အမှု—လူတို့နှင့် ရောရောနှောနှောနေထိုင်မှု။

အမှုသည်—ထုလ္လနန္ဒာ၏ တပည်မ ဘိက္ခုနီများ။


ဆရာမကောင်းသော တပည့်မကောင်းများ ပြင်ဆင်ရန်

ထုလ္လနန္ဒာ၏ တပည့်မ ဖြစ်ကြသော ဘိက္ခုနီတို့သည် လူဝတ်ကြောင်တို့နှင့် ရောရောနှောနှော နေကြကုန်၏၊ ယုတ်မာသောအကျင့်-မကောင်းသတင်းကျော်စောခြင်း-မကောင်းသော အသက်မွေးခြင်း ရှိကြကုန်၏၊ (ဘိက္ခုနီသံဃာက နှိပ်ကွပ်ဖို့ရန် ကံပြုမည် လုပ်လျှင် ထိုကံကို တားမြစ်သောအားဖြင့်)ဘိက္ခုနီသံဃာကို ညှဉ်းဆဲတတ်ကြကုန်၏၊ သူတို့အချင်းချင်းမှာ ရှိသော အပြစ်ကိုလည်း ဖုံးထား တတ်ကြကုန်၏၊ ထိုဘိက္ခုနီတို့ကို အခြားဘိက္ခုနီတို့က ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။ [၁]

သိက္ခာပုဒ် ပြင်ဆင်ရန်

ဘိက္ခုနိယော ပနေဝ သံသဋ္ဌာ ဝိဟရန္တိ ပါပါစာရာ ပါပသဒ္ဒါ ပါပသိလောကာ ဘိက္ခုနိသံဃဿ ဝိဟေသိကာ အညမညိဿာ ဝဇ္ဇပ္ပဋိစ္ဆာဒိကာ, တာ ဘိက္ခုနိယော ဘိက္ခုနီဟိ ဧဝမဿု ဝစနီယာ ‘‘ဘဂိနိယော ခေါ သံသဋ္ဌာ ဝိဟရန္တိ ပါပါစာရာ ပါပသဒ္ဒါ ပါပသိလောကာ ဘိက္ခုနိသံဃဿ ဝိဟေသိကာ အညမညိဿာ ဝဇ္ဇပ္ပဋိစ္ဆာဒိကာ, ဝိဝိစ္စထာယျေ, ဝိဝေကညေဝ ဘဂိနီနံ သံဃော ဝဏ္ဏေတီ’’တိ, ဧဝဉ္စ တာ ဘိက္ခုနိယော ဘိက္ခုနီဟိ ဝုစ္စမာနာ တထေဝ ပဂ္ဂဏှေယျုံ, တာ ဘိက္ခုနိယော ဘိက္ခုနီဟိ ယာဝတတိယံ သမနုဘာသိတဗ္ဗာ တဿ ပဋိနိဿဂ္ဂါယ, ယာဝတတိယဉ္စေ သမနုဘာသိယမာနာ တံ ပဋိနိဿဇ္ဇေယျုံ, ဣစ္စေတံ ကုသလံ, နော စေ ပဋိနိဿဇ္ဇေယျုံ, ဣမာပိ ဘိက္ခုနိယော ယာဝတတိယကံ ဓမ္မံ အာပန္နာ နိဿာရဏီယံ သံဃာဒိသေသံ။[၁]


မြန်မာပြန် ပြင်ဆင်ရန်

ဘိက္ခုနီ အများတို့သည်ပင် လူတို့နှင့် ရောရောနှောနှော နေကြကုန်၏၊ ယုတ်မာသောအကျင့်-မကောင်းသတင်းကျော်စောခြင်း မကောင်းသော အသက်မွေးခြင်း ရှိကြကုန်၏။ ဘိက္ခုနီသံဃာကို ညှဉ်းဆဲတတ်ကြကုန်၏၊ အချင်းချင်း၏ အပြစ်ကိုလည်း ဖုံးထား တတ်ကြကုန်၏၊ ထိုဘိက္ခုနီတို့ကို မြင်ကုန်ကြားကုန်သော ဘိက္ခုနီတို့က “ညီမတို့-လူတို့နှင့် ရောရောနှောနှော မနေကြပါနှင့်” စသည်ဖြင့် ပြောဆိုဆုံးမ၍ “ညီမတို့-လူတို့နှင့် ကင်းကင်းရှင်းရှင်း နေကြပါ၊ ညီမတို့၏ ကင်းကင်းရှင်းရှင်း နေခြင်းကိုသာ ဘိက္ခုနီသံဃာက ချီးမွမ်းပါသည်”ဟု ဖျောင်းဖျ ပြောဆိုရမည်၊ ထိုသို့ ပြောဆိုပါလျက် သူတို့၏ ထိုအကျင့်ကို ရှေးအတိုင်းပင် (မလျှော့ဘဲ) ချီးမြှောက် နေကြသေးအံ့၊ ထိုဘိက္ခုနီတို့ကို အခြားဘိက္ခုနီတို့က ထိုအကျင့်ကို စွန့်လွှတ်ဖို့ရန် ၃-ကြိမ်တိုင်တိုင် ဉတ်ကမ္မဝါစာဖြင့် ဆုံးမရမည်၊ ထိုသို့ ဆုံးမစဉ် ထိုအကျင့်ကို စွန့်လွှတ်ကြလျှင် ကောင်း၏၊ မစွန့်လွှတ် ကြလျှင်ကား ထိုဘိက္ခုနီတို့သည် ယာဝတတိယကမည်သော သံဃာမှ နှင်ထုတ်ကြောင်းဖြစ်သော သံဃာဒိသေသ် အာပတ်သင့်ကြသည်။

မှတ်ချက် ပြင်ဆင်ရန်

“ရောရောနှောနှော”ဟူသည် လူဝတ်ကြောင် မိန်းမများအတွက် ဆံစပါး ဖွတ်ပေးခြင်း, နံ့သာကြိတ်(သနပ်ခါးသွေး) ပေးခြင်း, ပန်းကုံး ပေးခြင်း (ယခုခေတ်အတိုင်းဆိုလျှင် အင်္ကျီချုပ်ပေးခြင်း, ဇာထိုးပေးခြင်း, ထမင်းဟင်း ချက်ပေးခြင်း) စသော ကိုယ်နှင့်ဆိုင်ရာကိစ္စဝယ် ကူညီမှု, အောင်သွယ်ပေးခြင်းစသော နှုတ်နှင့်ဆိုင်ရာ ကိစ္စဝယ် ကူညီမှုကို “ရောရောနှောနှော နေခြင်း”ဟု ဆိုသည်။ စာသင်ပေးမှု, လိမ္မာအောင် ဆုံးမမှုတို့ကား ပြုသင့်သော ရောနှောမှုများပင်တည်း၊ ထိုကဲ့သို့ မတရား ရောနှောမှုကြောင့်ပင် မကောင်းသတင်း ထွက်နေတော့သည်၊ ထိုသို့ လူတို့ကို ဆံဖွတ်ပေးမှုစသည် ပြုသောကြောင့် လူတို့က သူတို့အား ပြန်၍ ပေးလှူကြ၏။ ထိုကဲ့သို့ ရသော ပစ္စည်းကို သုံးစွဲနေခြင်းသည်ပင် မကောင်းသော အသက်မွေးခြင်း ဖြစ်တော့၏။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး