ပလက် ဝိပုလသံဂြါမ (ထိုင်း: แปลก พิบูลสงคราม [plɛ̀ːk pʰí.būːn.sǒŋ.kʰrāːm]) (၁၈၉၇-၁၉၆၄) သည် ထိုင်းနိုင်ငံ၏ တတိယမြောက် ဝန်ကြီးချုပ်ဖြစ်ပြီး ၁၉၃၈ မှ ၁၉၄၄ ထိလည်းကောင်း၊ ၁၉၄၈ မှ ၁၉၅၇ ထိ လည်းကောင်း အာဏာသိမ်းသည့် အာဏာရှင်လည်း ဖြစ်သည်။ ထိုင်းနိုင်ငံတွင် သက်တမ်းအရှည်ဆုံး အာဏာသိမ်းခဲ့သူ ဖြစ်သည်။

ဝန်ကြီးချုပ် ဘဝ ပြင်ဆင်ရန်

 
ထိုင်းဝန်ကြီးချုပ်ဟောင်း ပီးဗူ ဆွန်ဂရမ်

၁၉၃၈ ခုတွင် ဝန်ကြီးချုပ်နေရာနှင့် တော်ဝင် ထိုင်းရေတပ်၏ ရေတပ်ချုပ်နေရာကို လွှဲယူသည်။ မိမိနေရာအား မထိခိုက်စေရန် အပေါင်းအပါများကို အဆင့်မြင့်ရာထူးများ ပေးခဲ့သည်။ ထိုင်းနိုင်ငံအား ခေတ်ကို ရင်ဘောင်တန်းနိုင်ရန် အားထုတ်သည်။ ဖက်ဆစ်စနစ်နှင့် အမျိုးသားရေးဝါဒကို အားပေးသည်။ ဝါဒဖြန့်ရေးဝန်ကြီး၏ အထောက်အမဖြင့် ပုဂ္ဂိုလ်ရေးကိုးကွယ်မှုရရန် ၁၉၃၈ မှ စ၍ တည်ဆောက်သည်။ ဘုရင်၏ပုံအစား သူ၏ပုံများကို အစားထိုးခဲ့သည်။ သူ၏ စကားစုများကို သတင်းစာတွင်လည်းကောင်း၊ ရေဒီယိုထဲတွင်လည်းကောင်း လွှမ်းမိုးထားသည်။

အီတလီ ဖက်ဆစ်စနစ်အား သွင်းယူခြင်း ပြင်ဆင်ရန်

၁၉၃၂ ခု တော်လှန်ရေးအပြီးတွင် ထိုင်းအာဏာပိုင်များသည် အီတလီမှ ဘန်နီတို မူဆိုလီနီ၏ ဖက်ဆစ်လှုပ်ရှားမှုကို သဘောကျခဲ့သည်။ ဖီဘွန်သည်လည်း ထို့နည်းလည်းကောင်း ဖြစ်သည်။ အီတလီတို့၏ ရုပ်ရှင်ဖြင့် ဝါဒဖြန့်မှုကို သဘောတွေ့ကာ အီတလီ ဝါဒဖြန့်ရုပ်ရှင်များကို ပြသည်။

ယဉ်ကျေးမှု တော်လှန်ရေး ပြင်ဆင်ရန်

အမျိုးသားရေးစိတ်ဓာတ် မြင့်မားစေရန်ယူသော ခေါင်းစဉ်အောက်တွင် စည်းကမ်းချက် အများအပြား ထုတ်ခဲ့ရာ ပြည်သူပိုင်နေရာများရှိ အလံတို့ကို အလေးပြုရန်၊ ထိုင်းဘာသာစကားကိုသာ နေရာတိုင်း အသုံးပြုရန် စသည်တို့ ပါဝင်သည်။ အနောက်တိုင်း အနေအထိုင်ကို အားပေးပြီး ဇွန်းခက်ရင်းနှင့် စားစေသည်။ အနောက်တိုင်းနည်းတူ နေထိုင်မှသာ အနောက်တိုင်းသားတို့ကဲ့သို့ တိုးတက်နိုင်မည်ဟု ဖီဘွန်က ယူဆခဲ့သည်။ အမျိုးသားစီးပွားရေးကိုလည်း အားပေးသည်။ တရုတ်ပစ္စည်းများကို သပိတ်မှောက်ကာ ထိုင်းပစ္စည်းများကိုသာ သုံးစွဲစေသည်။ ၁၉၃၉ ခုတွင် နိုင်ငံအမည်အား ဆီယမ် မှ ထိုင်းလန်း သို့ ပြောင်းသည်။ ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၁ ခုတွင် နှစ်ကူးကာလအား ယခင်သုံးသည့် ဧပြီလ ၁၃ ရက်အစား ဇန်နဝါရီ ၁ ရက်နေ့သို့ ပြောင်းသည်။

ပြင်သစ်-ထိုင်း စစ်ပွဲ ပြင်ဆင်ရန်

ပြင်သစ်ပိုင် အင်ဒိုချိုင်းနားမြေအတွက် ၁၉၄၀ ပြည့်၊ အောက်တိုဘာမှသည် ၁၉၄၁ ခု၊ မေလအထိ ပြင်သစ်နှင့် ထိုင်းတို့ စစ်ဖြစ်သည်။ ဂျပန်ကို အိမ်ရှင်ထားကာ ငြိမ်းချမ်းရေး ဆွေးနွေးပြီးနောက် ဂျပန်ကသာ ပြင်သစ်ပိုင် အင်ဒိုချိုင်းနားမြေကို ရသွားသည်။ ထိုအတွေ့အကြုံကြောင့် ဂျပန်တို့၏ လောဘကို ဖီဘွန် ရိပ်မိသွားသည်။ ဂျပန်လာရောက်ပါက ကိုယ်တိုင်ခုခံရမည်ကို သဘောပေါက်ကာ အနောက်ဘက်မှ စစ်ရေး၊ နိုင်ငံရေးစွမ်းအင် အကူဖြင့် တောင့်ခံရန် ကြိုးစားသည်။

ဂျပန်နှင့် ပူးပေါင်းခြင်း ပြင်ဆင်ရန်

၁၉၄၁ ခု၊ ဒီဇင်ဘာလ ၈ ရက်တွင် ထိုင်းသို့ ဂျပန် ဝင်လာသည်။ တစ်ရက်ခန့် ခုခံပြီးနောက် မြန်မာနှင့် မလေးတို့ကို ဝင်ရောက်ရန် အခြေစိုက်နိုင်ငံအဖြစ် သဘောတူကာ အပစ်ရပ်စဲသည်။ ဒီဇင်ဘာလ ၂၁ ရက်တွင် ဂျပန်တို့နှင့် မဟာမိတ်အဖြစ် ဖီဘွန်က စာချုပ်ချုပ်သည်။ ဂျပန်တို့နှင့် ပူးပေါင်းသည်ကို ကန့်ကွက်သူများအား အစိုးရအဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်လိုက်သည်။ ၁၉၄၂ ခု၊ ဇန်နဝါရီလ ၂၅ ရက်တွင် ဗြိတိန်နှင့် အမေရိကန်တို့ကို စစ်ကြေညာသည်။ တောင်အာဖရိကနှင့် နယူးဇီလန်တို့က ထိုင်းအား ထိုနေ့၌ပင် စစ်ကြေညာသည်။ မကြာမီ ဩစတေးလျက ထပ်မံ စစ်ကြေညာသည်။ အမေရိကန်တို့က ထိုင်းမှာ ဂျပန်တို့၏ရုပ်သေးသာဖြစ်သည်ဟု ကြံဆကာ ပြန်၍ စစ်မကြေညာ။ မဟာမိတ်တို့ အောင်ပွဲခံသည့်အခါ ထိုင်းအား စစ်ရှုံးနိုင်ငံအဖြစ် ဗြိတိန်မှ ထည့်သွင်းရာ အမေရိကန်တို့က ပြန်ဖယ်ခဲ့သည်။ စစ်ပြီးသည့်အခါ ဖီဘွန်အား စစ်ခုံရုံး တင်သည်။ အဓိကပြစ်ချက်မှာ ဝင်ရိုးတန်းနိုင်ငံဘက်သို့ ပူးပေါင်း၍ ဖြစ်သည်။ သို့သော်လည်း လူထုဖိအား မခံရပေ။ ထိုင်းနိုင်ငံအတွက် အကောင်းဆုံးလုပ်ခဲ့သည်ဟု ပြည်သူများက ယူဆ၍ ဖြစ်သည်။ ဂျပန်နှင့် ပူးပေါင်းခြင်းကြောင့် မြန်မာနှင့် မလေးတို့မှ မြေအချို့ကို ထိုင်းက ရခဲ့သည်။

ဘဝနိဂုံး ပြင်ဆင်ရန်

၁၉၆၄ ခု၊ ဇွန်လ ၁၁ ရက်တွင် ကွယ်လွန်သည်။