ပါဝါမြို့ (ယခု Padrauna) သည် ဂေါတမဗုဒ္ဓနှင့် မဟာဝိဟာရတို့ ရှိစဉ်အချိန်က ရှေးခေတ်အိန္ဒိယနိုင်ငံ၏ မြို့တစ်မြို့ ဖြစ်သည်။ မလ္လာမင်းတို့၏ မြို့တော်ဖြစ်ပြီး ဂေါတမဗုဒ္ဓသည် သူ၏နောက်ဆုံးဒေသစာရီခရီးတွင် ပါဝါမြို့သို့ ရောက်ရှိခဲ့သည်။ ပါဝါမြို့တွင် စုန္ဒ၏ သရက်တော၌ သီတင်းသုံးခဲ့သည်။ ပါဝါမြို့သည် အိန္ဒိယနိုင်ငံ၊ ဥတ္တရာပဒေသ၏ အရှေ့ဘက် ၁၅ ကီလိုမီတာခန့်အကွာတွင် တည်ရှိသည်။

စုန္ဒ၏နေအိမ်နေရာတွင် တည်ခဲ့သည့် စေတီ

စုန္ဒသုတ်၌ မြတ်စွာဘုရားအား စုန္ဒသည် နောက်ဆုံးဆွမ်းကို ဆက်ကပ်ခဲ့သည်ဟု ဖော်ပြထားသည်။ ထို့နောက်တွင် မြတ်စွာဘုရားသည် ပါဝါပြည်မှ ကုသိနာရုံသို့ ကုကုဋ္ဌာမြစ်ကို ဖြတ်ကာ ခရီးဆက်ခဲ့သည်။ [၁][၂]

ထို့အချိန်တွင် ပါဝါသည် ဂျိန်းဘာသာဝင်တို့၏ အချက်အချာ နေရာဖြစ်ခဲ့သည်။ မဟာဝီရသည် ပါဝါတွင် သေဆုံးပြီးနောက် သူ၏တပည့်များသည် ငြင်းခုံကြပြီး အကွဲအကွဲအပြားပြား ဖြစ်သွားခဲ့သည်။[၃][၄]

ကိုးကား ပြင်ဆင်ရန်

  1. SNA.i. 159
  2. D.ii.126 ff.; Ud.viii.5; the road from Pava to Kushinagar is mentioned several times in the books Vin.ii.284; D.ii.162.
  3. D.iii.210
  4. D.ii.117f; M.ii.243f