ပန်းရောင်ခြယ်
ပန်းရောင်ခြယ် (အင်္ဂလိပ်: Pan Yaung Chel (၁၄ ဇန်နဝါရီ ၁၉၉၆ မွေးဖွား) သည် မြန်မာ တေးရေး နှင့် အဆိုတော် တစ်ဦးဖြစ်သည်။ သူမသည် ပွဲဦးထွက် album ဖြစ်သော Wake Up Daddy ကို သူမ၏ အဖေ ဂရေဟမ် နှင့် အတူသီဆိုခဲ့သည်။
ပန်းရောင်ခြယ် | |
---|---|
အမည်ရင်း | ပန်းရောင်ခြယ် |
မွေးဖွား | ရန်ကုန်မြို့၊ မြန်မာနိုင်ငံ | ၁၄ ဇန်နဝါရီ၊ ၁၉၉၆
ဂီတဟန် | Pop, R&B |
အလုပ်အကိုင် | အဆိုတော် |
တူရိယာ | စန္ဒယား |
တက်ကြွသည့်နှစ်များ | ၂၀၁၅ - လက်ရှိ |
ငယ်ဘဝနှင့်ပညာရေး
ပြင်ဆင်ရန်၁၉၉၆-၂၀၁၃အတွင်း ငယ်ဘဝနှင့်ပြည်ပတွင်နေထိုင်မှု
ပြင်ဆင်ရန်သူမ၏မိဘများမှာ ဂရေဟမ် နှင့် သင်ဇာဦး တို့ဖြစ်သည်။ သူမကို ၁၄ ဇန်နဝါရီ ၁၉၉၆ တွင် မြန်မာနိုင်ငံ ရန်ကုန်မြို့ ၌ မွေးဖွားသည်။ သူမတွင် ပန်းသွန်းခြယ် ဟု ခေါ်သော ညီမတစ်ယောက်ရှိသည်။
သူမသည် မြန်မာနိုင်ငံတွင် ကြီးပြင်းခဲ့ပြီး နိုင်ငံတကာ ကျောင်းများကို လေ့လာခဲ့သည်။ သူမသည် ၉နှစ် အရွယ်တွင် Yin Mar Record Label's ၏ ကလေးသီချင်းများ အယ်လ်ဘမ် အတွက် သူမ၏ "Twinkle Twinkle Little Star" သီချင်းကို ထည့်သွင်းခဲ့သည်။
၁၁ နှစ်အရွယ်တွင် သူမသည် သူမ မိသားစု နှင့်အတူ ဩစတေးလျ သို့ပြောင်းရွေ့ ခဲ့သည်။ သူမသည်ပညာရေး အတွက် ဆက်လက်လေ့လာခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် သူမ ၏ ဖခင်၊မိခင်နှင့် ညီမလေးတို့သည် မြန်မာနိုင်ငံသို့ ပြန်လာခဲ့ကြသည်။ သူမသည် St Brigid's College, မှာ ၂၀၁၃ ခုနှစ်က ဘွဲ့ရရှိရာ နောက်ထပ် လေ့လာမှုများ အတွက် ထပ်မံ ကြိုးစားခဲ့သည်။[၁]
၂၀၁၃ ခုနှစ် မတ်လတွင် သူမ၏ အဖေ ဂရေဟမ်သည် ရန်ကုန် တွင် တစ်ကိုယ်တော် ဖျော်ဖြေပွဲ ကျင်းပရာ သူမ၏ သီချင်းသီဆိုမှု စွမ်းရည် များကြောင့် ချီးကျူးခံခဲ့ရသည်။
အလုပ်အကိုင်
ပြင်ဆင်ရန်၂၀၁၄-၂၀၁၇ အတွင်း Wake Up Daddy သီချင်းနှင့်စတင်
ပြင်ဆင်ရန်အထက်တန်းကျောင်းပြီးနောက် သူမသည် အနောက်တိုင်း ဩစတေးလျတက္ကသိုလ် ၌ လေ့လာမှုများ ဆက်လက် လုပ်ဆောင်ခဲ့သည်။ သူမ၏ တက္ကသိုလ်ပညာရေး မပြီးမီ သူမ၏ ပွဲဦးထွက် အယ်လ်ဘမ် Wake Up Daddy အတွက် သူမ၏ အဖေ ဂရေဟမ်နှင့်အတူ ကြိုးစားခဲ့သည်။ အယ်လ်ဘမ် ၌ လူကြိုက်အများဆုံး သီချင်းမှာ (Wake Up Daddy) ဖြစ်သည်။ ဤသီချင်းကို ကလေးများ နှင့် ဆယ်ကျော်သက်များ အပြင် လူကြီးများပါ ကြိုက်နှစ်သက်ခဲ့ကြသည်။[၂] ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့တွင် ထွက်ရှိခဲ့သော ဤအယ်လ်ဘမ် တွင် သီချင်း Video ၁၄ ပုဒ် ပါဝင်ခဲ့သည်။
၂၀၁၈-လက်ရှိ ဂီတလမ်းကြောင်း
ပြင်ဆင်ရန်၂၀၁၈ ခုနှစ် နှစ်လယ်ပိုင်းလောက်တွင် သူမ၏ တစ်ကိုယ်တော် အယ်လ်ဘမ် ထွက်ဖို့ရှိကြောင်း သူမ၏အင်တာဗျူးတွင် ပြောပြသွားခဲ့သည်။ [၃] ဖေဖော်ဝါရီ ၉ရက်နေ့တွင် သူမ၏ အဖေနှင့်တူတူရေးသားထားသော "Butterflies" သီချင်းကို Facebook,YouTube Channel တို့တွင့် လွှင့်တင်ခဲ့သည်။[၄] ၂၀၁၈ ခုနှစ် မတ်လ ၁၆ရက်နေ့ တွင် သူမအကြောင်းရေးသားထားသော"You Set Me Free" သီချင်းကို Facebook, YouTube channel တို့တွင် တင်ပေးခဲ့ပြန်သည်။ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် သူမ၏ ပထမဦးဆုံး တစ်ကိုယ်တော် အယ်လ်ဘမ် "Let It Go" အတွက် သီချင်း ဗီဒီယို တစ်ပုဒ်ထုတ်ပြန်ခဲ့သည်။[၅]ဤသီချင်း ဗီဒီယို ကို Facebook စာမျက်နှာ နှင့် YouTube Channel တို့တွင် ဖြန့်ချိသည့်အချိန်ကတည်းက လူကြိုက်များခဲ့ကြသည်။ ဤသီချင်း ဗီဒီယိုကို မဖြန့်ချိမှီ ၅ ရက်အလိုက တင်ခဲ့သော Teaser ဗီဒီယို အတိုလေးကတည်းကပင် ပရိသတ်များက အားပေးခဲ့ကြသည်။
ကိုယ်စားလှယ်အဖြစ်ဆောင်ရွက်ခြင်း
ပြင်ဆင်ရန်သူမသည် ၂၀၁၆ မှ ၂၀၁၇ အတွင်း Dutch Mill အချိုရည် အတွက် ကိုယ်စားလှယ်အဖြစ် နှင့် ၂၀၁၉ ခုနှစ်တွင် Sun Silk ခေါင်းလျော်ရည် အတွက် ကိုယ်စားလှယ် အဖြစ် လုပ်ကိုင်ခဲ့သည်။ [၆] ထို့အပြင် သူမသည် Nescafe ကော်ဖီတွင်လည်း ၁ နှစ် တိုင်အောင် ကိုယ်စားလှယ် အဖြစ်လုပ်ကိုင်ခဲ့ဖူးသည်။ ၂၀၁၉ ခုနှစ်တွင် Samsung ၏ နောက်ဆုံးပေါ်ထုတ်ကုန်များ ကြော်ငြာရန် အတွက် ကိုယ်စားလှယ်အဖြစ် လုပ်ဆောင်ခဲ့သေးသည်။[၇]
တစ်ကိုယ်တော် အယ်လ်ဘမ်များ
ပြင်ဆင်ရန်- Wake Up Daddy! (၂၀၁၅)
Single သီချင်းများ
ပြင်ဆင်ရန်- Butterflies (2018)
- You Set Me Free (2018)
- Let It Go (2018)
ပါဝင်သီဆိုဖူးသော သီချင်းများ
ပြင်ဆင်ရန်- Ba Wa Ye' A Date Bal (Myit Zi Ma Go Thwar Ja Myi) (2014)
- မောင်လူချော (Padamyar FM) (2016)
- Dream Holiday (Cherry FM 7th Anniversary) (2017)
- ကြင်နာခြင်းရယ်အချစ်ရယ် (Sal Nhit Sal Moe) (2017)
- ကနဦးပုံပြင် (Sal Nhit Sal Moe) (2017)
- Tha Chin Ne' Ka Khone Lite (Thingyan Fever) (2017)
- Kat Chit Mal (April Queens) (2017)
- အမုန်းနိဒါန်း (Music Soon Lan Lil' Chan - လစ်တယ်(လ်)ချမ်း (2017)
- Shall We Meet Again (Kiss Museum - James) (2017)
- ဒိုင်ယာရီ (Gi Ta Bay Da - လွှမ်းပိုင်) (2017)
- Bar Kyaunt (Man Thiri 20th Anniversary) (2018)
ကိုးကား
ပြင်ဆင်ရန်- ↑ Pan Yaung Chel's Education။ pyoneplay.com။ 20 February 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 November 2017 တွင် ပြန်စစ်ပြီး။
- ↑ Celebrities' Junior - "Wake Up Daddy!"။ Eleven Broadcasting။ 17 November 2017 တွင် ပြန်စစ်ပြီး။
- ↑ Pan Yaung Chel's Solo Album To Be Released In 2018။ news-eleven.com။ 8 January 2018 တွင် ပြန်စစ်ပြီး။
- ↑ "Butterflies"။ Pan Yaung Chel။ 11 February 2018 တွင် ပြန်စစ်ပြီး။
- ↑ "Let It Go [official music video"]။ Pan Yaung Chel။ 21 November 2018 တွင် ပြန်စစ်ပြီး။
- ↑ Pan Yaung Chel Wants To Continue Singing As Long As There Are People That Wants To Listen။ burma.irrawaddy.com။ 25 July 2017 တွင် ပြန်စစ်ပြီး။
- ↑ A Small Talk With Pan Yaung Chel On Samsung Galaxy A8 Commercial Shooting Set။ Momolay TV။ 8 February 2018 တွင် ပြန်စစ်ပြီး။
ပြင်ပလင့်ခ်များ
ပြင်ဆင်ရန်- ဖေ့စ်ဘွတ်ခ် ပေါ်ရှိ ပန်းရောင်ခြယ်
- အင်စတာဂရမ် ပေါ်ရှိ ပန်းရောင်ခြယ်