ပြည်တည်နာ (အင်္ဂလိပ်: Bairnsdale ulcer, Searls ulcer, သို့မဟုတ်Daintree ulcer) ဟုလည်းခေါ်သည့် ဘုရုလိ အာလ်ဆာ အနာသည် Mycobacterium အစာအိမ် မှဖြစ်ပွားသော ကူးစက်ရောဂါ တစ်မျိုး ဖြစ်သည်။ မနာကျင်သော ဆဲလ်အစုအဝေး အဖုငယ် (nodule) သို့မဟုတ် ရောင်ရမ်းမှုများသည် ရောဂါကူးစက်ဖြစ်ပေါ်စ လက္ခဏာများဖြစ်သည်။ ယင်း အဖုအကျိတ်သည် အာလ်ဆာခေါ် အနာ (ulcer) အဖြစ်ပြောင်းလဲဖြစ်ပေါ် လာနိုင်သည်။ အနာသည် အရေပြားပေါ်တွင်ထက် အသားအတွင်းထဲတွင် ပိုမိုကြီးမါးနိုင်ပြီး၊ ဘေးတွင် ရောင်ရမ်းနေနိုင်သည်။ ရောဂါပိုမိုဆိုးရွားလာသော် အရိုးသို့ ကူးစက်ထိခိုက်နိုင်သည်။ ဘုရုလိအာလ်ဆာ အနာများသည် လက်မောင်းနှင့် ခြေထောက်များတွင် အများဆုံးဖြစ်တတ်ပြီး၊ အဖျား လည်းတက်စေတတ်သည်။

ပြည်တည်နာ
ဂါနာမှလူတစ် ဦး ၏ခြေကျင်းတွင် Buruli အနာ။
အထူးပြုကူးစက်ရောဂါ Edit this on Wikidata

ရောဂါဖြစ်ခြင်းအကြောင်းရင်း ပြင်ဆင်ရန်

M. ulcerans သည်ခန္ဓာကိုယ်ခုခံမှု ဖိနှိပ်ထိန်းသိမ်းမှုလုပ်ငန်းစဉ် (immune system function) ကို နိမ့်လျော့စေသော မိုင်ကိုလက်ခ်တိုးန်(mycolactone) ခေါ် အဆိပ်အတောက် ဓာတ်တစ်မျိုးကို ထုတ်လွှတ်သည်။ ယင်းသည် တစ်သျှူးသေဆုံးခြင်းကို ဖြစ်ပေါ်စေသည်။ ယင်းရောဂါမျိုးနွယ်စုမှ ဘက်တီးရီးယားပိုးများသည် အဆုတ်နာရောဂါ နှင့် အနာကြီးရောဂါ (နူနာ) တို့ကို လည်း ဖြစ်စေသည်။ ရောဂါ မည်သို့ ပြန့်ပွားသည်ကို မသိရှိရသေးပေ။ သောက်သုံးရေ ဇာစ်မြစ်ကြောင့်လည်း ရောဂါပြန့်ပွားနိုင်သည်။ ၂၀၁၃ နှစ်အထိ ထိရောက်သော ထိုးဆေး မရှိသေးပေ။

ကုသနည်း ပြင်ဆင်ရန်

လူနာ၏ရောဂါကို ကိုယ်တွင်း ပိုးသတ်ဆေး (ပဋိဇီဝဆေး) များဖြင့် ဆောလျင်စွာကုသလျှင်ဖြင့် ရှစ်ပတ်ကြာ ကုသခြင်းဖြင့် ဖြစ်ပွားမှုများ၏ ၈၀ % တွင် ထိရောက်သည်။ ကုသမှုများတွင် rifampicin နှင့် streptomycin ဆေးဝါးတို့အများအားဖြင့် ပါဝင်တတ်သည်။ စထရက်ပ်တိုမိုင်စင် (streptomycin) အစား တစ်ခါတစ်ရံ Clarithromycin သို့မဟုတ် moxifloxacin တို့ကိုအသုံးပြုတတ်သည်။ အခြားကုသနည်းများတွင် ခွဲစိတ်ကုသမှုခြင်းဖြင့် အနာကိုလှီးထုတ်ခြင်း လည်း ပါဝင်နိုင်သည်။ အနာပျောက်ပြီးလျှင် အနာဖြစ်ခဲ့သည့်နေရာတွင် အများအားဖြင့်အနာရွတ် ကျန်နေတတ်သည်။

ရောဂါဖြစ်ပွား ပြန့်ပွားပုံ ပြင်ဆင်ရန်

ဘုရုလိအာလ်ဆာ အနာသည် အာဖရိက ဆဟာရဒေသကြီး (sub-Saharan Africa) ရှိကျေးလက်တောရွာဒေသများတွင် အထူးသဖြင့် အိုင်ဗရီကို့စ်နိုင်ငံ တွင် အဖြစ်များတတ်ပြီး၊ အာရှ၊ အနောက်ပစိဖိတ်နှင့် အမေရိကတိုက်ကြီးများတွင်လည်း ဖြစ်ပွားတတ်သည်။ နိုင်ငံ ၃၂နိုင်ငံကျော်တွင် ဖြစ်ပွားခဲ့ကြောင်း တွေ့ရှိထားသည်။ တစ်နှစ်လျှင် ဖြစ်ပွားမှု ငါးထောင်းမှ ခြောက်ထောင်အထိ ရှိသည်။ ရောဂါသည် လူသားများတွင်သာမက အခြားတိရစ္ဆာန်အချို့တွင် လည်း ဖြစ်ပွားတတ်သည်။ အဲလ်ဘတ် ရုစ်ကင် ကွတ်က် Albert Ruskin Cookသည် ဘုရုလိအာလ်ဆာ အနာ အကြောင်းကို ၁၈၉၇ တွင်ပထမဆုံးအဖြစ် ဖော်ပြတင်ပြသူဖြစ်သည်။

ရည်ညွှန်းချက်များ ပြင်ဆင်ရန်