အာသဝေါတရားဆိုသည်မှာ အထက်ဘဝဂ်မှ အောက်အဝီစိတိုင်အောင် မျောအောင် မြုပ်အောင် ပြုလုပ်တတ်သောတရားဖြစ်သည် ဟု ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဣတိဝုတ်ပါဠိတော်အာသဝက္ခယသုတ်မှာ ဟောကြားတော်မူခဲ့သည်။
အာသဝေါတရားလေးပါးမှာ -

  • ကာမာသဝ = ကာမ (၁၁)ဘုံ၌ မျောအောင် မြုပ်အောင် ပြုလုပ်တတ်သော လောဘတရား။
  • ဘဝါသဝ = နေဝသညာ နာသညာယတနဘုံ တည်းဟူသော ရူပ (၁၆)ဘုံနှင့် အရူပ (၄)ဘုံပေါင်း ဗြဟ္မာဘုံ (၂၀)၌ မျောအောင် မြုပ်အောင် ပြုလုပ်တတ်သော လောဘတရား။
  • ဒိဌာသဝ = အပါယ်လေးပါးသို့ကျအောင် ပြုလုပ်တတ်သော ဒိဌိတရား။
  • အဝိဇ္ဇာသဝ = (၃၁)ဘုံလုံးကို ခြုံပြီး မျောအောင် မြုပ်အောင် ပြုလုပ်တတ်သော မောဟတရား။


အရှင်သောမ


ကိုးကား ပြင်ဆင်ရန်