ပိုင်အုပ်စိုးအောင် (အင်္ဂလိပ်: Paing Oak Soe Aung; ၂၀၀၁၊ ဇူလိုင် ၂၉ ရက် မွေးဖွား) သည် မြန်မာ အမျိုးသား သရုပ်ဆောင်၊ မော်ဒယ်တစ်ဦး ဖြစ်သည်။ သူသည် နှလုံးသားနှင့်အနီးဆုံး ရုပ်သံဇာတ်လမ်းတွဲတွင် စည်သူကျော် အဖြစ် အဓိကနေရာမှ ပါဝင်သရုပ်ဆောင်ခဲ့ပြီး အောင်မြင်မှုရရှိခဲ့သည်။[၁]

Paing Oak Soe Aung
ဇာတိ အမည်ပိုင်အုပ်စိုးအောင်
မွေးဖွား (2001-07-29) ၂၉ ဇူလိုင်၊ ၂၀၀၁ (အသက် ၂၂)
ရန်ကုန်မြန်မာနိုင်ငံ
နိုင်ငံလူမျိုးဗမာ
ပညာရေးMLA International School
အလုပ်အကိုင်သရုပ်ဆောင်မော်ဒယ် (လူ)
တက်ကြွလှုပ်ရှားနှစ်များ၂၀၁၆–လက်ရှိ
အရပ်{၅ ft ၁၀ in (၁.၇၈ m)
မိဘ(များ)ထင်အောင်
အေးအေးသင်း

ဘဝအစောပိုင်းနှင့် ပညာရေး ပြင်ဆင်ရန်

ပိုင်အုပ်စိုးအောင်ကို ၂၀၀၁ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့တွင် ဖွားမြင်ခဲ့သည်။ ဇာတိမှာ အောင်ပန်းမြို့ ဖြစ်ပြီး မိဘများရန်ကုန်မြို့သို့ ခရီးထွက်စဉ် မွေးဖွားခဲ့ခြင်းဖြစ်သည်။ မိဘများမှာ ဦးထင်အောင်၊ ဒေါ်အေးအေးသင်း တို့ဖြစ်သည်။ သူသည် တိုင်းရင်းသား ဓနု-မြန်မာ စပ်ဖြစ်ပြီး သူ့ဖခင်မှာ ဓနုလူမျိုးဖြစ်ပြီး မိခင်မှာ မြန်မာလူမျိုးဖြစ်သည်။ မိဘများသည် ရှမ်းပြည်နယ်, အောင်ပန်းမြို့ တွင်နေထိုင်ပြီး စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ကြသည်။ မောင်နှမနှစ်ယောက်ရှိပြီး အငယ်ဆုံးသား ဖြစ်သည်။ သူသည် အထက်တန်းပညာရေးကို MLA International School တွင်တက်ရောက်သင်ကြားခဲ့သည်။[၂]

သက်မွေးမှုလုပ်ငန်း ပြင်ဆင်ရန်

ကြော်ငြာမော်ဒယ် ပြင်ဆင်ရန်

ပိုင်အုပ်စိုးအောင် သည် ကြော်ငြာမော်ဒယ်အဖြစ် ၂၀၁၆တွင်စတင်လုပ်ကိုင်ခဲ့ပြီး တယ်လီနော်ကြော်ငြာ ပထမဆုံးရိုက်ကူးခဲ့သည်။ ထို့နောက်တွင် မဂ္ဂဇင်းမျက်နှာဖုံးများ အတွက်ဓာတ်ပုံများရိုက်ကူးခဲ့သည်။ သူသည် ကြော်ငြာမော်ဒယ်အဖြစ် ကြော်ငြာပေါင်း၃၀ကျော်ကို ရိုက်ကူးခဲ့ပြီး လက်တာဆွိုင်း ပဲနို့, Oppo, တယ်လီနော, Viho, Zalo နှင့် ပက်စီ., စသည်တို့ပါဝင်သည်။[၁]

သရုပ်ဆောင် ပြင်ဆင်ရန်

၂၀၁၈ ခုနှစ် တွင် ပိုင်အုပ်စိုးအောင် သည် သရုပ်ဆောင်တစ်ယောက်ဖြစ်လာသည်။ သူ၏ ပွဲဦးထွက်ဇာတ်လမ်းကို အဓိကနေရာဖြင့် “နှလုံးသားနှင့်အနီးဆုံး” ရုပ်သံဇာတ်လမ်းတွဲတွင် မင်းသမီး နန်းစန္ဒာလှထွန်းနှင့်အတူရိုက်ကူးခဲ့သည်။ အဆိုပါဇာတ်လမ်းသည် မြန်မာပြည်တွင်လူသိများပြီး MRTV-4 ရုပ်သံလိုင်းတွင် ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၃၀ရက်နေ့ တွင်စတင်ထုတ်လွှင့်ခဲ့သည်။[၁][၃]

ပိုင်အုပ်စိုးအောင် သည် တခြားသောဇာတ်ကားများတွင်လည်း ဧည့်သည့် သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ဖူးသည်။ ယခုလက်ရှိတွင်လည်း ဇာတ်ကားများနှင့် ကြော်ငြာများ ရိုက်ကူးလျက်ရှိသည်။

အရောင်းသံတမန် ပြင်ဆင်ရန်

ပိုင်အုပ်စိုးအောင် သည် ကြော်ငြာအစီအစဉ်များဖြင့် လူသိများလာသော မော်ဒယ် ဖြစ်သည်။ သူသည် ပထမဦးစွာ လက်တာဆွိုင်း ပဲနို့ ၏brand မော်ဒယ် အဖြစ် ဇူလိုင် ၂၀၁၇တွင် ခန့်အပ်ခံရသည်။

အောက်တိုဘာ ၂၀၁၇တွင် သူသည် Oppo A7 smartphone ၏အရောင်းသံတမန်အဖြစ်ခန့်အပ်ခံရသည်။[၄]

ရုပ်ရှင် ပြင်ဆင်ရန်

ရုပ်သံဇာတ်လမ်းတွဲ ပြင်ဆင်ရန်

Year Title Role Notes
၂၀၁၈ နှလုံးသားနှင့်အနီးဆုံး စည်သူကျော် အဓိကနေရာ

ကိုးကား ပြင်ဆင်ရန်

ပြင်ပလင့်ခ်များ ပြင်ဆင်ရန်