ပိဒုရန်ဂလဝိဟာရ
ပိဒုရန်ဂလဝိဟာရ (သီဟိုဠ်: පිදුරංගල විහාරය) သည် သီရိလင်္ကာနိုင်ငံ၊ မတေးခရိုင် (Matale)၊ ပိဒုရန်ဂလရွာတွင်တည်ရှိသည့် ရှေးဟောင်းဗုဒ္ဓဘာသာကျောင်းတော်နေရာတစ်ခု ဖြစ်သည်။ ကျောင်းတော်သည် ကြီးမားသည့် ကျောက်ဆောက်ကြီးတွင် တည်ဆောက်ထားပြီး ပိဒုရန်ဂလဟု ခေါ်ဆိုကြသည်။ ဤကျောင်းတော်သည် သမိုင်းဝင်နေရာတစ်ခုဖြစ်သည့် သိဂိရိယ (Sigiriya) မှ မြောက်ဘက် ကီလိုမီတာအနည်းငယ်အကွာတွင် တည်ရှိသည်။[၁]
ပိဒုရန်ဂလဝိဟာရ Pidurangala Vihara | |
---|---|
පිදුරංගල විහාරය | |
အချက်အလက်များ | |
တည်နေရာ | Pidurangala, Sri Lanka |
ကိုဩဒိနိတ် | 07°57′57.0″N 80°45′44.7″E / 7.965833°N 80.762417°Eကိုဩဒိနိတ်: 07°57′57.0″N 80°45′44.7″E / 7.965833°N 80.762417°E |
ဘာသာရေး နှီးနွယ်မှု | Buddhism |
ခရိုင် | Matale |
စီရင်စု | Central Province |
နိုင်ငံ | သီရိလင်္ကာနိုင်ငံ |
အမွေအနှစ် သတ်မှတ်ခြင်း | Archaeological protected monument |
ဗိသုကာ | |
ဗိသုကာ အမျိုးအစား | Buddhist temple |
ဝေါဟာရ
ပြင်ဆင်ရန်ပိဒုရန်ဂလ ဟူသည့် အမည်သည် သီရိလင်္ကာဘာသာစကား ပိဒု+ရန်+ဂိုဒ ဟူသည်မှ ဖြစ်ပေါ်လာခဲ့သည်။ အဓိပ္ပာယ်မှာ “လှူဒါန်းသည့် ရွှေချောင်းများ” ဟူ အဓိပ္ပာယ်ရသည်။[၂]
သမိုင်း
ပြင်ဆင်ရန်ဤဝိဟာရသည် ဘီစီ ၁ ရာစုနှင့် ၂ ရာစုအချိန်များက ရှိခဲ့သည်ဟု ယုံကြည်ရသည်။[၃] ထိုအချိန်များမှ စတင်ကာ ပိဒုရန်ဂလကို ဗုဒ္ဓဘာသာကျောင်းတော်အဖြစ် အသုံးပြုခဲ့ကြပြီး ဘုရင် Kashyapa (473 - 495 AC) လက်ထက်တွင် ထင်ရှားသည့်နေရာတစ်ခု ဖြစ်လာခဲ့သည်။
ရှေးခေတ်ကျမ်းစာများတွင် မင်းသား Kashyapa သည် သူ၏ ဖခင်ဖြစ်သူ မင်းကြီး Dhatusena ကို သတ်ဖြတ်ခဲ့သည်။ ထို့နောက် သူ၏ ဖအေတူမအေကွဲ အစ်ကိုဖြစ်သူ Mugalan ၏ လက်တုံ့ပြန်တိုက်ခိုက်မှုမှ ရှောင်ရှား၇န်အတွက် ပိုမိုလုပ်ခြုံသည့်နေရာကို ရှာဖွေရန် သိရိဂိယ သို့ ထွက်ပြေးခဲ့သည်။ ဘုရင် Kashyapa ရောက်ရှိသောအခါ ရဟန်းများက သူ့အား အနီးအနားရှိ ပိဒုရန်ဂလသို့ ပြောင်းရွှေ့နေထိုင်စေခဲ့သည်။[၄] မင်းကြီး Kashyapa သည် သတိသံဝေဂရသည့်အနေဖြင့် ကျောင်းတော်ကို ပြုပြင်မွမ်းမံခဲ့ကာ ထိုနေရာကိုလည်း အရေးပါထင်ရှားသည့်နေရာတစ်ခုအဖြစ် ပြုလုပ်ခဲ့သည်။[၃]
ကျောင်းတော်
ပြင်ဆင်ရန်ကျောင်းတော်သည် ရိုးရာအဆောက်အဦ ငါးခုပါဝင်သည့် panchavasa ဖြစ်သည်။ ထိုအဆောက်အဦးငါးခုတွင် ရှေးဟောင်းစေတီတော်၊ စည်းဝေးခန်း၊ တရားဟောရာခန်းမ၊ ဗောဓိဂရ၊ ရုပ်ပွားတော်သီတင်းသုံးရာအခန်း၊ သံဃာ့ရာမ (ရဟန်းများ နေရာအဆောက်အဦ) နှင့် အစွန်းကျသည့်နေရာတွင် ကျောက်စာများပါဝင်သည့် ဂူများ စသည်တို့ ရှိကြသည်။[၅]
ကိုးကား
ပြင်ဆင်ရန်- ↑ PIDURANGALA ROCK TEMPLE။ Seelanka.net။ 14 April 2016 တွင် ပြန်စစ်ပြီး။
- ↑ Pidurangala။ Sunday Observer (5 September 2010)။ 3 September 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 April 2016 တွင် ပြန်စစ်ပြီး။
- ↑ ၃.၀ ၃.၁ Pidurangala Temple Archaeological Site။ srilankatravelnotes (July 2012)။ 21 February 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 April 2016 တွင် ပြန်စစ်ပြီး။
- ↑ Pidurangala: In the midst of serenity။ The Sunday Times (1 November 2009)။ 14 April 2016 တွင် ပြန်စစ်ပြီး။
- ↑ Pidurangala။ angelfire.com (25 March 2007)။ 14 April 2016 တွင် ပြန်စစ်ပြီး။