ပသီလူမျိုး သည် မြန်မာနိုင်ငံ အလယ်ပိုင်းတွင် အများဆုံးနေထိုင်ကြသည့် မွတ်ဆလင်များ ဖြစ်ကြသည်။[၁] မြန်မာဘုရင်များ လက်ထက်ကတည်းက နေထိုင်ခဲ့သည့် သမိုင်းကြောင်း ရှိသူများလည်း ဖြစ်ကြသည်။[၁] ယခု အခါ ပသီလူမျိုးအဆက်အနွယ်တို့သည် မြေဒူးရွာတွင်မနေကြတော့ပဲ မြေဒူးရွာ၏ အနောက်ဘက် ကံသာထွန်း ရွာတွင် ပြောင်းရွှေ့နေထိုင်ကြသည်။ ဒေသခံ ဗမာလူများက ကုလားတိုက်ဟု ခေါ်ကြသည်။

နိုင်ငံတော်က အသိအမှတ်ပြုထားသော စာရင်းတွင် ပသီလူမျိုး မပါဝင်သဖြင့်[၂] မြန်မာနိုင်ငံတွင် နေထိုင်ကြသော ပသီလူမျိုးများကို တိုင်းရင်းသား လူမျိုးစုတစ်စုအဖြစ် သတ်မှတ်ပေးရန်နှင့် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူရာတွင် ကုတ်နံပါတ်သတ်မှတ်ပေးရန် အမျိုးသားညီညွတ်ရေးကွန်ဂရက်ပါတီ (United National Congress) က ၂၀၁၄ ခုနှစ်တွင် တောင်းဆိုခဲ့သည်။[၃]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ စိုင်းလတ် (၄ ဧပြီ ၂၀၁၆)။ အရိုးစွဲနေသော ခွဲခြားကန့်သတ်မှုများလည်း ပြောင်းလဲချိန်တန်ပြီ။ ၁၀ မတ် ၂၀၁၉ တွင် ပြန်စစ်ပြီး။
  2. ခင်ဆုဝေ (၁ နိုဝင်ဘာ ၂၀၁၂)။ အမျိုးသား ညီညွတ်ရေးပါတီ တည်ထောင်ခွင့် ရရှိသွားပြီ။ 20 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၀ မတ် ၂၀၁၉ တွင် ပြန်စစ်ပြီး။
  3. ပသီလူမျိုးကို လူမျိုးစုတစ်စုအဖြစ် သတ်မှတ်ပေးဖို့ တောင်းဆို (၂၆ ဇန်နဝါရီ ၂၀၁၄)။ ၁၀ မတ် ၂၀၁၉ တွင် ပြန်စစ်ပြီး။