ပုစဉ်းရင်ကွဲ (Cicada)
Temporal range: Late Triassic – recent
Annual cicada, Neotibicen linnei
ပုစဉ်းရင်ကွဲ အော်သံ
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Arthropoda
မျိုးပေါင်း: Insecta
မျိုးစဉ်: Hemiptera
Infraorder: Cicadomorpha
Superfamily: Cicadoidea
Latreille, 1802
မျိုးရင်းများ
အစိမ်းရောင်အဆင်းရှိသည့် ပုစဉ်းရင်ကွဲတစ်ကောင်

ပုစဉ်းရင်ကွဲ (Cicada) များသည် သေးငယ်ပြီး အလွန်ဆူညံသော အော်မြည်သံများကို ပေးတတ်သည်။ ၎င်းတို့သည် ထရူးဘက်(True Bug) ဟုခေါ်သည့် အင်းဆက်အမျိုးစားတွင် ပါဝင်သည်။ ဆူညံသော အော်သံမှာ အဖိုကောင်သည် တမ်ဘယ်(tymbals) ဟုခေါ်သည့် တုန်ခါနေသောဘောင်လေးများအား အသုံးပြုပြီး ဆူညံသံပြုလုပ်ကာ အမကောင်ကို ခေါ်ငင်သည်။ အမကောင်သည် ယင်းဆူညံသံကို ကြားနိုင်သော်လည်း မပြုလုပ်နိုင်ချေ။ သို့သော် ယင်းအသံကြားသည်နှင့် အမကောင်လေးသည် အဖိုကောင်အား လိုက်လံ ရှာဖွေမည်ဖြစ်သည်။ ထို့နောက် ၎င်းတို့နှစ်ဦး မျိုးဆက်ပွားရန်ကြိုပမ်းပြီး အမကောင်သည် ၎င်း၏တောင်ပံကို အသုံးပြုကာ သစ်ပင် အကိုင်းအဆက်များကို လိုင်းတန်း အကြောင်းကလေးများ ပြုလုပ်ပြီး ဥများကို ထိုနေရာတွင် ဥမည်ဖြစ်သည်။ အရွယ်ရောက်ပြီးသော ပုစဉ်းရင်ကွဲတစ်ကောင်သည် မကိုက်တတ်သည့်အပြင် အစာလည်း မစားချေ။ ပုံမှန်အားဖြင့် ၎င်းတို့သည် အစိမ်းရောင် သို့မဟုတ် အမည်းရောင် အဆင်း ရှိကြသည်။ ပုစဉ်းရင်ကွဲကောင်းကလေးများကို စား၍ရနိုင်ပြီး တရုတ်နိုင်ငံကဲ့သို့သော နိုင်ငံများတွင် စားသုံးကြသည်ကို တွေ့ရသည်။

ကိုးကား ပြင်ဆင်ရန်