ပါးဝစ်လ် ဘရိုက်နာ (ဂျာမန်: Paul Breitner; ၁၉၅၁ စက်တင်ဘာ ၅ မွေးဖွား) သည် ဂျာမန်ဘောလုံးသမားစောင်း တစ်ဦးဖြစ်၍ အလယ်တန်း (သို့) နောက်တန်းလူအဖြစ် ကစားခဲ့သည်။[၂] ဂျာမနီ အမျိုးသား ဘောလုံးအသင်းအတွက် အငြင်းပွားဖွယ် ကစားသမားများအနက် တစ်ဦးဖြစ်ကာ အနောက်ဂျာမနီအသင်းအတွက် (၄၈)ပွဲ ကစားခဲ့သည်။ ဂျာမန်အသင်း နောက်တန်းတွင် ဖရန့်တ်စ် ဘက်ကင်ဘောင်ဝါ၊ ဘားတီ ဖို့ခ်စ် (Berti Vogts) တို့နှင့် တွဲဖက်ကစားမှုများကြောင့် လူသိများသည်။ ဘိုင်ယန်း မြူးနစ်ခ်အသင်းအတွက် အလယ်တန်းတွဲဖက်မှာ ကားလ်-ဟိုင့်ဇ် ရော်မန်နစ်ဂယ် (Karl-Heinz Rummenigge) ဖြစ်သည်။

ပါးဝစ်လ် ဘရိုက်နာ
၂၀၁၁၌ တွေ့ရပုံ
ကိုယ်ရေးအချက်အလက်များ
အမည် အပြည့်အစုံ ပါးဝစ်လ် ဘရိုက်နာ
မွေးသက္ကရာဇ် (1951-09-05) ၅ စက်တင်ဘာ၊ ၁၉၅၁ (အသက် ၇၂)
မွေးရပ်ဇာတိ Kolbermoor, West Germany
အရပ်အမြင့် ၁.၇၆ မီတာ[၁]
ကစားသည့်နေရာ ဘယ်စွယ် နောက်ခံ၊ အလယ်တန်း
လူငယ်ဘဝကလပ်များ
၁၉၅၇–၁၉၆၁ SV-DJK Kolbermoor
၁၉၆၁–၁၉၇၀ ESV Freilassing
အကြီးတန်း ကစားသမား*
ခုနှစ် အသင်း ကစားပွဲ (သွင်းဂိုး)
၁၉၇၀–၁၉၇၄ ဘိုင်ယန်း မြူးနစ်ခ် ၁၀၉ (၁၇)
၁၉၇၄–၁၉၇၇ Real Madrid ၈၄ (၁၀)
၁၉၇၇–၁၉၇၈ Eintracht Braunschweig ၃၀ (၁၀)
၁၉၇၈–၁၉၈၃ ဘိုင်ယန်း မြူးနစ်ခ် ၁၄၆ (၆၆)
စုစုပေါင်း ၃၆၉ (၁၀၃)
နိုင်ငံကိုယ်စားပြုအသင်း
၁၉၆၈–၁၉၇၀ အနောက်ဂျာမနီ လူငယ်အသင်း ၁၆ (၁)
၁၉၇၁ ယူ(၂၃) (၀)
၁၉၇၁–၁၉၈၂ ဂျာမနီ အမျိုးသား ဘောလုံးအသင်း ၄၈ (၁၀)

* ဂိုးအရေအတွက်ကို ကလပ်အသင်းကြီး ကစားခြင်းနှင့်
ပြည်တွင်းလိဂ်အတွက်သာ ရေတွက်သည်။

† ကစားသည့် ပွဲအရေအတွက် (သွင်းဂိုး)

ဘရိုက်နာသည် ၁၉၇၄ ကမ္ဘာ့ဖလားအနိုင်ရရှိခဲ့သော အနောက်ဂျာမနီအသင်း၏ ကစားသမားဖြစ်ပြီး ထိုဗိုလ်လုပွဲတွင် ဂိုးသွင်းယူခဲ့သည်။ ၁၉၈၂ ကမ္ဘာ့ဖလား ဗိုလ်လုပွဲတွင်လည်း ဂိုးသွင်းနိုင်ခဲ့သဖြင့် မတူညီသော ကမ္ဘာ့ဖလား ဗိုလ်လုပွဲများတွင် ဂိုးသွင်းယူခဲ့သော ကစားသမား လေးဦး ( အခြားသုံးဦးမှာ ပီလီဇီနဒင် ဇီဒန်း နှင့် ဗာ့ဗာ (Vavá)) စာရင်းထဲတွင် ပါဝင်ခဲ့သည်။

သမိုင်းတစ်လျှောက် အကောင်းဆုံး ဂျာမန်ကစားသမားများအနက် တစ်ဦးဖြစ်၍ ဖီဖာ သမိုင်းတစ်လျှောက်အသင်းတွင် ပါဝင်ခဲ့ပြီး ပီလီရွေးချယ်သော သက်ရှိထင်ရှာ ကြီးကျယ်သော ကစားသမား 'ဖီဖာ(၁၀၀)'[မှတ်စု ၁] တွင်လည်း ပါဝင်ရွေးချယ်ခံရသည်။[၃] ဘရိုက်နာသည် အနားယူပြီးသည်မှစ၍ ဂျာမနီတွင် (ဘောလုံး) သုံးသပ်သူ၊ ပညာရှင်၊ ပင်တိုင်ဆောင်းပါးရှင် အဖြစ် ဆောင်ရွက်ခဲ့ကာ ဘိုင်ယန်းအသင်း စီမံအဖွဲ့အတွက် အကြံပေးအဖြစ်လည်း ဆောင်ရွက်ခဲ့သည်။


မှတ်စု ပြင်ဆင်ရန်

  1. ဖီဖာ ၁၀၀ သည် ဖီဖာအဖွဲ့၏ နှစ်တစ်ရာကို ဆိုလိုပြီး ဖီဖာ(၁၀၀) စာရင်းတွင် ကစားသမား (၁၂၅)ဦးပါဝင်သည်။

ကိုးကား ပြင်ဆင်ရန်

  1. Paul Breitner။ worldfootball.net။ 17 July 2011 တွင် ပြန်စစ်ပြီး။
  2. Breitner, Paul (in German)။ kicker.de။ 2 January 2011 တွင် ပြန်စစ်ပြီး။
  3. Pele's list of the greatest။ BBC Sport (4 March 2004)။ 15 June 2013 တွင် ပြန်စစ်ပြီး။