ပါဠိကျမ်းဂန်လာ အဏုမြူဆိုသည်မှာ အလျားအတိုင်းအတာအားဖြင့် သန်းတစ်ကောင် အရွယ် (1mm = 10-3m)၏ ၃၂၆,၅၉၂ပုံ ၁ပုံ[၁] (အပုံ သုံးသိန်းကျော်ခန့် ပုံလျှင် တစ်ပုံ)ဖြစ်သဖြင့် 3.06×10-9 m ခန့် ရှိသည်ဟု ယူဆရသော ရုပ်ဝတ္ထုအတိုင်းအတာ ဖြစ်သည်။ ပရမာဏုမြူ ဟူသည်မှာကား အဏုမြူထက် သေးငယ်လျက် အက်တမ်၏ဗဟိုဆံ နျူကလီးယပ် (nucelus) ထက်မူ ကြီးမားသော အရွယ်အစားရှိသည်။

ကျမ်းဂန်လာ ဆက်စပ်ပုံ ပြင်ဆင်ရန်

  • သန်းတစ်ကောင် (1mm = 10-3m)၏ ၇ပုံ၁ပုံသာ အရွယ်ရှိသည်မှာ လိက္ခာတစ်ကောင် (1.43×10-4 m ခန့် အရွယ်) ဖြစ်သည်။
  • လိက္ခာတစ်ကောင်၏ ၃၆ပုံ၁ပုံ အရွယ်ရှိသည်မှာ ရထရေဏုမြူ တစ်ခု (3.97×10-6 m ခန့် အရွယ်) ဖြစ်သည်။
  • ရထရေဏုမြူ၏ ၃၆ပုံ၁ပုံ အရွယ်ရှိသည်မှာ တဇ္ဇာရီမြူ တစ်ခု (1.10×10-7 m ခန့် အရွယ်) ဖြစ်သည်။
  • တဇ္ဇာရီမြူ၏ ၃၆ပုံ၁ပုံ အရွယ်ရှိသည်မှာ အဏုမြူ တစ်ခု (3.06×10-9 m ခန့် အရွယ်) ဖြစ်သည်။
  • အဏုမြူ၏ ၃၆ပုံ၁ပုံ အရွယ်ရှိသည်မှာ ပရမာဏုမြူ တစ်ခု (8.51×10-11 m ခန့် အရွယ်) ဖြစ်သည်။

သို့ဖြင့် ပဏ္ဍိတဝေဒနီယဒီပနီကျမ်းအရ ပရမာဏုမြူ၏ အရွယ်အစားသည် ရေမော်လီကျူး (H2O) တစ်ခု၏ အကြမ်းဖျင်းအလျား၏ ဆယ်ဆမျှ ဖြစ်သည်။

အကိုးအကား ပြင်ဆင်ရန်

  1. ပဏ္ဍိတဝေဒနီယ ဒီပနီကျမ်း