ပြည်သာယာ စစ်ဆင်ရေး

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် ပြုလုပ်ခဲ့သော စစ်ဆင်ရေး

ပြည်သာယာ စစ်ဆင်ရေး သည် တပ်မတော်က ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ၁၉၉၁ မှ ၁၉၉၂ အကြား လှုပ်ရှားခဲ့သော စစ်ဆင်ရေး ဖြစ်သည်။ [၁][၂][၃] နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့လက်ထက်တွင် ရိုဟင်ဂျာညီညွတ်ရေးအဖွဲ့ အားကောင်းလာသည့်အတွက် ဦးနှိမ်ရသော စစ်ဆင်ရေး ဖြစ်သည်။

၁၉၇၈ က နဂါးမင်း စစ်ဆင်ရေးကဲ့သို့ပင် စစ်ဆင်ရေး၏ ခေါင်းစဉ်မှာ ထိုဒေသမှ နိုင်ငံသားမဟုတ်သူများကို ဖယ်ရှားရန်ဟု အစိုးရက တရားဝင်ရှင်းချက်ထုတ်သည်။ ရိုဟင်ဂျာညီညွတ်ရေးအဖွဲ့မှ ထကြွသူတို့ကိုလည်း ဖမ်းမည် ဖြစ်သည်။ သို့သော်လည်း စစ်ဆင်ရေးကြောင့် အရပ်သား ၂၀၀၀၀၀ မှ ၂၅၀၀၀၀ ကြား အိမ်နီးချင်းနိုင်ငံ ဘင်္ဂလားဒေ့ရှ်သို့ ပြေးရသည်။ သို့သော်လည်း ထကြွသူတို့ကို အမြစ်မဖြတ်နိုင်သဖြင့် ၁၉၉၀ ဝန်းကျင်တွင် တကျော့ပြန် သေးသည်။ [၁] [၃]

၁၉၉၁ ဒီဇင်ဘာလတွင် တပ်မတော်မှ စစ်သားတို့ နယ်စပ်ကိုကျော်သည်ကို သတိမထားမိဘဲ ဘင်္ဂလားဒေ့ရ်ှ ကင်းစခန်းကို မှားပစ်သောကြောင့် ဘင်္ဂလားဒေ့ရှ် - မြန်မာဆက်ဆံရေး အဖုအထစ် ဖြစ်ရသည်။

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ "Bangladesh: The Plight of the Rohingya" (in en)၊ 18 September 2012။ 25 September 2017 တွင် ပြန်စစ်ပြီး 
  2. Understanding and responding to the Rohingya crisis (in English) (27 May 2015)။ 25 September 2017 တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ "Trapped inside Burma's refugee camps, the Rohingya people call for recognition"၊ 20 December 2012။ 25 September 2017 တွင် ပြန်စစ်ပြီး