ပန်းရည်စုပ်ကျောနီ
(Scarlet-backed flowerpecker)
Male
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Aves
မျိုးစဉ်: Passeriformes
မျိုးရင်း: Dicaeidae
မျိုးစု: Dicaeum
မျိုးစိတ်:
D. cruentatum
ဒွိနာမ
Dicaeum cruentatum
Synonyms
  • Certhia cruentata Linnaeus, 1758

ပန်းရည်စုပ်ကျောနီ (Dicaeum cruentatum) သည် ပန်းရည်စုပ်ငှက် မျိုးနွယ်ဝင် ငှက်တမျိုးဖြစ်သည်။ ယင်းအား အရှေ့တောင်အာရှ၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် တွေ့ရှိရလေ့ရှိသည်။ ၂၀၂၀ ခုနှစ် မတ်လ ၄ ရက်နေ့တွင် မြန်မာနိုင်ငံသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနသစ်တောဦးစီးဌာနမှ ယင်းငှက်ကို မျိုးဆက်ပျက်သုဉ်းမည့်အန္တရာယ်ရှိသဖြင့် ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်များအဖြစ် ထုတ်ပြန်ကြေညာခဲ့သည်။[]