ပိုခါရာမြို့ (နီပေါ: पोखरा, Nepali pronunciation: [ˈpokʰʌɾa]) သည် နီပေါနိုင်ငံရှိ မြို့ကြီးတစ်မြို့ဖြစ်သည်။ ဤမြို့သည် ဂန်ဒကိစီရင်စု၏ မြို့တော်လည်း ဖြစ်သည်။ [၁]ဤမြို့သည် နိုင်ငံတွင် ဧရိယာအားဖြင့် အကြီးဆုံးမြို့ကြီးဖြစ်ကာ လူဦးရေအားဖြင့် ဒုတိယအကြီးဆုံး ဖြစ်သည်။ ကက်ကိခရိုင်၏ ရုံးချုပ်များစိုက်ရာနေရာမြို့လည်း ဖြစ်သည်။[၂] ပိုခါရာမြို့သည် ကတ်မန်ဒုမြို့၏ အနောက်ဘက် ၂၀၀ ကီလိုမီတာ (၁၂၀ မိုင်) အကွာတွင် တည်ရှိသည်။ မြို့သည် ဖီဝကန်၏ ကမ်းခြေတွင် တည်ရှိသည်။ မြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် ခန့်မှန်းခြေ ၈၂၂ မီတာတွင် တည်ရှိသည်။[၃] အန်နာပါနတောင်တန်းလည်း တည်ရှိကာ ၎င်းသည် ကမ္ဘာပေါ်ရှိ အမြင့်ဆုံး တောင်ထပ်ဆယ်ခုများထဲတွင် သုံးခုပါဝင်သည်။ ၎င်းတောင်ထိပ်သုံးခုမှာ ဒါလာဂီရိ၊ အန်နာပါန -၁ နှင့် မနဆလုတို့ဖြစ်ကြသည်။ ၎င်းတို့သည် လွင်ပြင်မှ ၁၅ - ၃၅ မိုင် အကွာ (၂၄ - ၅၆ ကီလိုမီတာ) တွင် တည်ရှိသည်။[၄][၅]

ပိုခါရာ
पोखरा महानगरपालिका
Metropolitan City
နာမည်ပြောင်(များ): City of lakes
ဆောင်ပုဒ်: Clean Pokhara, Green Pokhara
ပိုခါရာ သည် Gandaki Province တွင် တည်ရှိသည်
ပိုခါရာ
ပိုခါရာ
ပိုခါရာ သည် နီပေါနိုင်ငံ တွင် တည်ရှိသည်
ပိုခါရာ
ပိုခါရာ
ပိုခါရာ သည် အာရှတိုက် တွင် တည်ရှိသည်
ပိုခါရာ
ပိုခါရာ
Location in Province
ကိုဩဒိနိတ်: 28°12′30″N 83°59′20″E / 28.20833°N 83.98889°E / 28.20833; 83.98889ကိုဩဒိနိတ်: 28°12′30″N 83°59′20″E / 28.20833°N 83.98889°E / 28.20833; 83.98889
နိုင်ငံ နီပေါ
ProvinceGandaki Province
တိုင်းKaski District
Incorporated1962
အစိုးရ
 • အမျိုးအစားMayor-council
 • အစိုးရအဖွဲ့Pokhara Metro. Municipality
 • မြို့တော်ဝန်Man Bahadur GC
 • Deputy MayorManju Gurung
ဧရိယာ
 • စုစုပေါင်း၄၆၄.၂၄ စတုရန်းကီလိုမီတာ (၁၇၉.၂၄ စတုရန်းမိုင်)
 • ရေထု၄.၄ စတုရန်းကီလိုမီတာ (၁.၇ စတုရန်းမိုင်)
ပင်လယ်ရေ မျက်နှာပြင်အမြင့်၈၂၂ မီတာ (၂၆၉၇ ပေ)
လူဦးရေ (2020)
 • စုစုပေါင်း၅၂၃၀၀၀ est.
 • သိပ်သည်းမှု၈၆၈.၀၇၄/km (၂၂၄၈.၃၀/sq mi)
 • EthnicitiesBrahmin, Gurung, Chhetri, Khas Nepali, Magar, Newar,
 • ကိုးကွယ်ယုံကြည်မှုများဟိန္ဒူဘာသာဗုဒ္ဓဘာသာအစ္စလာမ်ဘာသာခရစ်ယာန်
Demonym(s)Pokhareli
ဘာသာစကားများ
 • တရားဝင်Nepali and (Other Language)
အချိန်ဇုန်NST (UTC+5:45)
Postal Codes33700 (WRPD), 33702, 33704, 33706, 33708, 33713
ဧရိယာကုဒ်(များ)061
ဝက်ဘ်ဆိုဒ်pokharamun.gov.np

ပိုခါရာမြို့သည် နီပေါ၏ ခရီးသွားမြို့ ဖြစ်သည်။ [၆]ပိုခါရာမြို့သည် ဟိမဝန္တာတောင်တန်းများရှိ အန်နာပူရတောင်တန်းများ၏ အန်နာပူရခရီးသွားဧရိယာမြို့သို့ သွားသူများအတွက် အခြေစိုက်ရာမြို့ ဖြစ်သည်။[၇] ထို့အပြင် ဤမြို့သည် ဂေါရခါးစစ်သားများစွာတို့၏ နေထိုင်ရာအိမ်လည်း ဖြစ်သည်။ [၈]

အမည်တွင်ပုံ ပြင်ဆင်ရန်

နီပေါဘာသာစကား "ပိုခါရိ"(နီပေါ: पोखरा, Nepali pronunciation: [ˈpokʰʌɾi])သည် "ကန်" ဟု အဓိပ္ပာယ်ရသည်။ ပိုခါရာဟူသည့် အမည်သည် "ပိုခါရိ" မှ ပြောင်းလဲလာပြီး "ကန်များစွာနှင့်မြို့" ဟု အဓိပ္ပာယ်ရသည်။

သမိုင်းကြောင်း ပြင်ဆင်ရန်

ပိုခါရာလွင်ပြင်ဒေသတွင် ရေဒီယိုကာဗွန်သက်တမ်းနှင့် လေ့လာမှုများအရ လေ့လာသူများက တွေ့ရှိရသည်မှာ ထိုဒေသတွင် ကြီးမားသည့် ငလျင်အနည်းဆုံးသုံးခုသည် အေဒီ ၁၀၀၀, ၁၂၅၅ နှင့် ၁၃၄၄ စသည့်အချိန်များတွင် လှုပ်ခတ်ခဲ့သည်။ လှုပ်ခတ်မှုကြောင့် များပြားသည့်ရွှံ့နွံများ၊ ကျောက်စများ စသည်တို့သည် ၉ ကုဗကီလိုမီတာအထိ ထွက်ပေါလာခဲ့ကာ အန်နာပူရတောင်တန်းရှိ Sabche Cirque တွင် လွှမ်းမှုများ ဖြစ်ပေါ်ခဲ့သည်။[၉]

ပိုခါရာမြို့သည် တရုတ်နှင့် အိန္ဒိယအကြား အရေးကြီးသည့် ရှေးခေတ်ကုန်သွယ်ရေးလမ်းကြောင်းတစ်ခု ဖြစ်ခဲ့သည်။ ၁၇ ရာစုတွင် ပိုခါရာသည် ကတ်စကီနိုင်ငံ၏ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့သည်။ ကတ်စကီနိုင်ငံသည် Chaubisi Rajya မင်းနိုင်ငံ ၂၄ ခုထဲမှ တစ်ခု ဖြစ်သည်။ ပိုခါရာပတ်ဝန်းကျင်ရှိ တောင်ကုန်များတွင် ယခုထက်တိုက် ငလျင်များလှုပ်ခတ်သဖြင့် ထွက်ပေါ်လာသည့် ကျောက်စများကို ယခုထက်တိုင်မြင်တွေ့ရသည်။ ၁၇၈၆ တွင် Prithvi Narayan Shahသည် ပိုခါရာကို သူ၏ နိုင်ငံအတွင်းသို့ ထည့်သွင်းခဲ့သည်။ ထိုအခါမှစတင်က ၎င်းသည် Kathmandu မှ  Jumla သို့ နှင့် အိန္ဒိယမှ တိဘက်သို့ ကုန်သွယ်ခရီးသွားလာရာအရေးပါသည့် လမ်းကြောင်း ဖြစ်ခဲ့သည်။[၁၀]

ထိုလွင်ပြင်ဒေသတွင် ပထမဆုံးအခြေချနေထိုင်သူများသည် ကတ်စကိ၏ ပထမဆုံးဘုရင်ဖြစ်သည့် Kulamandan Shah Khad ၏ လက်ထက်တွင် ဖြစ်သည်ဟု ယူဆသူများက ဆိုကြသည်။ ၎င်းသည် လွင်ပြင်ဒေသ၏ မြောက်ဘက်ရှိ Batulechaur ကို ၁၄ ရာစုအလယ်ပိုင်းတွင် သူ၏ ဆောင်းရာသီမြို့တော်အဖြစ် ပြုလုပ်ခဲ့သည်။ ထိုဒေသတွင် Parajuli ဗြဟ္မဏလူမျိုးတို့သည် အခြေချနေထိုင်ခဲ့ကြပြီး ၎င်းတို့သည် ဘင်ဒယာဘစီနီကျောင်းတော်ကို စောင့်ရှောက်ခဲ့ကြသည်။  Dhobi Gauda သည် ပိုခါရာလွင်ပြင်၏ ပထမဆုံးသော ဈေးနေရာဖြစ်ခဲ့သည်။ ပိုခါရာ၏ နောက်ဆုံဂဘုရင်မတိုင်မီက ၁၇၇၀ တွင် Newars လူမျိုးမိသားစု ၁၆ ခုကို Kathmandu (Bhaktapur) ကို လက်ရှိဈေးနေရာတိုးတက်လာစေရန်အတွက် ခေါ်ဆောင်ခဲ့သည်။ ထိုမတိုင်မီက ထိုလူမျိုးများသည် တောင်စွန်ဖျားဒေသများတွင် နေထိုင်ကြသည်။[၁၁]

အေဒီ ၁၈ ရာစုအလယ်ပိုင်းတွင် ဘုရင် ကတ်စကိသည် ပိုခါရာမြို့ကို စီးပွားရေးအချက်အချာနေရာတစ်ခုဖြစ်လာရန် မျှော်မှန်းခဲ့သည်။[၁၂] Bhaktapur ၏ Newars မှ ပိုခါရာသို့ပြောင်းရွှေ့သည့်အခါ အနီးအနားရှိ Bindhyabasini temple, Nalakomukh နှင့် Bhairab Tole. စသည်တို့သည် စီးပွားရေးအဓိကျသည့် နေရများ ဖြစ်ခဲ့ကြသည်။ ထိုအချိန်က ပိုခါရာမြို့တွင် နေထိုင်ကြသူများမှာ Khas (Brahmin, Chhetri, Thakuri and Dalits), Gurungs, နှင့် Magars စသည့် လူမျိုးများဖြစ်ကြသည်။[၁၃] ထို့အပြင် Newari လူမျိုးများလည်း အတန်အသင့် နေထိုင်ကြသည်။ ပိုခါရာ၏ မြောက်ဘက်ဝေးကွာသည့်နေရာတွင် Batulechaur တည်ရှိသည်။ ၎င်းနေရာသည်  Gandharvas or Gaaineys တို့၏ နေရာလည်း ဖြစ်သည်။[၁၄][၁၅]

ပိုခါရာမြို့ ပတ်ဝန်းကျင်အနီးနားရှိ တောင်ကုန်းများသည် Gurung လူမျိုးများတို့၏ ရွာများအများစု ဖြစ်ကြသည်။ အချို့နေရာများတွင် Khas လူမျိုးစုအဖွဲ့များ နေထိုင်ကြသည်။ တောင်တန်းများ၏ တောင်ဘက်ပိုင်းတွင် Magar လူမျိုးများသည် အများစု နေထိုင်ကြသည်။ Newar လူမျိုးစုအဖွဲ့အစည်းသည် ပိုခါရာမြို့၏ အပြင်ဘက်တောင်တန်းဒေသများတွင် နေထိုင်မှု မရှိသလောက်နီးပါး ဖြစ်သည်။[၁၆]


ပထဝီဝင် ပြင်ဆင်ရန်

 
Middle Hills

ပိုခါရာမြို့သည် ပိုခါရာလွင်ပြင်၏ အနောက်မြောက်ထောင့်ဘက်တွင် တည်ရှိသည်။ ပိုခါရာလွင်ပြင်သည် ဆက်တီဂန်ဒကိလွင်ပြင်၏ ကျယ်ပြန့်သည့်နေရာတစ်ခု ဖြစ်ကာ ဟိမဝန္တာတောင်တန်းများတည်ရှိရာဒေသတွင် တည်ရှိသည်။ ထိုဒေသတွင် တောင်များသည် မြင့်မားမှုသည် မြန်ဆန်ကြသည်။ ၃၀ ကီလိုမီတာ (၁၉ မိုင်) အကွာအဝေးပင်လျှင် တောင်များသည် မီတာ ၁၀၀၀ မှ ၇၅၀၀ မီတာ (ပေ ၃၃၀၀ - ပေ ၂၄၆၀၀) အထိ မြင့်တက်သွားသည်။[၁၇][၁၈][၁၉]

ရာသီဥတု ပြင်ဆင်ရန်

လူဦးရေဆိုင်ရာ ပြင်ဆင်ရန်

စီးပွားရေး ပြင်ဆင်ရန်

ရေးအားလျှပ်စစ်စက်ရုံများ ပြင်ဆင်ရန်

ကျောင်းတော်များ၊ ဂမ်ဘက် (ဗုဒ္ဓဘာသာကျောင်းတော်) နှင့် ချတ်ကျောင်းများ ပြင်ဆင်ရန်

တည်နေရာ ပြင်ဆင်ရန်

ခရီးသွား ပြင်ဆင်ရန်

ဟိုတယ်နှင့် ဧည့်ရိပ်သာများ ပြင်ဆင်ရန်

ကေဘယ်ကားများ ပြင်ဆင်ရန်

စစ်တပ် ပြင်ဆင်ရန်

လျှပ်စစ်နှင့် ရေထောက်ပံ့မှု ပြင်ဆင်ရန်

ပညာရေး ပြင်ဆင်ရန်

ပို့ဆောင်ရေး ပြင်ဆင်ရန်

အများပြည်သူပို့ဆောင်ရေး ပြင်ဆင်ရန်

မြို့တွင်းဆက်သွယ်ရေး ပြင်ဆင်ရန်

ကန်နှင့် မြစ်များ ပြင်ဆင်ရန်

ကန်များ ပြင်ဆင်ရန်

မြစ်များ ပြင်ဆင်ရန်

အားကစားနှင့် အပန်းဖြေရာ ပြင်ဆင်ရန်

ဂီတ ပြင်ဆင်ရန်

မီဒီယာနှင့် ဆက်သွယ်ရေး ပြင်ဆင်ရန်

ပိုခါရာမှ အထင်ကရပုဂ္ဂိုလ်များ ပြင်ဆင်ရန်

ပြင်ပလင့်များ ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. Pokhara Lekhnath becomes largest metropolitan city (13 March 2017)။ 7 May 2020 တွင် ပြန်စစ်ပြီး။
  2. Places proposed for temporary capitals of all seven provinces (2 January 2018)။ 2 January 2018 တွင် ပြန်စစ်ပြီး။
  3. VNPK—Pokhara Airport | SkyVector။ 2021-03-07 တွင် ပြန်စစ်ပြီး။
  4. United Nations Field Coordination Office (UNFCO) (7 June 2011)။ An Overview of the Western Development Region of Nepal 1–9။ United Nations: Nepal Information Platform။ 23 November 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 August 2021 တွင် ပြန်စစ်ပြီး။
  5. Pradhan, Pushkar Kumar (1982). "A Study of Traffic Flow on Siddartha and Prithvi Highway". The Himalayan Review 14: 38–51. 
  6. Nepal၊ S. K.; Kohler, T.; Banzhaf, B. R. (2002)။ Great Himalaya: tourism and the dynamics of change in Nepal။ Zürich, Switzerland: Swiss Foundation for Alpine Research။ ISBN 978-3-85515-106-6
  7. Holden, Andrew (2002). "Understanding the motivations of ecotourists: the case of trekkers in Annapurna, Nepal". International Journal of Tourism Research 4 (6): 435–446. doi:10.1002/jtr.402. ISSN 1522-1970. 
  8. Gray၊ Denis။ "Nepal's legendary Gurkhas face an uncertain future"၊ 7 July 2016။ 10 August 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 11 January 2019။ 
  9. "Repeated catastrophic valley infill following medieval earthquakes in the Nepal Himalaya" (2016-01-07). Science 351 (6269): 147–150. doi:10.1126/science.aac9865. PMID 26676354. Bibcode2016Sci...351..147S. 
  10. Furer-Haimendorf၊ Christoph von (1978)။ "Trans-Himalayan Traders in Transition"။ in Fisher, James F. (ed.)။ Himalayan Anthropology။ Great Britain: Mouton Publishers။ p. 339။ ISBN 978-90-279-7700-7
  11. Adhikari၊ Jagannath (2017)။ Pokhara—Urbanization, Environment and Development။ Amazon.com။ pp. Location 42—Kindle Ed။
  12. Blaikie၊ P. M.; Cameron, John; Seddon, John Davis (2005)။ "The Growth of Towns in West-Central Nepal"။ Nepal in Crisis: Growth and Stagnation at the Periphery။ New Delhi, India: Adroit Publishers။ pp. Chapter 6။ ISBN 978-81-87392-19-4
  13. Onta, Pratyoush (December 2005). "Studies in Nepali History and Society". ResearchGate 10 (2). Mandala Book Point, Kathmandu: Centre for Social Research and Development, Nepal Studies Group. ISSN 1025-5109. 
  14. Whelpton၊ John (2005)။ A History of Nepal။ Cambridge, UK: Cambridge University Press။ ISBN 978-0-521-80026-6
  15. Ragsdale၊ Tod Anthony (1989)။ Once a hermit kingdom: ethnicity, education and national integration in Nepal။ Kathmandu: Manohar Publ။ ISBN 978-81-85054-75-9
  16. Ragsdale, Tod A. (January 1990). "Gurung, Gorkhalis, Gurkhas: Speculations on a Nepalese Ethno-History". CNAS Journal 17 (1): 1–24.  Archived 26 June 2013 at the Wayback Machine. မော်ကွန်းတင်ပြီးမိတ္တူ။ 26 June 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 August 2021 တွင် ပြန်စစ်ပြီး။
  17. Gurung၊ Harka B. (2001)။ Pokhara Valley: A Geographical Survey။ pokhara, Nepal: Nepal Geographical Society။
  18. Joshi၊ S. C.; Haigh, M. J.; Pangtey, Y. P. S.; Joshi, D. R.; Dani, D. D. (1986)။ Joshi, S. C (ed.)။ Nepal Himalaya: geo-ecological perspectives။ Naini Tal, India: Himalayan Research Group။ pp. 78–80။
  19. Bezruchka၊ Stephen; Lyons, Alonzo (2011)။ Trekking Nepal: A Traveler's Guide (8th ed.)။ Seattle, Washington, USA: The Mountaineers Books။ p. 34ISBN 978-0-89886-613-1