ပရမကန္ဒရာဇမဟာဝိဟာရ
ပရမကန္ဒရာဇမဟာဝိဟာရ (သီဟိုဠ်: පරමාකන්ද රජ මහා විහාරය) သည် သီရိလင်္ကာနိုင်ငံ၊ Puttalam ခရိုင်တွင် တည်ရှိသည့် ရှေးဟောင်းဗုဒ္ဓဘာသာကျောင်းတော်တစ်ခု ဖြစ်သည်။ Anamaduwa မြို့မှ ၄ ကီလိုမီတာခန့် (၂.၅ မိုင်) အကွာရှိ Paramakanda ရွာတွင် တည်ရှိသည်။ သီရိလင်္ကာနိုင်ငံအစိုးရက ကျောင်းတော်ကို ရှေးဟောင်းသုတေသနနယ်မြေအဖြစ် သတ်မှတ်ခဲ့သည်။ [၁] ၎င်းကို ၁၉၉၆ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့တွင် အစိုးရဂေဇက်အမှတ် ၉၄၈ နှင့် ၁၅၈၆ များတွင် ကြေညာခဲ့သည်။[၂]
ပရမကန္ဒရာဇမဟာဝိဟာရ Paramakanda Raja Maha Vihara | |
---|---|
පරමාකන්ද රජ මහා විහාරය | |
အချက်အလက်များ | |
တည်နေရာ | Paramakanda, Anamaduwa, Sri Lanka |
ကိုဩဒိနိတ် | 07°55′N 80°00′E / 7.917°N 80.000°Eကိုဩဒိနိတ်: 07°55′N 80°00′E / 7.917°N 80.000°E |
ဘာသာရေး နှီးနွယ်မှု | Buddhism |
ခရိုင် | Puttalam |
စီရင်စု | North Western Province |
နိုင်ငံ | သီရိလင်္ကာနိုင်ငံ |
အမွေအနှစ် သတ်မှတ်ခြင်း | Archaeological protected monument (1 November 1996), and (23 January 2009) |
ဗိသုကာ | |
ဗိသုကာ အမျိုးအစား | Buddhist Temple |
ဗိသုကာ စတိုင် | Cave temple |
တည်ထောင်သူ | King Walagamba |
ကျောင်းတော်
ပြင်ဆင်ရန်ကျောင်းတော်သည် ဘုရင် Walagamba (103 BC and c. 89–77 BC). အုပ်ချုပ်စဉ်အခါက တည်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု ယုံကြည်ကြသည်။[၃]
ဝိဟာရတွင် အဓိကအားဖြင့် လှေကားထစ်နှစ်ခု ပါဝင်သည်။ အောက်ပိုင်းရှိ လှေကားထစ်တွင် စေတီ၊ ဗောဓိပင်၊ ကျောက်ဂူများ၊ ဘိက္ခုများ နေရာကျောင်းဆောင်၊ အဓိကရုပ်ပွားတော်သီတင်းသုံးရာနေရာ၊ ခေါင်းလောင်းမျှောစင်တို့ ပါဝင်သည်။[၄] ရုပ်ပွားတော်သီတင်းသုံးရောကျောင်းဆောင်တွင် Kandyan ရိုးရာ ပန်းချီများပန်းပုများ၊ ခေတ်သစ်အနုပညာလက်ရာများဖြင့် အလှဆင်ထားသည်။
ကျောက်စာများ
ပြင်ဆင်ရန်ကျောက်စာအနည်းငယ်ကို ကျောင်းတော်ဥပစာတွင် တွေ့ရှိရသည်။ ကျောက်စာတစ်ခုကို သေးငယ်သည့်ရေကန်တစ်ခု၏ အခြားဘက်ဖြစ်သည့်မျက်နှာပြင်တွင် ထောင်လိုက်အနေအထားဖြင့် ရေးထွင်းထားသည်။ အခြားသော ကျောက်စာတစ်ခုမှာ အေဒီ ၇ ရာစုက ဖြစ်ပြီး ဗောဓိပင်အနီးရှိ ကျောက်တုံးတစ်ခုတွင် ရေးထိုးထားသည်။[၅]
ကန်အနီးရှိ ကျောက်စာများ
ပြင်ဆင်ရန်အချိန်ကာလ = အေဒီ ၁ ရာစု၊ အက္ခရာ = ဗြဟ္မဏီ၊ ဘာသာစကား = ရှေးဟောင်းသီရိလင်္ကာစကား။
ရေးထိုးထားသည့်စာ "The inscription mentions about the cistern of the chief daring mariner Tissa, the son of the chief Abhaya"
ပြင်ပလင့်များ
ပြင်ဆင်ရန်ကိုးကား
ပြင်ဆင်ရန်- ↑ Protercted Monument List 2012-12-12။ Department of Archaeology (12 December 2012)။ 23 November 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 March 2016 တွင် ပြန်စစ်ပြီး။
- ↑ Gazette 1586 & 23 January 2009, p. 107.
- ↑ "ඓතිහාසික පරමාකන්ද රජ මහා විහාරය ජරාවාස වෙලා"၊ Associated Newspapers of Ceylon Limited၊ 19 April 2017။ 1 March 2018 တွင် ပြန်စစ်ပြီး။ Archived from the original on 13 June 2017။
- ↑ Paramakanda Cave Temple။ srisalike.com။ 7 July 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 July 2015 တွင် ပြန်စစ်ပြီး။
- ↑ Paramakanda Viharaya။ Lanka Pradeepa။ 9 December 2021 တွင် ပြန်စစ်ပြီး။