ပန်းကြာဝတ်မှုန်သည် ဆရာမခင်ခင်ထူး၏ တက္ကသိုလ်နောက်ခံ အချစ်ဝတ္ထုဖြစ်သည်။ ၁၉၈၀ ပြည့်နှစ်များဆီက မန္တလေးတက္ကသိုလ်နှင့် မန္တလေးဒေသတစ်ဝိုက်တွင် ဇာတ်အိမ်တည်ထားသည်။[၃] ၂၀၁၁ ခုနှစ်တွင် ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးခံရသည်။[၄] ၂၀၀၈ ခုနှစ်တွင် ဓူဝံစာပေက ပထမအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် တတိယအကြိမ် ထုတ်ဝေထားသည်။

ပန်းကြာဝတ်မှုန်
စာရေးသူခင်ခင်ထူး
နိုင်ငံမြန်မာ
ဘာသာစကားမြန်မာဘာသာ
ထုတ်ဝေအမှတ်
အမျိုးအစား
ထုတ်ဝေသူဓူဝံ
ထုတ်ဝေသည့်ရက်
၂၀၀၈ (ပထမအကြိမ်)[၁]
၂၀၁၉ ဇူလိုင်လ (တတိယအကြိမ်)[၂]
စာမျက်နှာ၅၄၆ (တတိယအကြိမ်)[၂]

အဓိကဇာတ်ကောင် ပြင်ဆင်ရန်

  • ကျိုင်းမိုင်းစော်ဘွားအနွယ်၊ မဟာဂီတကို ဝါသနာထုံသော မြန်မာစာကျောင်းသား အောင်နိုင်သူ
  • ကဗျာကို မြတ်နိုးသည့် ဓာတုဗေဒကျောင်းသူ သီရိမေ

ရုပ်ရှင် ပြင်ဆင်ရန်

ပန်းကြာဝတ်မှုန်ဝတ္ထုကို ဒါရိုက်တာ စင်ရော်မောင်မောင်က[၅] ရုပ်ရှင်အဖြစ် ရိုက်ကူးပြီး ၂၀၁၁ ခုနှစ်တွင် ရုံတင်ခဲ့သည်။[၆] နိုင်းနိုင်းနှင့် သက်မွန်မြင့်တို့က အောင်နိုင်သူနှင့် သီရိမေအဖြစ် သရုပ်ဆောင်ခဲ့ကြသည်။[၃] ထိုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် အကောင်းဆုံး ရုပ်ရှင်ဓာတ်ပုံဆုနှင့် အကောင်းဆုံး အသံဆုတို့ကို ဆွတ်ခူးခဲ့သည်။[၇]

ကိုးကား ပြင်ဆင်ရန်