ပိဋကတ်တိုက်သည် သရပါတံခါးအနီးတွင် ရှိသည်။ ၁၀၅၇ ခုနှစ်တွင် အနော်ရထာမင်း (၁၀၄၄ - ၁၀၇၇)သည် သုဝဏ္ဏဘုမ္မိ သထုံပြည်မှ ပိဋကတ် အစုံသုံးဆယ်ကို ဆင်ဖြူ သုံးကျိပ် နှစ်စီးဖြင့် ပုဂံပြည်သို့ ပင်ဆောင်ခဲ့ပြီးနောက် ပိဋကတ်တိုက်တွင် ထားရှိစေခဲ့သည်ဟု အစဉ်အလာ ဆိုကြလေသည်။

  • သာသနိကအဆောက်အအုံအမှတ်=၁၅၈၇/၈၉၉
ပုဂံမြို့ အနော်ရထာမင်း ပိဋကတ်တိုက် (၁၀၅၈)

တည်ဆောက်ပုံပြင်ဆင်

အမြင့် ငါးပေမြင့်သော ပြာသာဒ်ငါးဆင့်ပါ အလင်းပေါက် သုံးပေါက်စီ သုံးဖက်သုံးတန် ကာရံထားသော အုတ်ရိုး အင်္ဂတေ အမိုး အုတ်တိုက် ဖြစ်သည်။ အရှေ့ဖက်တွင် တံခါးပေါက် သုံးပေါက်ရှိသည်။

ပိဋကတ်တိုက်သည် စတုရန်းပုံ ဖြစ်လေသည်။ တဖက်လျှင် ၅၁ ပေ ကျယ်သည်။ အရှေ့ဘက်မျက်နှာတွင် မုခ်သုံးခုရှိ၍ ကျန်သုံးဖက်တွင် ပြတင်းပေါက် သုံးပေါက်စီ ရှိသည်။ ထောင့်နံရံများရှိ ပြတင်းပေါက်များတွင် ခြင်္သေလည်ပြန်ပုံ ဖော်ထားလေသည်။

ပိဋကတ်တိုက် အပေါ်ပိုင်းတွင်ကား အမိုးခုံးလျှောနှင့် ဘုံးငါးဆင့်ရှိ၍ ထုပိကာ တက်ထားလေသည်။ အမိုးစွန်းချင် မြိတ်တိုးများတွင် ထောင့်တုရင်ပန်းများဖြင့် တန်ဆာဆင်ထားသည်။ တိုက်အတွင်းသို့ ဝင်သွားသော် အခန်းဖွဲ့ထားသည်ကိုလည်းကောင်း တွေ့ရသည်။

ထိုအဆောက်အအုံ၌ ပုဂံခေတ်လက်ရာဟူ၍ ဇာပေါက်ပြတင်း၊ အမိုးခုံးလျှော၊ အတွင်းခန်းပေါင်းကူးတို့သာ ကျန်ရှိလေသည်။ ဘုံငါးဆင့်အထက်ရှိ ထုပိကာ၊ ထောင့်ဘုရင်၊ မုခ်ဝင်လှေကားတို့ကား နှောင်းခေတ်လက်ရာတို့ ဖြစ်သည်။ ထိုသည်တို့ကို ဘိုးတော်မင်းတရား (၁၇၈၁ - ၁၈၁၉) လက်ထက်တွင် ပြုပြင်ခဲ့သည်ဟု ဆိုကြသည်။

[၁]

သမိုင်းကြောင်းပြင်ဆင်

မနူဟာမင်းသည် သထုံမြို့ ရွှေစာရံဘုရား မဟာရံ တံတိုင်းအတွင်း ပိဋကတ္တိယစေတီ ဟု သမုတ်၍ ဥမင် ထားရှိကာ ထိုဥမင်၌ ပိဋကတ်သုံးပုံ တို့ကို ရဟန်းရှင်လူတို့ လိုက်စား ဖတ်ရှုနိုင်စေရန် ဖွင့်လှစ်ပေးထားခဲ့သည်။ ၎င်းနှင့် ခေတ်ပြိုင် အနော်ရထာမင်း သည် အရဟံ မဟာထေရ် အကူအညီဖြင့် သာသနာ ပြုသော အခါ ဗုဒ္ဓသာသနာ ပြန့်ပွားရန် ပိဋကတ်သုံးပုံကို ရဟန်းရှင်လူ တို့ ဖတ်ရှုလေ့လာရန် လိုအပ်လာသည်။ ထို့နောက် မနူဟာမင်းထံမှ ပိဋကတ် သုံးပုံ ကို တောင်းခံသောအခါ မအောင်မြင်သော ကြောင့် ၁၀၅၇ ခုနှစ်ခန့်တွင် သထုံကို တိုက်ခိုက်၍ ပိဋကတ် အစုံ ၃၀ ကို ဆင်အစီး ၃၀ တွင် တင်ဆောင်ကာ ယူခဲ့သည်။ ပုဂံနေပြည်တော်တွင် ပိဋကတ်တော် တိုက်ကို ဆောက်လုပ်စေပြီး ရဟန်းရှင်လူတို့ ကို လေ့လာပွားများစေခဲ့သည်။ [၂]

ကိုးကားပြင်ဆင်

  1. ဦးကျော်အောင်(စာတည်းမှူး)၊ တက္ကသိုလ် ဘာသာပြန်နှင့်စာအုပ်ထုတ်ဝေရေးဌာန၊အဆင့်မြင့်ပညာဦးစီးဌာန - ပုဂံစေတီပုထိုးများ
  2. မောင်ကောင်းမြင့်၊ ခေတ်ဟောင်း ခေတ်သစ် စာကြည့်တိုက်ခရီး (၁၀၅၇−၁၉၇၃)။ ရန်ကုန်၊ စာပေဗိမာန်၊ ၁၉၇၈။