ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)
ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)သည် နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန လက်အောက်ရှိ တက္ကသိုလ် တစ်ခုဖြစ်သည်။ ၁၉၆၄ ခုနှစ်မှ ၂ဝ၁၂ ခုနှစ်အထိ မဟာဒဿန(ပညာရေး)ဘွဲ့ (၃၅)ဦး၊ မဟာပညာရေးဘွဲ့ (၉၃)ဦး၊ စုစုပေါင်း (၁၂၈)ဦး အပါအဝင် သင်တန်းသား/သူ (၁၂၄၉၃) ဦး သင်တန်းဆင်း ပြီးဖြစ်သည်။[၁]
ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း) | |
စည်းလုံးခြင်းသည်အင်အား | |
Unity is strength | |
| |
တည်ထောင်ခုနှစ် | ၁၉၆၄ |
တည်နေရာ | စစ်ကိုင်းမြို့ |
အကျယ်အဝန်း | ၃၈၁.၆ဧက |
ပိုင်ဆိုင်မှု | နယ်စပ်ရေးရာ ဝန်ကြီးဌာန |
သမိုင်းကြောင်း
ပြင်ဆင်ရန်ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း) ကို တိုင်းရင်းသားလူငယ်များအား တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်းလုံးညီညွှတ်မှု တိုးတက်ခိုင်မာရေးကို ကြိုးပမ်းကြမည့် အရည်အသွေးမြင့်မားသည့် ပညာရေး ဝန်ထမ်းကောင်းများ ဖြစ်ထွန်းလာအောင် လေ့ကျင့်ပျိုးထောင်ပေးရန် ရည်ရွယ်၍ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးသိပ္ပံ အဖြစ် ၂ဝ-၁ဝ-၁၉၆၄ ရက်နေ့ တွင် စစ်ကိုင်းမြို့၌ စတင် တည်ထောင်ခဲ့သည်။ ၁၉၉၁ ခုနှစ်၊ မေလ ၁၀ ရက်နေ့တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် (၉/၉၁)ဖြင့် တက္ကသိုလ်အဆင့်သို့ တိုးမြှင့်ပေးခဲ့သည်။ ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ပြည်ထောင်စု ရာထူးဝန်အဖွဲ့မှ နယ်စပ်ရေးရာ ဝန်ကြီးဌာန အောက်သို့ လွှဲပြောင်းခဲ့သည်။
တည်နေရာ
ပြင်ဆင်ရန်ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်သည် စစ်ကိုင်းမြို့မှ (၂၂) မိုင် ကွာဝေးသည့် မန္တလေး-စစ်ကိုင်း-မုံရွာကားလမ်းပေါ်ရှိ နတ်ခရိုင်ကျေးရွာ၏ တောင်ဘက် (၄) မိုင်ခန့် ကွာဝေးသော ရွာသစ်ကြီးတွင် တည်ရှိသည်။ အကျယ်အဝန်းမှာ ၁၅၄.၃ ဟက်တာ(သို့မဟုတ်) ၃၈၁.၆ဧက ရှိသည်။
ရည်ရွယ်ချက်
ပြင်ဆင်ရန်ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်၏ ရည်ရွယ်ချက်များ မှာ
- ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်တွင် ခင်မင် ရင်းနှီးစွာ နေထိုင်လျက် ပညာရှာမှီးကြရင်း ပြည်ထောင်စုစိတ်ဓာတ် ခိုင်မြဲမှုရှိစေရန်။
- ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံ ကောင်းများကို ထိန်းသိမ်းရန်နှင့် နားလည်သဘော ပေါက်စေရန်။
- ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ၏ စားဝတ်နေရေးအဆင့်အတန်း မြင့်မားစေရန် ဆောင်ရွက်လိုသည့် စိတ်ဓာတ်ထက်သန်စေရန်။
- ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးကို ဆောင်ရွက်ရာတွင်လိုအပ်သည့် ဦးဆောင်နိုင်မှု စွမ်းရည်မြှင့်တင်ရန်။
- ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်မှုကိုရှေးရှု၍ သုတေသနလုပ်ငန်းများ ဆောင်ရွက်လိုသည့် စိတ်ဓာတ်မွေးမြူပေးရန်။
- ပါတီနိုင်ငံရေးကင်းရှင်းပြီး စာရိတ္တနှင့် ကိုယ်ကျင့်တရား ကောင်းမွန်သော ပညာရေးဝန်ထမ်းကောင်းများ မွေးထုတ်ပေးရန်။
- ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွှတ်မှု မပြိုကွဲရေးနှင့် အချုပ်အချာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ထိန်းသိမ်းလိုသည့် စိတ်ဓာတ် ရှင်သန်ပွားများစေရန်။
သင်တန်းများ
ပြင်ဆင်ရန်မူလတန်းဆရာအတတ်သင်တန်း | (၃)နှစ် |
အထူးမူလတန်းဆရာအတတ်သင်တန်း | (၁)နှစ် |
အလယ်တန်းဆရာအတတ်သင်တန်း | (၁)နှစ် |
ဆရာအတတ်ပညာဒီပလိုမာသင်တန်း | (၁)နှစ် |
ပညာရေးဘွဲ့ပေါင်းကူးသင်တန်း | (၂)နှစ် |
ပညာရေးဘွဲ့သင်တန်း | (၅)နှစ် |
ဘွဲ့လွန်ပညာရေးဘွဲ့သင်တန်း | (၁)နှစ် |
မဟာပညာရေးဘွဲ့အရည်အချင်းစစ်သင်တန်း | (၁)နှစ် |
မဟာဒဿန(ပညာရေး)ဘွဲ့သင်တန်း | (၁)နှစ် |
မဟာပညာရေးဘွဲ့သင်တန်း | (၂)နှစ် |
ဘာသာရပ်ဌာနများ
ပြင်ဆင်ရန်- ပညာရေးသဘောတရားဌာန
- ပညာရေးစိတ်ပညာဌာန
- သင်ပြနည်းဌာန
- မြန်မာစာဌာန
- အင်္ဂလိပ်စာဌာန
- သင်္ချာဌာန
- သမိုင်းဌာန
- ပထဝီဝင်ဌာန
- စီးပွားရေးပညာဌာန
- ဓာတုဗေဒဌာန
- ရူပဗေဒဌာန
- ဇီဝဗေဒဌာန
- ကာယပညာဌာန
- ဂီတအနုပညာဌာန
- စက်မှုလက်မှုဌာန
- အိမ်တွင်းမှုသိပ္ပံဌာန
- စိုက်ပျိုးမွေးမြူရေးဌာန
- ပန်းချီအနုပညာဌာန
- စာရိတ္တပညာဌာန
- တိုင်းရင်းသားဘာသာ နှင့်ယဉ်ကျေးမှုဌာန
ပေးအပ်ချီးမြှင့်သည့် ဘွဲ့နှင့် အောင်လက်မှတ်များ
ပြင်ဆင်ရန်- မူလတန်းဆရာအောင်လက်မှတ်(ယခင်)
- အလယ်တန်းဆရာအောင်လက်မှတ်(ယခင်)
- အထူးမူလတန်းဆရာအောင်လက်မှတ်(ယခင်)
- ဆရာအတတ်ပညာဒီပလိုမာ(ယခင်)
- ပညာရေးဘွဲ့
- မဟာဒဿန(ပညာရေး)ဘွဲ့(ယခင်)
- မဟာပညာရေးဘွဲ့[၃]
ကိုးကားကျမ်း
ပြင်ဆင်ရန်- ↑ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်၊ စစ်ကိုင်း၏ ကျောင်းဆင်း ကျောင်းသား စာရင်း။[လင့်ခ်သေ]
- ↑ သင်ကြားပေးခဲ့သည့် သင်တန်းများ။ 14 October 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၈ ဒီဇင်ဘာ ၂၀၁၆ တွင် ပြန်စစ်ပြီး။
- ↑ ပေးအပ်ချီးမြှင့်သည့် ဘွဲ့နှင့် အောင်လက်မှတ်များ။ 25 November 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၈ ဒီဇင်ဘာ ၂၀၁၆ တွင် ပြန်စစ်ပြီး။
ပြင်ပလင့်ခ်
ပြင်ဆင်ရန်- နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဖွံ့ဖြိုးရေးတက္ကသိုလ် Archived 6 December 2016 at the Wayback Machine.