ပဒုမ္မာကြာ

ရေတွင်‌ပေါက်သော နှစ်ရှည်ပင် ပန်းမျိုးစိတ်တစ်မျိုး
Nelumbo nucifera
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
မျိုးစဉ်: Proteales
မျိုးရင်း: Nelumbonaceae
မျိုးစု: Nelumbo
မျိုးစိတ်:
N. nucifera
ဒွိနာမ
Nelumbo nucifera
Synonyms
  • Nelumbium speciosum Willd.
  • Nelumbo komarovii Grossh.
  • Nymphaea nelumbo

ပဒုမ္မာကြာ (Nelumbo nucifera) သည် နှစ်ရှည်ပင်မျိုး ဖြစ်သည်။ ပတ်ဝန်းကျင် အခြေအနေကောင်းပါက ၎င်း၏ အစေ့ကို နှစ်ပေါင်းများစွာ တိုင်အောင် သုံးစွဲနိုင်သည်။ နှစ်အကြာဆုံး မှတ်တမ်းအဖြစ် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ခြောက်သွေ့နေသော ကန်မျက်နှာပြင်မှ နှစ်ပေါင်း ၁၃၀၀ သက်တမ်းရှိသော အစေ့များကို တွေ့ခဲ့ရသည်။[၁]

အာရှ အပူပိုင်းဒေသ၊ ဩစတြေးလျနိုင်ငံ ကွင်းစလန်ပြည်နယ်[၂][၃]တို့တွင် စတင်ပေါက်ရောက်သည်။ ရေရှိရာ ဥယျာဉ်များတွင် စိုက်ပျိုးလေ့ ရှိသည်။ အိန္ဒိယနိုင်ငံ နှင့် ဗီယက်နမ်နိုင်ငံ တို့၏ နိုင်ငံတော် အထိမ်းအမှတ် ပန်းဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်

  1. "Long-living lotus: Germination and soil -irradiation of centuries-old fruits, and cultivation, growth, and phenotypic abnormalities of offspring" (2002). American Journal of Botany 89 (2): 236–47. doi:10.3732/ajb.89.2.236. PMID 21669732. 
  2. Perry, F. (1972) Flowers of the World. Bonanza Books, pp. 192–193. ISBN 060001634X.
  3. Serventy, V; Raymond, R. (1980) Lakes & Rivers of Australia. Summit Books, pp. 102–103