ပဲစောင်းလျားပင်

အပင်မျိုးစိတ်

ပဲစောင်းလျားပင် (အင်္ဂလိပ်: winged bean) သည် အပူပိုင်းဒေသတွင် ပေါက်ရောက်သော ပဲပင်အမျိုးအစားဖြစ်ပြီး နယူးဂီနာနိုင်ငံမှ စတင်ပေါက်ရောက်သည်။[၁] ယင်းသည် ပူနွေးစိုထိုင်းသော တောင်အာရှနှင့် အရှေ့တောင်အာရှရှိ နိုင်ငံများတွင် ပေါများစွာ ကြီးထွားကြသည်။ အရှေ့တောင်အာရှဒေသရှိ ပါပူအာနယူးဂီနီနိုင်ငံတွင်မူ ပမာဏအနည်းငယ်သာ ဖြစ်ထွန်းသည်။[၂] ပဲစောင်းလျားပင်သည် စားသုံးသူနှင့် လယ်သမားတို့အတွက် အလွန်အသုံးဝင်သော အပင်တစ်မျိုးဖြစ်ပြီး ရောဂါပိုးမွှားအန္တရာယ်ကိုလည်း ခုခံနိုင်စွမ်းရှိသည်။ အာဟာရဓာတ်ပေါကြွယ်ဝပြီး အပင်၏အစိတ်အပိုင်းအားလုံးကို စားသုံးနိုင်သည်။

ပဲစောင်းလျားပင်
Winged bean flowers, leaves, and seeds
မျိုးရိုးခွဲခြားခြင်း
လောက:
(unranked):
(unranked):
Eudicots
(unranked):
Rosids
မျိုးစဉ်:
Fabales
မျိုးရင်း:
Fabaceae
မျိုးရင်းသေး:
Faboideae
မျိုးဇာတ်:
Phaseoleae
မျိုးစု:
Psophocarpus
မျိုးစိတ်:
P. tetragonolobus
ဒွိနာမ
Psophocarpus tetragonolobus

ကိုးကား ပြင်ဆင်ရန်

  1. Hymowitz, T (1977). "Ethnobotany and Agriculture Potential of the Winged Bean". Economic Botany 31 (2): 180–188. doi:10.1007/bf02866589. 
  2. Khan၊ T. (1982)။ Winged Bean Production in the Tropics။ Food and Agriculture Organization of the United Nations။ p. 1။