ကိုဩဒိနိတ်: 6°56′11″N 79°51′00″E / 6.936260°N 79.849947°E / 6.936260; 79.849947

ပတ်တက်ဈေး (မန်းနင်းဈေး ဟုလည်း ခေါ်ကြ) သည် သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့၊ ပတ်တက်ဆင်ခြေဖုံးအရပ်တွင် တည်ရှိသည့် အလွတ်ဈေးတစ်ခု ဖြစ်သည်။[၁][၂]

Main Street in Pettah with the Ghaffoor Building in the background

ဈေးသို့ အဝင်တွင် အဝိုင်းတစ်ခုအလယ်၌ ရှည်လျားသည့် အဆောက်အဦတစ်ခု တည်ရှိသည်။ ၎င်းအဆောက်အဦကို ခန်းနာရီစင်တာဝါဟု သိကြသည်။ ဤနာရီစင်တာဝါကို Framjee Bhickajee Khan မိသားစုက ဆောက်လုပ်ခဲ့သည်။ ၎င်းတို့ မိသားစုသည် ကိုလံဘိုဆီစက်ရုံကိုလည်း ပိုင်ဆိုင်ကြသည်။

ကိုလံဘိုမြို့တော်ခန်းမနှင့် ပြတိုက်အဟောင်းကို Muslim Arasi Marikar Wapchie Marikar တို့က တည်ဆောက်ခဲ့ကြပြီး ကေးမန်းဂိတ်တွင် တည်ရှိသည်။ ကေးမန်းဟု အမည်ပေးထားသည်မှာ ဒတ်ချ်တို့သည် သူတို့၏ ကျွန်များကို လွတ်မြောက်မသွားစေရန်အတွက် ဘေရာကန်တွင် မိကျောင်းများကို ထားရှိခဲဲ့ကြရာမှ ဤအမည်တွင်ခဲ့သည်။ ယခုအချိန်တွင် ဤအဆောက်အဦကို မြေညီထပ်တွင် စာတိုက်ရုံးအဖြစ်လည်းကောင်း အပေါ်ထပ်ကို ပြတိုက်အဖြစ်လည်းကောင်း အသုံးပြုလျက်ရှိသည်။ အပြင်ဘက်တွင် သက်တမ်းကြာမြင့်သည်ရေနွေးငွေ့အင်ဂျင်ပြခန်းတစ်ခုလည်း တည်ရှိသည်။

ပတ်တက်မြို့ရှိ စီးပွားရေးအများစုကို မူဆလင်များက စိုးမိုးခြယ်လှယ်ထားသည်။ မူဆလင်များသည် ကုန်ရောင်းဝယ်ရေးကို လုပ်ကိုင်ကြသည်။ အိန္ဒိယကုန်သည်များထံမှ ပြောင်းရွှေ့လာကြသည့် တမီလူမျိုးများသည် ရွှေနှင့် ရတနာပစ္စည်းဆိုင် လုပ်ငန်းကို လုပ်ကိုင်ကြသည်။ ပတ်တက်၏ အဆုံးနေရာတွင် ပင်လယ်လမ်း ရှိပြီး ထိုလမ်းသည် သိရိလင်္ကာရွှေဈေးဖြစ်ကာ သီရိလင်္ကာတစ်နိုင်ငံလုံးရှိ လူအများသည် ရွှေနှင့် လက်ဝတ်ရတနာများကို ဝယ်ယူရန် လာကြသည်။

လက်ဝတ်ရတနာဆိုင်ပေါင်း ရာပေါင်းများစွာတည်ရှိကာ လမ်းအရှည် ဖြစ်သည်။ အဓိကလမ်းမပေါ်ရှိ ဂက်စပါလမ်းဆုံတွင်လည်း လက်ဝတ်ရတနာဆိုင်များ ရှိကြသည်။ ပတ်တက်ဈေးရှိ အသိသာဆုံးသော အဆောက်အဦမှာ candy-striped Jami Ul-Alfar Mosque ဖြစ်ပြီး ၎င်းကို ၁၉၀၉ ခုနှစ်တွင် တည်ဆောက်ခဲ့သည်။

ကိုးကား ပြင်ဆင်ရန်

  1. Aves၊ Edward; Robert W. Bradnock (2003)။ Sri Lanka။ Footprint Travel Guides။ p. 72။ ISBN 1-903471-78-8
  2. Planet၊ Lonely။ Pettah Markets - Lonely Planet။ 2016-02-03 တွင် ပြန်စစ်ပြီး။