ပါနော့ပေါလစ်မြို့မှ ဇော့ဆီမော့စ်

ပါနော့ပေါလစ်မြို့မှ ဇော့ဆီမော့စ် (အင်္ဂလိပ်: Zosimos of Panopolis; ဂရိ: Ζώσιμος ὁ Πανοπολίτης; လက်တင် အမည် Zosimus Alchemistaဟုလည်းသိရှိကာ ဆိုလိုသည်မှာ- "အဂ္ဂိရတ်ဆရာ ဇော့ဆီမပ်စ်") သည် ဂရိ-အီဂျစ် အဂ္ဂိရတ်ဆရာတစ်ဦးဖြစ်ပြီး ပဟေဠိဆန်သည့် အသိဉာဏ်ထူးရသောပုဂ္ဂိုလ်တစ်ဦးအဖြစ် အေဒီ ၃ ရာစုနှောင်း၊ ၄ ရာစုအစပိုင်းတွင် နေထိုင်ခဲ့သောသူတစ်ဦးဖြစ်သည်။ ယနေ့ခေတ် အာ့ခ်မီးမ် (Akhmim) ၊ ရှေးယခင် ပါနော့ပေါလစ်မြို့တွင် ဖွားမြင်ကာ အေဒီ ၃၀၀ ဝန်းကျင်တွင် နေထိုင်ခဲ့သည်။[၂] "Cheirokmeta" ဟုခေါ်သော အဂ္ဂိရတ်ပညာအကြောင်း အစောဆုံးကျမ်းစာအုပ်များကို ပြုစုခဲ့၍ ၎င်းလက်ရာ၏ အစိတ်အပိုင်းများသည် ဂရိဘာသာစကားဖြင့် ရှင်သန်ကျန်ရစ်ကာ ဆီးရီးယားဘာသာ (သို့) အာရပ်ဘာသာသို့ ပြန်ဆိုမှုများရှိခဲ့သည်။ အေဒီ ၇-၈ ရာစုများတွင် ကွန်စတန်တီနိုပယ်မြို့၌ အဂ္ဂိရတ်ဆိုင်ရာ စာပေများကို ညွန်းပေါင်းအဖြစ် စုစည်းခဲ့နိုင်ချေရှိသော ကျမ်းစာအုပ်ပါ စာရေးဆရာ ၄၀ ဦးထဲက တစ်ယောက်လည်းဖြစ်သည်။ ထိုမိတ်တူစာမူများသည် ပဲရစ်နှင့် ဗင်းနစ်မြို့တို့၌ တည်ရှိခဲ့သည်။

ဇော့ဆီမော့စ်၏ ပေါင်းခံကိရိယာ၊ ဘိုင်ဇန်တိုင်းဂရိခေတ် ၁၅ ရာစုမှ Codex Parisinus 2327 လက်ရေးမူ။[၁]

ဇော့ဆီမော့စ်၏ လက်ရာကို အာရပ်ဘာသာဖြင့် ပြန်ဆိုထားသည့် စာသားများအား ၁၉၉၅ ၌ ပါရှား အဂ္ဂိရတ်ဆရာ အယ်လ် တက်ဟာရာအီ (Ali Al-Tughra'i') ၏ ဉာဏ်ပညာ၏ လျှို့ဝှက်ချက်များနှင့် ဂရုဏာ၏ သော့ချက် (Keys of Mercy and Secrets of Wisdom) စာအုပ်တွင် တွေ့ရှိခဲ့သည်။ ကံမကောင်းစွာဖြင့် ထိုဘာသာပြန်စာသားများမှာ မပြည့်မစုံဖြစ်နေပြီး မူရင်းအရေးအသားများလည်း ဖြစ်ဟန်မတူပေ။ [၃]

ကိုးကား ပြင်ဆင်ရန်

  1. Marcelin Berthelot, Collection des anciens alchimistes grecs (3 vol., Paris, 1887–1888, p.161); F. Sherwood Taylor, "The Origins of Greek Alchemy," Ambix 1 (1937), 40.
  2. "The Visions Of Zosimos" (1937). Ambix 1 (1): 88–92. doi:10.1179/amb.1937.1.1.88. 
  3. Prof. Hassan S. El Khadem (September 1996). "A Translation of a Zosimos' Text in an Arabic Alchemy Book". Journal of the Washington Academy of Sciences 84 (3): 168–178. Note: A selected list of articles from this journal which were previously posted online have been removed. The page was captured multiple times on the Wayback Machine at archive.org, but it does not appear that the pdf was captured properly. If you wish to re-attempt this, the original link was: http://washacadsci.org/Journal/Journalarticles/ZosimosText.H.S.ElKhadem.pdf Archived 19 February 2012 at the Wayback Machine., and the following is a link to the page on the Wayback Machine.