အရှင်ပုပ္ဖစ္ဆဒနိယထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[၁]

ဘဝဇာတ်ကြောင်း ပြင်ဆင်ရန်

ပဒုမုတ္တရမြတ်စွာဘုရားလက်ထက် ပြင်ဆင်ရန်

ပဒုမုတ္တရမြတ်စွာဘုရား လက်ထက်တော်အခါက ဖြစ်၏။ ထိုအချိန်တွင် အရှင်ပုပ္ဖစ္ဆဒနိယထေရ် သည် ဗေဒင်သုံးပုံကို တတ်မြောက်သည့် “သုနန္ဒ” အမည်ရသည့် ပုဏ္ဏားဖြစ်၏။ ထိုပုဏ္ဏားသည် ဝါဇပေယျယဇ်ကို ပူဇော်၏။

တစ်ခုသောအချိန်တွင် ကောင်းကင်၌ စင်္ကြံကြွသွားသော မြတ်စွာဘုရားအား ပုဏ္ဏားသည် မြင်လေ၏။ ထိုအခါ ပုဏ္ဏားသည် ပန်းတို့ကို ခူး၍ ကောင်းကင်၌ ပစ်မြှောက်ကာ ပူဇော်ခဲ့၏။ [၁]

အကျိုးခံစားရခြင်း ပြင်ဆင်ရန်

ဤဘဒ္ဒကမ္ဘာမှ တစ်ရာ့တစ်ဆယ့်တစ်ကမ္ဘာထက်တွင် “အမ္ဗရံသ” အမည်ဖြင့် စကြဝတေးမင်း သုံးဆယ့်ငါးကြိမ် ဖြစ်ခဲ့၏။[၁]

ဂေါတမမြတ်စွာဘုရားထက်ထက် ပြင်ဆင်ရန်

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်ပုပ္ဖစ္ဆဒနိယထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ သောဘိဝဝဂ်၊ ပုပ္ဖစ္ဆဒနိယတ္ထေရအပဒါန်