ပုဂံ​မင်း​မယ်တော် အုတ်ဂူ​ပြာသာဒ်

ပုဂံမင်းမယ်တော် အုတ်ဂူပြာသာဒ် ပြင်ဆင်ရန်

ပဉ္စမသင်္ဂါယနာတင် ဘဝရှင်မင်းတုန်းမင်ကြီး တည်ဆောက်ခဲ့သည်။ ပုဂံမင်းနှင့် စကြာဒေဝီမိဖုရားကြီးတို့၏ မယ်တော်အုတ်ဂူဖြစ်သည်။

တည်နေရာ ပြင်ဆင်ရန်

မြနန်းစံကျော်ရွှေနန်းတော်ကြီး အရှေ့မြောက်ဘက်တွင် အတွင်းမြို့ရိုးအတွင်း၊ ရတနာပုံနန်းမြို့၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့တွင် တည်ရှိသည်။ အရှေ့ဘက်တွင် သစ်တပ်၊ အတွင်းမြို့ရိုးနှင့် လ-ပ-ခ စခန်းရုံး၊ အနောက်ဘက်တွင် မြနန်းစံကျော်ရွှေနန်းတော်ကြီး၊ တောက်ဘက်တွင် ကျောက်စာရုံနှင့် ပဟိုရ်စင်၊ မြောက်ဘက်တွင် မင်းတုန်းမင်း အုတ်ဂူပြာသာဒ်နှင့် လောင်းရှည်မိဖုရား ဂူပြာသာဒ်တို့ ရှိသည်။

 
မင်းတုန်းမင်း၊ ပုဂံမင်းမယ်တော်၊ ဆင်ဖြူမရှင်၊ လောင်းရှည်မိဖုရားတို့၏ အုတ်ဂူပြာသာဒ် ပန္နက်ပုံ

ခေတ်ကာလ ပြင်ဆင်ရန်

ရတနာပုံခေတ်လက်ရာ ဂူပြာသာဒ်ဖြစ်သည်။

ထူးခြားချက် ပြင်ဆင်ရန်

လေးတိုင်စင် ဘုံခုနှစ်ဆင့် ကျွန်းပြာသာဒ်ဖြစ်သည်။ ပြာသာဒ်ရှေ့တွင် ကျောက်စာရှိသည်။

သမိုင်းအကျဉ်း ပြင်ဆင်ရန်

ပုဂံမင်းနှင့် စကြာဒေဝီမိဖုရားကြီးတို့၏ မယ်တော်ကို သက္ကရာဇ် ၁၁၅၆ ခုနှစ်တွင် မွေးဖွားခဲ့သည်။ မင်းတုန်းမင်းနန်းတက်ပြီး မြို့တော်ကို အမရပူရမှ မန္တလေးရတနာပုံသို့ ပြောင်းရွှေ့လာသောအခါ ယောက္ခမဖြစ်သူ စကြာဒေဝီမိဖုရားခေါင်ကြီး၏မယ်တော်လည်း လိုက်ပါလာခဲ့သည်။ ထို့နောက် သမီးတော် စကြာဒေဝီမိဖုရားခေါင်ကြီးထက် နှစ်နှစ်စောကာ ၁၈၇၄ ခုနှစ်တွင် နတ်ပြည်စံခဲ့သည်။ နတ်ပြည်စံပြီးနောက် အလောင်းတော်ကို မီးရှို့ပြာချကာ ဘုံငါးဆင့် ကျွန်းပြာသာဒ်ဖြင့် တည်ဆောက် မြှုပ်နှံခဲ့သည်။

အမျိုးအစား ပြင်ဆင်ရန်

ကျွန်းသစ်ဖြင့် တည်ဆောက်ထားသော ဘုံခုနှစ်ဆင့်ပြာသာဒ်ဖြစ်သည်။

လက်ရှိအခြေအနေ ပြင်ဆင်ရန်

နန်းတွင်းတွင်ရှိသော ဆွေတော်မျိုးတော်တို့၏ သင်္ချိုင်းပြာသာဒ်များအနက် တောက်ဘက်အကျဆုံး ပြာသာဒ်ဖြစ်သည်။ ကျွန်းသားတိုင်လုံးဖြင့် လေးတိုင်စင်ခံပြီး တည်ဆောက်ထားသည့် ဘုံခုနှစ်ဆင့် ပြာသာဒ်ဖြစ်သည်။ အောက်ခြေတွင် အုတ်ခုံခင်းထားပြီး တိုင်ပတ်လည်တွင် သပြူဖောက်ဇာများ ကာရံထားသည်။ အမွှမ်းပန်းများမှာ အပြည့်အစုံကျန်ရှိနေသေးပြီး ဆေးနီညိုများ သုတ်ထားသည်။ ပြာသာဒ်၏ အနောက်မြောက်ထောင့်တွင် အနည်းငယ်အိကျနေသဖြင့် ထောက်ကန်ထိန်းသိမ်းထားသည်။ ပြာသာဒ်၏ အရှေ့တွင် ပုဂံမင်းမယ်တော်၏ အမိုင်းအချက်အလက်ကျောက်စာ စိုက်ထူထားပြီး အုတ်ဝင်းတံတိုင်း ကာရံထိန်းသိမ်းထားသည်။

ထိန်းသိမ်းမှု ပြင်ဆင်ရန်

ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနက ထိန်းသိမ်းစောင့်ရှောက်ထားသည်။ [၁]

အကိုးအကား ပြင်ဆင်ရန်

  1. မန္တလေးဒေသ ရှေးဟောင်းအဆောက်အအုံများမှတ်တမ်း၊ အမှတ် (၁)၊ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန၊ ဒုကြိမ်၊ ဖေဖော်ဝါရီ ၂၀၁၁။