Alpinia galanga
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Monocots
Clade: Commelinids
မျိုးစဉ်: Zingiberales
မျိုးရင်း: Zingiberaceae
မျိုးဇာတ်: Alpinieae
မျိုးစု: Alpinia
မျိုးစိတ်:
A. galanga
ဒွိနာမ
Alpinia galanga
ပတဲကောကြီး အမြစ်

ပုံသဏ္ဌာန်

ပြင်ဆင်ရန်

အမြဲစိမ်း အပင်ငယ်မျိုးဖြစ်သည်။ အမြင့် ၅-၈ ပေ အထိ မြင့်သည်။ ရွက်ယောင် ပင်စည် ဖြစ်ပြီး ထောင်မတ်၍ ပေါက်သည်။ ပင်စည် လုံးမာ ၍ ချောမွေ့ သည်။ အရွက်ပင်စည် လုံး အား ပတ်၍ ရွက်လွှဲ ထွက်သည်။ အလျား ၁-၂ ပေ အထိ ရှိ၏။ ရွက်ပြား ကျဉ်း၏။ ရွက်ရင်းပိုင်း သို့မဟုတ် သွယ်ပြီး ရွက်ထိပ်သို့ ချွန်သွယ် သွားသည်။ ဂုံမင်း ရွက်နှင့် တူသည်။ ရွက်ညှာ တိုသည်။ ရွက်လယ်ကြော ထင်ရှား၍ မြောင်းပါသည်။ အရွက် မျက်နှာပြင် နှစ်ဖက်လုံး ချောမွေ့ပြီး ရွက်နားညီသည်။ အပွင့်သေးငယ်ပြီး အဖြူ ရောင်တွင် နီညို စင်းကလေး များ ရှိသည်။

ဥပုံသဏ္ဌာန် ဖြစ်ပြီး နနွင်း တက်နှင့် တူသည်။ အမြှေး ဖတ်များဖြင့် ဖုံးအုပ်ထားသည်။ မြစ်မြွှာ နည်းသည်။

အသုံးပြုနိုင်သည့်အစိတ်အပိုင်းများ

ပြင်ဆင်ရန်

ဥတက်

မြန်မာနိုင်ငံတွင်တွေ့နိုင်သောနေရာများ

ပြင်ဆင်ရန်

မြန်မာနိုင်ငံ အနှံ့အပြား တွင် သဘာ၀ အလျောက် ပေါက်ရောက်သည်။ ပေါက်ရောက်ပုံ သဘာ၀ ပေါက်ပင် ဖြစ်သည်။

အသုံးဝင်ပုံ

ပြင်ဆင်ရန်

မြန်မာ ဆေးကျမ်း များ အလိုအရ ပတဲကော မြစ်သည် ပူ၊ စပ်၊ ခါး သော အရသာ ရှိ၏။ ပူ၍ ထက်မြက်သော ဂုဏ်သတ္တိ ရှိ၏။ သွေး၊ သလိပ်ကို ကြေစေ၍ အဆိပ်ကို လည်းကောင်း၊ ရောင်ရမ်းသော အနာကိုလည်းကောင်း နိုင်သော သတ္တိရှိ၏။ ဝမ်းမီးကို တောက်စေသည်။ နှလုံးကို အကျိုး ပြုသည်။ နှုတ်ကို မြိန်စေသည်။

အသုံးပြုပုံ

ပြင်ဆင်ရန်

၁။ ပတဲကောကြီး ကို ဝမ်းကိုက် ရောဂါ၊ သွေးဝမ်းကျ ရောဂါ၊ ပန်းနာရောဂါ၊ နှလုံး ရောဂါ ပျောက် ဆေးများ အဖြစ် ဖော်စပ် အသုံးပြု၏။

၂။ ဆီးခဲလျှင် ပတဲကော ကို ဆန်ဆေးရည် နှင့် သွေးသောက်က ဆီးရွှင်စေ၏။

၃။ ပတဲကောကြီး မြစ်ကို ချင်းစိမ်းအရည်၊ ပျားရည်နှင့် လျက်ပေးက ချောင်းဆိုး ရောဂါ ပျောက်၏။

၄။ ပတဲကောကြီး နှင့် စမုန်ဖြူ၊ ဆားမီးဖုတ် တို့ကို အမှုန့် ပြု၍ အနည်းငယ်မျှ လျက်ပေး သော် ရင်နာ၊ ဝမ်းနာ ပျောက်၏။

၅။ ဆီးအိမ်တွင် ဆီးရှိလျက် ဆီးအောင့် ဆီးချုပ်နေမူ ပတဲကောကြီး မြစ်ကို ရေနှင့် သွေးသောက် သော် ပျောက်၏။

၆။ အဖျား ရောဂါ များ အတွက် အဖျားကို နိုင်စေ သော ငန်းဆေးနှင့် ပတဲကောကြီး ပြုတ်ရည် တိုက်ပါက လျင်မြန်စွာ ပျောက်ကင်း၏။

၇။ ပတဲကောကြီး၊ ချင်းခြောက်၊ သိန္ဓောဆား တို့ကို ဆတူ စပ်၍ အမှုန့်ပြု သောက်သော် အစာ မကြေ ရောဂါ ပျောက်ကင်း၏။ []