ပဒိုစောကွယ်ထူးဝင်း သည် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ဆယ်ဦးမြောက် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသူ ဖြစ်သည်။ ၂၀၂၃ ခုနှစ် ဧပြီလကုန်တွင် ပြုလုပ်သော ၁၇ ကြိမ်မြောက် ညီလာခံ၌ ဒုဥက္ကဋ္ဌဖြစ်သူ ပဒိုစောကွယ်ထူးဝင်းကို ဥက္ကဋ္ဌသစ်အဖြစ် ရွေးချယ်ခဲ့ကြသည်။[၁]

ပဒို

စောကွယ်ထူးဝင်း
ဥက္ကဋ္ဌ ကရင်အမျိုးသားအစည်းအရုံး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
မေ ၂၀၂၃
ယခင်လူစောမူတူဆေးဖိုး
ဒုဥက္ကဋ္ဌ ကရင်အမျိုးသားအစည်းအရုံး
တာဝန်သက်တမ်း
၂၀၁၆ – မေ ၂၀၂၃
အထွေထွေ အတွင်းရေးမှူး ကရင်အမျိုးသားအစည်းအရုံး
တာဝန်သက်တမ်း
၂၀၁၂ – ၂၀၁၆
ကိုယ်ရေး အချက်အလက်များ
မိခင်ကျောင်းရန်ကုန်စီးပွားရေးတက္ကသိုလ်

ပဒိုစောကွယ်ထူးဝင်းသည် ၁၉၆၈ ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး သို့ စတင်ဝင်ရောက်ခဲ့သည်။ ၁၉၇၅ ခုနှစ်မှစ၍ KNU အဖွဲ့အတွင်း မြိတ်နှင့် ထားဝယ်ဘက်ရှိ တပ်မဟာ (၄) နယ်မြေတွင် မြို့နယ်အဆင့်၊ ခရိုင်အဆင့် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ဗဟိုကော်မတီဝင်ဖြစ်လာခဲ့သည်။ ၂၀၁၂ ခုနှစ်မှ ၂၀၁၆ အထိ KNU ၏ အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။ ၂၀၁၆ ခုနှစ်မှ စတင်ကာ KNU ၏ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ကာ ၂၀၂၃ ခုနှစ်တွင် ဥက္ကဋ္ဌ အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသည်။[၁]

ကိုးကား ပြင်ဆင်ရန်