ပိုင်အိုနီးယား ၁၁

နေအဖွဲ့အစည်းအပြင်ဘက်ကိုလေ့လာရန် နာဆာမှ ၁၉၇၃ တွင်စေလွှတ်ခဲ့သော စူးစမ်းရေးစက်ရုပ်ယာဉ်

ပိုင်အိုနီးယား ၁၁ သည် ဥက္ကာခါးပတ်ဂျူပီတာဂြိုဟ်စနေဂြိုဟ်၊ solar wind နှင့် ကော့မစ်ရောင်ခြည်များအနားရှိ ပတ်ဝန်းကျင်များကို လေ့လာရန် အမေရိကန်ပြည်ထောင်စုနာဆာမှ ၁၉၇၃ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် လွှတ်တင်ခဲ့သော အာကာသယာဉ်ဖြစ်သည်။ ယင်းသည် ဂျူပီတာဂြိုဟ်နှင့် စနေဂြိုဟ်အနား ဖြတ်ပျံသန်းခဲ့ပြီး နောက်ပိုင်းတွင် နေအဖွဲ့အစည်းပြင်ပသို့ ထွက်ခွာသွားသော ဒုတိယမြောက် လူလုပ်အရာဝတ္ထုတစ်ခု ဖြစ်လာခဲ့သည်။ အာကာသယာဉ်နှင့် အလွန်ဝေးကွားသောအခြေနေကြောင့် ပိုင်အိုနီးယား ၁၁ နှင့် နောက်ဆုံးအကြိမ် အဆက်အသွယ်ရခဲ့သည်မှာ ၁၉၉၅ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ဖြစ်ပြီး နောက်ဆုံး ကောင်းမွန်သော အင်ဂျင်နီယာဆိုင်ရာ ဒေတာအချက်အလက် ရရှိခဲ့သည်မှာ ၁၉၉၅ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်တွင်ဖြစ်သည်။[၁][၂]

ပိုင်အိုနီးယား ၁၁
An artist's impression of a Pioneer spacecraft on its way to interstellar space.
မက်ရှင်အမျိုးအစားPlanetary and heliosphere exploration
အော်ပရေတာNASA / ARC
COSPAR အိုင်ဒီ1973-019A
ဂြိုလ်တု ကတ်သလောက်နံပါတ်6421
ဝဒ်ဆိုဒ်Pioneer Project website(archived)
NASA Archive page
မက်ရှင်ကြာမြင့်ချိန်22 years, 5 months, 25 days
အာကာသယာဉ် ဂုဏ်သတ္တိများ
ထုတ်လုပ်သူTRW
ပစ်လွှတ် ထုထည်၂၆၀ ကီလိုဂရမ် (၅၇၀ ပေါင်)
ပါဝါ155 watts (at launch)
မက်ရှင် စတင်ခြင်း
ပစ်လွှတ်နေ့April 5, 1973, 02:11:00 (1973-04-05UTC02:11Z) UTC
ဒုံးပျံAtlas SLV-3D Centaur-D1A Star-37E
ပစ်လွှတ်နေရာCape Canaveral LC-36B
မက်ရှင် ပြီးဆုံး
နောက်ဆုံး ဆက်သွယ်မှုSeptember 30, 1995
ဂျူပီတာဂြိုဟ်ကို ဖြတ်၍ပျံသန်း
အနီးဆုံး ချဉ်းကပ်မှုDecember 3, 1974
အကွာအဝေး၄၃,၀၀၀ ကီလိုမီတာ (၂၇,၀၀၀ မိုင်)
စနေဂြိုဟ်ကို ဖြတ်၍ပျံသန်း
အနီးဆုံး ချဉ်းကပ်မှုSeptember 1, 1979
အကွာအဝေး၂၁,၀၀၀ ကီလိုမီတာ (၁၃,၀၀၀ မိုင်)

ပိုင်အိုနီးယား စီမံကိန်း
← ပိုင်အိုနီးယား ၁၀ ပိုင်အိုနီးယား ၁၂

လက်ရှိအခြေနေ ပြင်ဆင်ရန်

၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့အရ ပိုင်အိုနီးယား ၁၁ သည် နေကို တူရုပြု၍ ၁၁.၂၄၁ km/s (၄၀,၄၇၀ km/h; ၂၅,၁၅၀ mph) နှုန်းဖြင့် နေအဖွဲ့အစည်းအပြင်ဘက်သို့ တစ်နှစ်လျင် ၂.၃၇ AU ထွက်ခွာလျက်ရှိပြီး ကမ္ဘာမြေမှ ၁၀၀.၈၄ AU (၁.၅၀၈၅×၁၀၁၀ km; ၉.၃၇၄×၁၀ mi) အကွာအဝေးတွင် ရောက်ရှိနေခဲ့သည်။ [၃] အာကာသယာဉ်သည် လက်ရှိနေရာအနီးတွင် (၂၀၁၇ ခုနှစ်) စကူးတန် ကြယ်စုတန်းသို့ ဦးတည်လျက်ရှိသည်။ နောင်နှစ်ပေါင်း ၉၂၈,၀၀၀ ကြာလျင် TYC 992-192-1 ဟုခေါ်သော ကြယ်အနီးရှိ ၀.၂၅pc အတွင်း ရောက်ရှိပေလိမ့်မည်။[၄]


ကိုးကား ပြင်ဆင်ရန်

  1. မော်ကွန်းတင်ပြီးမိတ္တူ။ 15 August 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 September 2021 တွင် ပြန်စစ်ပြီး။
  2. Pioneer 11: In Depth။ December 10, 2017 တွင် ပြန်စစ်ပြီး။
  3. Archived copy။ July 21, 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ July 19, 2015 တွင် ပြန်စစ်ပြီး။
  4. "Future stellar flybys of the Voyager and Pioneer spacecraft" (April 3, 2019). Research Notes of the AAS 3 (4): 59. RNAAS 3, 59. doi:10.3847/2515-5172/ab158e.