖော်၊

= ထိုသတ္တဝါအပေါင်း၏ အသက်မွေးဝမ်းကြောင်းသည် ထွန်တုံး၊

= အမိသည် သားကိုမွေးမြူသကဲ့သို့ မိုးသည် ပျင်းသောသူ မပျင်းသောသူတို့ကို မွေးမြူ၏။

= မြေ၌မှီသော သတ္တဝါတို့သည် မိုးကိုမှီ၍ အသက်မွေးကုန်၏-ဟု ဘုရားရှင် ဖြေကြားဟောကြားတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်များ ပါရှိပါသည်။


[၃] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် လရောင်, နေရောင်, မီးရောင်, ပညာအလင်းရောင်-ဟူသော အလင်းရောင်လေးမျိုးတို့တွင် ပညာအလင်းရောင်သာ အမြတ်ဆုံးဖြစ်ပုံကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၄]

ကိုးကား ပြင်ဆင်ရန်

  1. -သံ၊၁၊၁၄။ သံ၊မြန်၊၁၊၁၄။ သံ၊ဋ္ဌ၊၁၊၅၀။ သံ၊ဋီ၊၁၊၉၆။ -သံယုတ္တနိကာယ၊ သဂါထာဝဂ္ဂသံယုတ္တ၊ ၁-ဒေဝတာသံယုတ္တ၊ ၃-သတ္တိဝဂ္ဂ၊ ဆဋ္ဌသုတ်။
  2. -သံ၊၁၊၄၁။ သံ၊မြန်၊၁၊၄၁။ သံ၊ဋ္ဌ၊၁၊၉၄-၅။ သံ၊ဋီ၊၁၊၁၄၀-၁။ -သံယုတ္တနိကာယ၊ သဂါထာဝဂ္ဂသံယုတ္တ၊ ၁-ဒေဝတာသံယုတ္တ၊ ၈-ဆေတွာဝဂ္ဂ၊ ဒသမသုတ်။
  3. -အံ၊၁၊၄၅၇။ အံ၊မြန်၊၁၊၄၉၆။ -အင်္ဂုတ္တရနိကာယ၊ စတုက္ကနိပါတ၊ ၃-တတိယပဏ္ဏာသက၊ (၁) ၅-အာဘာဝဂ္ဂ၊ ပဉ္စမသုတ်။
  4. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ