ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး

ပြည်တွင်းရေကြောင်းပို့ဆောင်ရေး (အင်္ဂလိပ်: Inland Water Transport) သည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနလက်အောက်ရှိ အဖွဲ့အစည်းတစ်ခုဖြစ်သည်။

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး
 မြန်မာအစိုးရအဖွဲ့အစည်း
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
ဖွဲ့စည်းသည့်အချိန်၁၈၆၅
ယခင်အဖွဲ့အစည်းဧရာဝတီ ဖလော်တီလာ ကုမ္ပဏီ
ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေးအဖွဲ့
ရေကြောင်းပို့ဆောင်ရေးကော်ပိုရေးရှင်း
ဌာနချုပ်အမှတ် (၅၀)၊ ပန်းဆိုးတန်းလမ်း၊ ရန်ကုန်မြို့[၁]
ဝန်ကြီးများဗိုလ်ချုပ်ကြီး မြထွန်းဦး
ဌာနအကြီးအမှူးများဦးကရင်လဂျာ [၂]၊ ဦး​ဆောင်ညွှန်ကြား​ရေးမှူး
မိခင်အဖွဲ့အစည်းပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန
ဝက်ဘ်ဆိုက်iwt.gov.mm

သမိုင်းကြောင်း ပြင်ဆင်ရန်

ပြည်တွင်းရေကြောင်းပို့ဆောင်ရေးသည် ၁၈၆၅ ခုနှစ်မှ စတင် ဖွဲ့စည်းဆောင်ရွက်ခဲ့သည့် အဖွဲ့အစည်းဖြစ်ပြီး ယခုအခါ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ နိုင်ငံပိုင် သယ်ယူပို့ဆောင်ရေး အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။ ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေးနှင့် ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စေရေး အတွက် သယ်ယူပို့ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးတွင် စက်ရှိရေယာဉ်၊ စက်မဲ့တွဲနှင့် ဆိပ်ခံတွဲ စုစုပေါင်း (၃၉၀)စီး ရှိပြီး နှစ်စဉ် ခရီးသည် (၁၅.၀၆)သန်း၊ ကုန်တန်ချိန် (၂.၀၇)သန်း တို့အား ဈေးနှုန်း ချိုသာစွာဖြင့် ပို့ဆောင်ပေးလျက် ရှိသည်။ အဓိကဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းများမှာ မြန်မာနိုင်ငံအတွင်း ရေယာဉ်များ သွားလာနိုင်သည့် မြစ်ကြီးများဖြစ်သည့် ဧရာဝတီမြစ်ချင်းတွင်းမြစ်၊ မြစ်ဝကျွန်းပေါ်ဒေသများ၊ ရခိုင်၊ မွန်နှင့် ကရင်ပြည်နယ်ရှိ မြစ်ကြောင်းများတွင် ခရီးသည်နှင့် ကုန်စည်များ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများဆောင်ရွက်ခြင်း၊ ခရီးသည်နှင့် မော်တော်ယာဉ်များ သွားလာမှု အဆင်ပြေစေရေးအတွက် ကူးတို့လမ်းများ ပြေးဆွဲခြင်းတို့ ဖြစ်သည်။

ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏မူလအဖွဲ့အစည်းမှာ ဧရာဝတီ ဖလော်တီလာ ကုမ္ပဏီ ( Irrawaddy Flotilla Co., Ltd) ဖြစ်ပြီး ၁၈၆၅ ခုနှစ်တွင် တည်ထောင်ခဲ့သည့် ပုဂ္ဂလိကကုမ္ပဏီတစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ၁၉၄၈ခုနှစ် ဇွန်လ ၁ ရက် တွင်ယင်းကုမ္ပဏီအား ပြည်သူပိုင်ပြုလုပ်ခဲ့ပြီး၊ "ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေးအဖွဲ့" အမည်ဖြင့် ရေကြောင်းပို့ဆောင်ရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ခဲ့သည်။ အုပ်ချုပ်ရေးစနစ်သစ် ဖော်ဆောင်မှုအစီအစဉ်အရ ၁၉၇၂ ခုနှစ် မတ်လ ၁ရက် တွင် "ရေကြောင်းပို့ဆောင်ရေးကော်ပိုရေးရှင်း" အမည်ဖြင့် လည်းကောင်း၊ ၁၉၈၉ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် "ပြည်တွင်းရေကြောင်းပို့ဆောင်ရေး" အမည်ဖြင့် လည်းကောင်း ပြောင်းလဲ၍ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။[၃]

ဖွဲ့စည်းပုံ ပြင်ဆင်ရန်

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး တွင် အောက်ပါဌာနများဖြင့် ဖွဲ့စည်းထားသည်။[၄]

  • စီမံရေးရာဌာန
  • စစ်ဆေးရေးဌာန
  • သယ်ယူပို့ဆောင်ရေးဌာန
  • ကုန်စည်ပို့ဆောင်ရေးဌာန
  • အင်ဂျင်နီယာဌာန
  • ရေကြောင်းဌာန
  • ငွေစာရင်းဌာန

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့အထိ ဝန်ထမ်းအင်အားမှာ အောက်ပါအတိုင်း ဖြစ်သည်။

အကြောင်းအရာ ဖွဲ့စည်းပုံ ခန့်ပြီး
အရာထမ်း ၂၇၃ ၁၄၇
အမှုထမ်း ၁၀၆၆၆ ၂၁၁၂
စုစုပေါင်း ၁၀၉၃၉ ၂၂၅၉

ရည်မှန်းချက် ပြင်ဆင်ရန်

ပြည်တွင်းရေကြောင်းပို့ဆောင်ရေးသည် နိုင်ငံပိုင် သယ်ယူပို့ဆောင်ရေးအဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်ပြီး ခရီးသွားပြည်သူများ၏လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေးအတွက် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးလုပ်ငန်းကို အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားရန် ဖြစ်သည်။

ဆောင်ပုဒ် ပြင်ဆင်ရန်

ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏ဆောင်ပုဒ်များမှာ အောက်ပါအတိုင်းဖြစ်သည်။ (က) ရေယာဉ်နှင့် ခရီးသည် အန္တရာယ်ကင်းရှင်းရေး၊ (ခ) လုပ်ငန်းစွမ်းဆောင်မှု အပြည့်အဝပေးရေး၊ (ဂ) လုပ်ငန်းခွင် အသွင်အပြင် ကောင်းမွန်ရေး၊

ဌာနအလံနှင့် ဌာနအမှတ်အသား ပြင်ဆင်ရန်

ဌာန၏ အလံမှာ အစိမ်း၊ အဝါ၊ အပြာဖြစ်သော (၃)ရောင်ခြယ် အလံဖြစ်သည်။ အစိမ်းရောင်သည် မြန်မာနိုင်ငံရှိ သစ်တောနှင့် ကုန်းမြေများကို ကိုယ်စားပြုသည်။ အဝါရောင်မှာ မြန်မာနိုင်ငံမှ ထွက်ရှိသော စပါးအပါအဝင် သီးနှံများကို ကိုယ်စားပြု၍၊ အပြာရောင်မှာ မြန်မာနိုင်ငံရှိ မြစ်ချောင်း၊ အင်းအိုင်၊ ပင်လယ်ကို ကိုယ်စားပြုထားခြင်း ဖြစ်သည်။ အလံ၏ အချိုးအစားဖြစ်သည့် အနံနှင့် အလျားကို (၁:၁.၂၅)ဖြင့် သတ်မှတ်ထားသည်။[၅]

 
ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာန၏ အလံ

ဌာန၏ အမှတ်အသားကို ဟင်္သာငှက်ဖြင့် ပြသထားသည်။ ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး ရေယာဉ်များ၏ ခေါင်းတိုင်များအား အနက်၊ အနီ၊ အနက် (၃)ဆင့်ဖြင့် အောက်ပါအတိုင်း အမှတ်အသားပြုထားသည်။[၅]

 

လုပ်ငန်းဆောင်ရွက်မှုများ ပြင်ဆင်ရန်

ပြည်တွင်းရေကြောင်းပို့ဆောင်ရေးသည် အောက်ပါလုပ်ငန်းများကို အဓိကဆောင်ရွက်ပေးလျက်ရှိသည်။

  • မြန်မာနိုင်ငံရှိ ရေကြောင်းသွားလာမှု ကောင်းမွန်သော ပြည်တွင်း မြစ်ကြောင်းများတွင် ခရီးသည်နှင့် ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
  • ခရီးသည်နှင့် မော်တော်ယာဉ်များ သွားလာမှုအဆင်ပြေစေရေး အတွက် ကူးတို့ လမ်းများပြေးဆွဲခြင်း၊

ရေယာဉ်အင်အား ပြင်ဆင်ရန်

(၃၁.၁၂.၂၀၀၆) နေ့ရှိ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးတွင် အသုံးပြုလျက်ရှိသော ရေယာဉ်အင်အားမှာ အောက်ပါအတိုင်း ဖြစ်သည်။

  • စက်ရှိရေယာဉ် ၃၁၆ စီး
    • လူစီးကုန်တင် ၂၀၃ စီး
    • ကုန်တင် ၃၈ စီး
    • ကုန်တင်/တွဲဆွဲ ၃၆ စီး
    • ရေကြည်တင် ၂ စီး
    • တွဲဆွဲ ၂၆ စီး
    • ဆီတင် ၁ စီး
    • အထွေထွေသုံး ၁၀ စီး
  • စက်မဲ့ရေယာဉ် ၁၅၄ စီး
    • ကုန်တင်တွဲဆွဲ ၁၄၁ စီး
    • ဆီသယ်ရေယာဉ် ၁၃ စီး
    • ဆိပ်ခံတွဲ ၄၂ စီး

ရေယာဉ်ခရီးလမ်းများ ပြင်ဆင်ရန်

သယ်ယူပို့ဆောင်ရေး ဌာနခွဲ (၆)ခုတွင် ခရီးသည်နှင့် ကုန်တင်ခရီးလမ်းပေါင်း (၆၀)ခန့် ရှိသည်။ ယင်းတို့အနက် အဓိကကျသည့် ခရီးလမ်းများကို အောက်ဖော်ပြပါ ဇယားဖြင့် ဖော်ပြထားသည်။

မြစ်ဝကျွန်းပေါ်ဌာနခွဲ ပြင်ဆင်ရန်

စဉ် ရေယာဉ်လမ်း မိုင် ခုတ်မောင်းပုံ
ရန်ကုန် - ဒလ တစ်နေ့ (၄၆)ခေါက်
ဝါးတန်း - ဒလ တစ်နေ့ (၆)ခေါက်
ရန်ကုန် - ဖျာပုံ ၆၄ တစ်ပတ်(၅)ခေါက်
ရန်ကုန်-ကျုံမငေး ၁၁၈ တစ်ပတ်(၄)ခေါက်
ရန်ကုန် - ဘိုကလေး (ကုန်အထူးမြန်လမ်း) ၈၇ တစ်ပတ်(၁)ခေါက်
ရန်ကုန် - မော်ကျွန်း ၁၀၀ တစ်ပတ်(၅)ခေါက်
ရန်ကုန် - လပွတ္တာ ၁၆၈ တစ်ပတ်(၁)ခေါက်
၁၃၅ တစ်ပတ်(၃)ခေါက်
ရန်ကုန် - ပုသိမ် ၁၇၂ တစ်ပတ်(၁၀)ခေါက်
၁၀ ရန်ကုန်-ခနောင်တို တစ်နေ့(၁၀)ခေါက်
၁၁ စဉ့်အိုးတန်း-ဆာပါချောင် တစ်နေ့(၈)ခေါက်
၁၂ ဝါးတန်း-ဆိပ်ကြီး တစ်နေ့(၂)ခေါက်

[၆]

ဧရာဝတီဌာနခွဲ ပြင်ဆင်ရန်

စဉ် ရေယာဉ်လမ်း မိုင် ခုတ်မောင်းပုံ
မန္တလေး - ဗန်းမော်(မြန်) ၂၇၅ တစ်ပတ်(၂)ခေါက်
မန္တလေး - ဗန်းမော်(ထူးမြန်) ၂၇၅ တစ်ပတ်(၃)ခေါက်
မန္တလေး - ဗန်းမော်(မှန်) ၂၇၅ နှစ်ပတ်(၁)ခေါက်
မန္တလေး - ဗန်းမော်(ထူး) ခရီးသည်တင် ၂၇၅ တစ်ပတ်(၃)ခေါက်
မန္တလေး - ညောင်ဦး ၁၁၉ တစ်ပတ်(၂)ခေါက်
မန္တလေး - ပုဂံ ၁၂၉ နေ့စဉ်
မန္တလေး - ကသာ ၁၉၃ တစ်ပတ်(၂)ခေါက်

[၇]

ချင်းတွင်းဌာနခွဲ ပြင်ဆင်ရန်

စဉ် ရေယာဉ်လမ်း မိုင် ခုတ်မောင်းပုံ မှတ်ချက်
ဟုမ္မလင်း - ခန္တီး ၁၂၇ တစ်ပတ်(၂)ခေါက်
မုံရွာ - ခန္တီး ၄၅၄ တစ်လ(၁)ခေါက်
မုံရွာ - ဟုမ္မလင်း ၃၂၇ တစ်ပတ်(၂)ခေါက်
မုံရွာ-ကလေးဝ ၁၄၇ တစ်ပတ်(၂)ခေါက်

[၈]

သံလွင်ဌာနခွဲ ပြင်ဆင်ရန်

စဉ် ရေယာဉ်လမ်း မိုင် ခုတ်မောင်းပုံ
ချောင်းနှစ်ခွ ဇက်ကူးတို့ တစ်နေ့ (၈)ခေါက်
မော်လမြိုင်-ကလွီ တစ်နေ့(၂)ခေါက်
မော်လမြိုင်-နတ်မှော် တစ်နေ့(၂)ခေါက်
မော်လမြိုင်-နတ်မှော်(ထူး) တစ်နေ့(၁)ခေါက်

[၉]

ရခိုင်ဌာနခွဲ ပြင်ဆင်ရန်

စဉ် ရေယာဉ်လမ်း မိုင် ခုတ်မောင်းပုံ
စစ်တွေ - မြောက်ဦး ၄၀ တစ်ပတ်(၂)ခေါက်
စစ်တွေ - ဘူးသီးတောင် ၈၀ တစ်ပတ်(၆)ခေါက်
တောင်ကုတ် - မာန်အောင် ၄၈ တစ်ပတ်(၂)ခေါက်
စစ်တွေ - တောင်ကုတ် ၂၂၄ တစ်ပတ်(၂)ခေါက်

[၁၀]

ကုန်ပို့ဆောင်ရေးဌာနခွဲ ပြင်ဆင်ရန်

စဉ် ရေယာဉ်လမ်း မိုင် ခုတ်မောင်းပုံ
ရန်ကုန် - မန္တလေး ၅၉၇ ဈေးသင်္ဘော
  1. ကုန်ပို့ဆောင်ရေးဌာနခွဲမှ တွန်းသင်္ဘော “ဆင်ဟိုင်း“ ရေယာဉ်
  2. မြစ်ဝကျွန်းပေါ်ဌာနခွဲမှ မြစ်ဖြတ်ကူးတို့ရေယာဉ်
  3. ကုန်ပို့ဆောင်ရေးဌာနခွဲမှ ခရီးသည်/ကုန်တင်“မြဒီပါ“ ရေယာဉ်
  4. ဧရာဝတီဌာနခွဲမှ ခရီးသည်/ကုန်တင် ရေယာဉ်

အကိုးအကား ပြင်ဆင်ရန်

  1. "​ဆက်သွယ်ရန်"၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး။ Archived from the original on 19 April 2019။ 
  2. ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂၉) ရက်ထုတ် အတွဲ (၇၆) ၊ အမှတ်(၃၉) ပြန်တမ်းစာစောင်ပါ ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးခန့်ထားခြင်းမြန်မာနိုင်ငံတော်ပြန်တမ်း (၃၀ ဩဂုတ် ၂၀၂၃)။ ၆ အောက်တိုဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. "ပြည်တွင်းရေကြောင်းပို့ဆောင်ရေး"၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန 
  4. Organization။ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး။ 15 October 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၀၁၄-၁၀-၂၃ တွင် ပြန်စစ်ပြီး။
  5. ၅.၀ ၅.၁ About IWT။ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာန။ 15 October 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၀၁၄-၁၀-၂၃ တွင် ပြန်စစ်ပြီး။
  6. မြစ်ဝကျွန်းပေါ်ဌာနခွဲ။ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး။ 5 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၀၁၄-၁၀-၂၃ တွင် ပြန်စစ်ပြီး။
  7. ဧရာဝတီဌာနခွဲ။ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး။ 5 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၀၁၄-၁၀-၂၃ တွင် ပြန်စစ်ပြီး။
  8. ချင်းတွင်းဌာနခွဲ။ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး။ 4 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၀၁၄-၁၀-၂၃ တွင် ပြန်စစ်ပြီး။
  9. သံလွင်ဌာနခွဲ။ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး။ 5 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၀၁၄-၁၀-၂၃ တွင် ပြန်စစ်ပြီး။
  10. ရခိုင်ဌာနခွဲ။ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး။ 14 November 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၀၁၄-၁၀-၂၃ တွင် ပြန်စစ်ပြီး။

ပြင်ပဆက်သွယ်ရေး ပြင်ဆင်ရန်